backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ကဘာလဲ။

ANKYLOSING SPONDYLITIS သည် နာကျင်စေသောအရိုးအဆစ်ရောင်သောအခြေအနေတစ်ခု ဖြစ်ပါသည်။ ကျောဘက်အောက်နားရှိ အဆစ်များသည် ပေါင်းစပ်သွားပြီးကုန်းကွသောကိုယ်နေကိုယ်ထားကို ဖြစ်စေပါသည်။

မကြာခဏအထိခိုက်ဆုံးနေရာများမှာကျောပြင်အောက်နား၊ ရင်အုပ် နှင့် လည်ပင်းတို့ဖြစ်ပါ သည်။ အခြားထိခိုက်သောနေရာများမှာတင်ပါးဆုံ၊ ပခုံး၊ ဒူး နှင့် ခြေချင်းဝတ် တို့ဖြစ်ကြပါသည်။ မျက်လုံး၊ နှလုံး နှင့် အဆုတ်ကဲ့သို့သောအခြားကိုယ်အင်္ဂါအစိတ်အပိုင်းများလည်းထိခိုက်နိုင်ပါသည်။

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားများတွင် အမျိုးသမီးများထက် သုံးဆပို၍ ဖြစ်ပွားပါသည်။ ငါးရာခိုင်နှုန်းတွင်သာအသက်လေးဆယ့်ငါးနှစ် ကျော်မှ ရောဂါလက္ခဏာရတတ်ပါသည်။ ရောဂါသည် လူနာ၏ ကျန်ရှိသောဘဝတစ်လျှောက်ထိခိုက်စေပါသည်။

လက္ခဏာများ

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ANKYLOSING SPONDYLITIS၏အဖြစ်အများဆုံးရောဂါလက္ခဏာသည်တဖြည်းဖြည်းချင်းစတင်လာသောကျောနာခြင်း ဖြစ်ပါသည်။ မနက်စောစောတောင့်တင့်ခြင်း နှင့် နာကျင်ခြင်းများသည် လေ့ကျင့်ခန်းလုပ်သောနေ့များအတွင်းသက်သာသွားနိုင်ပါသည်။ အိပ်ပျော်နေချိန်တွင် နာကျင်မှုကြောင့် လန့်နိုးခြင်းများလည်း ဖြစ်တတ်ပါသည်။

အများအားဖြင့် နာကျင်ခြင်းသည် နောက်ကျောအောက်ဘက်မှ စတင်ပြီးကျောရိုးတစ်ခုလုံးသို့ ပျံ့နှံ့ သွားပါသည်။

နောက်ကျောအောက်ဖက်မှ နာကျင်ခြင်းနှင့် ကြွက်သားများအကြောဆွဲခြင်းသည် ခန္ဓါကိုယ် ကိုအရှေ့သို့ကုန်းခြင်းဖြင့်သက်သာအောင်ပြုလုပ်၍ရပါသည်။ ထို့ကြောင့် ကုန်းကွသောအခြေအနေကိုလုပ်ယူရင်းနောက်ပိုင်းတွင်ခါးကုန်းသောအခြေအနေသို့ရောက်ရှိသွားတတ်ပါသည်။ အချို့လူများတွင် ကျောရိုးသည် သိသာစွာဖြောင့်မတ်နေပြီးတောင့်တင်းနေတတ်ပါသည်။

ကျောရိုးသည် ကွေးဆန့်ခြင်း ပြုလုပ်ရခက်ခဲလာပြီးတောင့်တင်းကာနာကျင်လာပါသည်။ တင်ပါးဆုံ၊ ဒူး နှင့် ပုခုံးကဲ့သို့သောအရိုးအဆစ်ကြီးများကိုပါဆက်လက်ထိခိုက်စေပါသည်။

အစာစားချင်စိတ်လျော့နည်းခြင်း၊ အဖျားအနည်းတက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းနွမ်းနယ် ခြင်း၊ သွေးအားနည်းခြင်းတို့သည် နောက်ကျောနာခြင်းနှင့်တွဲဖက်၍ဖြစ်ပေါ်လာပါသည်။

ရောဂါသည်မျက်လုံး၊ နှလုံး နှင့် အဆုတ်ကဲ့သို့ ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်းထိခိုက် စေပါသည်။ ANKYLOSING SPONDYLITISရှိသောသူများတွင် မျက်လုံးတွင်ရောင်ရမ်းခြင်း၊ မျက်စိနာခြင်း၊ နီရဲခြင်း၊ အမြင်အာရုံနှင့်ပြတ်သားမှု ဆုံးရှုံးခြင်းတို့ပါ တွဲဖြစ်တတ်ပါသည်။

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေသောအကြောင်းရင်းကိုမသိရှိပါ။ ဖြစ်နိုင်တာကတော့ မျိုးရိုးဗီဇ (မိဘမှသားသမီးသို့ ဆင်းသက်လာသော) နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်ပါသည်။ ရောဂါဖြစ်စေနိုင်သောအဓိကဗီဇမျိုးစေ့သည် HLA-B27 ဖြစ်ပါသည်။

ဗီဇမျိုးစေ့ရှိခြင်းသည် သင့်အားANKYLOSING SPONDYLITISရောဂါကျိန်းသေရမည်ဟုမဆိုလိုပေ။ သိပ္ပံပညာရှင်များသည် မကြာသေးမီကပင် ရောဂါဖြစ်စေသော HLA-B27 နှင့်အတူ IL23R,ERAP1ဟူသောဗီဇမျိုးစေ့နှစ်ခုကိုထပ်မံရှာဖွေတွေ့ရှိခဲ့ကြသည်။

Risk factors

ငါ့ဆီမှာ Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကျောရိုးအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်

  • လိင် : အမျိုးသားများသည် အမျိုးသမီးများထက် ရောဂါပိုဖြစ်နိုင်ပါသည်။
  • အသက်အရွယ် : ရောဂါသည် အရွယ်ရောက်စအချိန် အစောပိုင်းတွင် အများအားဖြင့် စတင်တတ်ပါသည်။
  • မျိုးရိုးဆက်ခံခြင်း : HLA-B27,IL23R,ERAP1 ရှိသောသူများတွင် ပို၍ဖြစ်တတ် ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ANKYLOSING SPONDYLITISကိုဘယ်လိုရှာဖွေစစ်ဆေးမလဲ။

ဆရာဝန်သည် ဆေးပညာနှင့်ဆိုင်သော်မှတ်တမ်းယူခြင်း၊ ဆေးစစ်ဆေးမှုပြုလုပ်ခြင်း နှင့် အောက်ဘက် ခါးပိုင်းကျောရိုးကိုဓါတ်မှန်ရိုက်ခြင်းတို့ပြုလုပ်နိုင်ပါသည်။

ဓါတ်မှန်တွင် ခါးပိုင်းကျောရိုးနှင့် တင်ပါးဆုံကိုဆက်သွယ်ထားသောအရိုးအဆစ်၏ ရောင်ရမ်းခြင်းနှင့် ပူးကပ်ခြင်းတို့ကိုမြင်နိုင်ပါသည်။ ဆရာဝန်သည် MRI လုပ်ဆောင်ရန်လည်းညွှန်ကြားနိုင်ပါသည်။ ဆရာဝန်သည် အရိုးအဆစ်အထူးကုဆရာဝန်ကြီးများထံသို့ သွားရန် ညွှန်ကြားနိုင်ပါသည်။

ဆေးပညာနှင့်ဆိုင်သောမှတ်တမ်းယူခြင်း

ဆေးပညာနှင့်ဆိုင်သော်မှတ်တမ်းယူခြင်းတွင် အောက်ပါမေးခွန်းများပါဝင်ပါသည်။

  • နာကျင်နေတာဘယ်လောက်ကြာပြီလဲ
  • နာကျင်မှုသည် အတိအကျအားဖြင့် နောက်ကျောသို့မဟုတ် လည်ပင်းမည်သည့်နေရာမှ ဖြစ်သနည်း။ အခြားအဆစ်များရောနာကျင်ပါသလား။
  • နောက်ကျောနာခြင်းသည် လေ့ကျင့်ခန်းလုပ်သောအခါ သက်သာပါသလား။ နံနက် စောစောထခြင်းကဲ့သို့သောမလှုပ်မရှားနေချိန်များတွင် ပို၍ဆိုးပါသလား။
  • သင့်တွင်မျက်စိရောဂါ၊ မောပန်းနွမ်းနယ်ခြင်းကဲ့သို့သောအခြားရောဂါများရှိပါသလား။
  • မိသားစုဝင်များတွင် အရိုးအဆစ်ရောင်ရောဂါများရှိပါသလား။
  • မကြာသေးမီကအစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ ဖြစ်ခဲ့ဖူးပါသလား။
  • အရေပြားလေးဖက်နာကဲ့သို့ အရေပြားရောဂါများရှိပါသလား။

ကိုယ်ခန္ဓါစစ်ဆေးစမ်းသပ်မှုတွင် ဆရာဝန်သည် ရင်အုပ်၊ ခြေဖနောင့်၊ တင်ပါးဆုံ နှင့် ကျောရိုးတလျှောက် နာကျင်မှုများကဲ့သို့သောရောဂါလက္ခဏာများကိုရှာဖွေစစ်ဆေးနိုင်ပါသည်။ ဆရာဝန်သည် သင့်အားမတူညီသောဦးတည်ရာများသို့ ကွေးညွှတ်ခြင်းလှုပ်ရှားခြင်းများနှင့် အသက်ပြင်းပြင်းရှူခြင်းတို့ကို ပြုလုပ် ခိုင်းပြီးရောဂါများကိုစစ်ဆေးနိုင်ပါသည်။

ဓါတ်မှန်ရိုက်ခြင်းနှင့် MRI ရိုက်ခြင်းများကို ပြုလုပ်နိုင်ပါသည်။ သို့သော် ထိုအရာများသည် ကန့်သတ်ချက်များရှိပါသည်။ ဓါတ်မှန်ရိုက်ခြင်းသည် ကျောရိုးနှင့် အရိုးအဆစ်များ၏ ပြောင်းလဲမှုကိုတွေ့မြင်ရသော် လည်းဓါတ်မှန်တွင်မြင်ရသောရောင်ရမ်းမှုများ ဖြစ်ပေါ်ရန်မှာ နှစ်ပေါင်းများစွာ ကြာပါသည်။

MRI သည်စောသောရောဂါစစ်ဆေးမှုများအတွက် အသုံးပြုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် MRI သည် ဓါတ်မှန် တွင် မမြင်ရသေးခင် အရိုးနှင့် တစ်ရှူးပျော့များ၏ ထိခိုက်မှုများကို ပြသနိုင်သောကြောင့် ဖြစ်သည်။

အဓိကသွေးစစ်ဆေးမှုဖြင့် HLA-B27 မျိုးဗီဇကိုစစ်ဆေးနိုင်သည်။ သို့သော်လည်းဤစစ်ဆေးမှုသည် ကန့်သတ်ချက်ရှိပြန်သည်။ မျိုးဗီဇရှိနေခြင်းက ဖြစ်ပွားနိုင်ချေမြင့်မားနေမှုကို ပြသသော်လည်းကျိန်းသေရှိနေမည်ဟုမဆိုလိုနိုင်ပါ။ မျိုးဗီဇသည် ရောဂါမရှိသောရောဂါမဖြစ်ပွားနိုင်သောလူများတွင်လည်းတွေ့နိုင်ပါသည်။

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ANKYLOSING SPONDYLITISကိုလုံးဝပျောက်ကင်းအောင် ကုသမှု မရှိပါ။ ကုသမှုများသည် နာကျင်မှုနှင့် တောင့်တင်းမှု သက်သာစေရန် ပို၍ ဗဟိုပြုထားသည်။ အောက်ပါတို့ပါဝင်သည်။

Aspirin,Ibuprofen(Advil,Motrin),Naproxen(Aleve,Naprosyn)ကဲ့သို့သောအကိုက်အခဲပျောက်ဆေးများသည် အလွယ်တကူဝယ်၍ရရှိနိုင်ပြီးကိုက်ခဲမှုများနှင့် ရောင်ရမ်းမှုများကိုသက်သာစေပါသည်။

နာကျင်မှုနှင့် ရောင်ရမ်းမှုကို ထိန်းချုပ်ရန် Corticosteroid ကုထုံး (prednisone) ကဲ့သို့သောအားပြင်းသောဆေးများလည်းလိုအပ်နိုင်သည်။

  • Sulfasalazine;
  • Methotrexate
  • TNF-inhibitors (etanercept,adalimumab,infliximab,golimumab)

နာကျင်မှုနှင့် အဆစ်ထိခိုက်မှု ဆိုးရွှားလာပါကခွဲစိတ်ကုသမှု ခံယူနိုင်ပါသည်။

လေ့ကျင့်ခန်းများသည်လည်းကိုယ်နေကိုယ်ထားနှင့် အသက်ရှူမှုကိုတိုးတတ်စေပြီးအဆစ်ရောင်ခြင်းကိုလျော့ချပေးပါသည်၊ ညဖက်တွင် ပက်လက်လန်၍ အိပ်စက်ခြင်းသည်လည်းသင့်အားပုံမှန် ကိုယ်နေဟန်ထားရအောင် ကူညီပါလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကANKYLOSING SPONDYLITISကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်ANKYLOSING SPONDYLITISကိုကုသသောနေရာတွင်အကူအညီပေးနိုင်ပါသည်။

  • ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးသောက်ပါ။
  • သင်ချော်လဲ၍ လည်ပင်းသို့မဟုတ် ကျောပြင်တွင် ရုတ်တရက် ဖြောင့်တန်းမှု ပြောင်းလဲသွားသည်ကိုသတိပြုမိပါကဆရာဝန်အားခေါ်ပါ။
  • ဆေးများ၏ ဆိုးကျိုးများကိုခံစားနေရပါကဆရာဝန်အားခေါ်ပါ။
  • ဆရာဝန်ကရပ်ရန်ပြောထားပါကဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကိုရပ်ပါ။ ဆေးများသည် အရက်နှင့် ဓါတ်ပြုနိုင်သောကြောင့်ဖြစ်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement