backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Knee Swelling (ဒူးရောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Knee Swelling (ဒူးရောင်ခြင်း) ကဘာလဲ။

ဒူးနာခြင်းဆိုတာက ဒူးရဲ့အရှေ့ဘက် ဒူးခေါင်းအောက် သို့မဟုတ် ဒူးဆစ်အတွင်းထဲက နာတာကို ခေါ်ခြင်းဖြစ်တယ်။ ူးနာတာက ဒူး၊ ဒူးခေါင်း၊ ဒူးဆစ်၊ ဒူးရွတ် စတဲ့ ဒူးရဲ့ နေရာအစုံက ဘယ်အရိုးတွေက မဆိုဖြစ်နိင်ပါတယ်။

ဒူးနာတယ်ဆိုတာ မရေရာတဲ့ ရောဂါအဖြေတစ်ခုဖြစ်ပါတယ်။ တချို့တွေက သိပ်မဆိုးလှတဲ့ လက္ခဏာတွေ ပြတတ်သလို တချို့တွေမှာတော့ ဒူးနာတာ တော်တော် ဆိုးနိုင်ပါတယ်။ နာတဲ့ နေရာက ရောဂါရဲ့ ဖြစ်ပွားမှု အကြောင်းအရင်းဖြစ်နိုင်တာကြောင့် အရေးကြီးပါတယ်။

Knee Swelling (ဒူးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒူးနာတာက အလွန်အဖြစ်များပြီး ဒူးနာတာကို ဖြစ်စေတဲ့ အကြောင်းကို သိပြီး ဖယ်ထုတ်လိုက်နိုင်လျှင် သူ့ဖာသာ ပျောက်သွားနိုင်ပါတယ်။ ဒူးနာခြင်းက အသက်ကြီးသူတွေမှာ ပြိုဖစ်နိုင်သော်လည်း အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Knee Swelling (ဒူးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတဲ့ နေရာက ဖြစ်တဲ့နေရာကို ပြနိုင်တာ ကြောင့် အရေးကြီးပါတယ်။ ကိုက်ခဲခြင်း၊ ရောင်ခြင်း နှင့် တခါတရံ တစစ်စစ် ဖြစ်နေတဲ့ ခံစားချက်တွေကတော့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။ တခါတရံ ဒူးမြတ်သွားတတ်ပါတယ်။ အဲ့ဒါက အဆစ်ကြားထဲက အရွတ်လေးပြဲသွားပြီး ညပ်သွားတာကြောင့် ဒူးက မကွေးနိုင် မဆန့်နိုင်တော့ပဲ ရပ်သွားတာဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• သင့်ဖာသာ ကုနေပြီး ရောဂါလက္ခဏာတွေက မသက်သာလျှင်

• ကာယလေ့ကျင့်ခန်း သို့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ လုပ်နေပြီး ပိုဆိုးလာလျှင်

• ဆေးဝါးတွေရဲ့ ဘက်ထွက်ဆိုးကျိုးတွေ ခံစားရလျှင်

• သင့်ဒူးက ပုံပျက်လာလျှင်

• သင့်မှာ အဖျားတက်လာပြီး နီလာလျှင်၊ ဒူးတစ်ဝိုက်မှာ ပူလာပြီး ရောင်လာလျှင်

• ဖြစ်တဲ့ ဒူးရဲ့ တကောက်ကွေးမှာ နာကျင်ခြင်း၊ ရောင်ခြင်း၊ထုံခြင်း နှင့် တစစ်စစ်ဖြစ်နေလျှင်

• ဒူးမြတ်သွားလျှင် သို့ နာကျင်စွာ အသံမြည်နေလျှင် (မနာပဲ မြည်တာ ဘာမှ မဖြစ်ပါ။)

အကြောင်းရင်းများ

Knee Swelling (ဒူးရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်နိုင်တာတွေကတော့ ဒူးအရွတ်ပြဲခြင်း၊ လွဲခြင်း၊ အရိုးနုပြုတ်ထွက်ခြင်း၊ ဒူးခေါင်း သို့ ဒူးဆစ်တစ်ခုလုံး အဆစ်ရောင်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့

• လွဲခြင်း နှင့် ဆွဲခြင်း။

• ဒူးရှေ့ဘက်ခြမ်းနာခြင်း(ဒူးခေါင်းတစ်ဝိုက်နာခြင်း)

• Menisci သို့ အရိုးနု ထိခိုက်ခြင်း

• အရိုးအဆစ်ရောင်ရောဂါ

• အရွတ်ရောင်ရောဂါ

• ဒူးညိုမဲရောင်ရောဂါ (အိမ်အကူဒူးခေါင်းရောဂါ)

• အဆစ်အတွင်း သွေးထွက်ခြင်း

• Osgood-Schlatter’s Disease

• ဂေါက်ရောဂါ

• ပိုးဝင် အဆစ်ရောင်ရောဂါ(ဒူးဆစ်တွင်း ပိုးဝင်ခြင်း)

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက knee pain( ဒူးနာခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

knee pain( ဒူးနာခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• ကိုယ်အလေးချိန်များခြင်း

• ဇီဝယန္တရားပြသနာများ

• ကြွက်သားကျုံ့နိုင်ဆန့်နိင်စွမ်း မရှိခြင်း

• တချို့သော အားကစားနည်းများ

• ထိခိုက်မှု ရှိဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Knee Swelling (ဒူးရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ကျန်းမာရေးရာဇဝင်မေးခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး ရောဂါကို အဖြေရှာ အတည်ပြုနိုင်ပါတယ်။ ဒူးခေါင်းအား ဓါတ်မှန်ရိုက်ခြင်း နှင့် တခါတရံ သွေးစစ်ခြင်းတို့လဲ လုပ်နိုင်ပါတယ်။ ဒူးခေါင်းအတွင်း အရည်ရှိနေလျှင် ဆရာဝန်က ဒူးခေါင်းအား အပ်နဲ့ ဖောက်ပြီး အရည်ကို စုပ်ထုတ်ပါလိမ့်မယ်။ ပြီးနောက် ၎င်းအရည်ကို ဓါတ်ခွဲခန်းပို့ စစ်ဆေးပါတယ်။

Knee Swelling (ဒူးရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ပထမ အရေးကြီးဆုံးကတော့ ဖြစ်စေတဲ့ အရာကို တွေ့အောင်ရှာရပါမယ် အထူးသဖြင့် လှုပ်ရှားမှု တစ်ခုခု ဥပမာ လမ်းလျှောက်မြန်ခြင်း သို့ လက်တလော အနှေးလမ်းလျှောက်လေ့ကျင့်ခန်း စထားလျှင် စသဖြင့် သိအောင် အရင်လုပ်ရပါမယ်။ ဘေးတိုက်လှုပ်ရှားမှုတွေ ပါဝင်တဲ့ အားကစားနည်းကို ကစားတဲ့ လူတော်တော်များများမှာ ဒူးနဲ့ ပတ်သတ်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

၎င်းလှုပ်ရှားမှုတွေကို ရပ်ပြီး ၂ ပတ်မှ ၆ ပတ်အတွင်း လက္ခဏာတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ပါတယ်။ တရားဝင် ဝယ်လို့ရတဲ့ steroid မပါတဲ့ အရောင်ကျဆေးတွေ ဖြစ်တဲ့ ibuprofen သို့ naproxen တို့ကလည်း ရောင်ခြင်းနှင့် ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ ဒီဆေးတွေက အစာအိမ်ကို ဒုက္ခပေးနိုင်တာမို့ အစာနှင့် တွဲသောက်သင့်ပါတယ်။ အနာရှိသူတွေ သို့ သွေးထွက်နာရှိသူတွေကတော့ ဒီဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ ဦးဆုံးတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဒူးခေါင်းနာတာကတော့ ကာယပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်တွေနဲ့ quadriceps muscle ( ပေါင်ရှေ့ကြွက်သား) နှင့် ပေါင်နောက်ကြွက်သား နှင့် ခြေသလုံးကြွက်သား တို့ကို သန်မာစေပါတယ်။ အရွတ်လွဲခြင်းကတော့ အချိန်ယူပြီး အနားယူလိုက်လျှင် ပြန်ကောင်းနိုင်ပါတယ်။ ဒူးတစ်ဝိုက် အရွတ်စုတ်ပြဲခြင်းကတော့ တခါတရံ ဒူးခေါင်းကို အသေထားခြင်း သို့ ပြင်းထန်တဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒူးနာခြင်းက အချိန်ကြာလာပြီး သို့ ပိုဆိုးလာတယ်ဆိုလျှင် ခွဲစိပ်ဆရာဝန်က သင့်ကို ခွဲစိပ်ဖို့ (arthroscopy) လုပ်ဖို့ပြောပါလိမ့်မယ်။

ရောဂါလက္ခဏာတွေ သက်သာသွားပြီးနောက်မှာတော့ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း ပြန်စလာနိုင်ပါတယ် ဥပမာ လမ်းလျှောက်တာ သို့ စက်ဘီးနင်းတာတို့ လုပ်လို့ရပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက knee pain( ဒူးနာခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် knee pain( ဒူးနာခြင်း) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းဆေးသောက်ပါ။

• နာကျင်မှုကိုဖြစ်စေတဲ့ လှုပ်ရှားမှုတွေကို ရပ်ပါ။

• လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း ပြန်စပါ။ နာစေတဲ့ လှုပ်ရှားမှုကိုတော့ အလွန်ဂရုစိုက်ပြီးမှ ပြန်စပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement