အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဆစ်ရောင်ရောဂါများ

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အဆစ်ရောင်ရောဂါများ ကို ရှာဖွေမည်။

အဆစ်ရောင်ရောဂါများ

သွေးလေးဖက်နာရောဂါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

လေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲမှာ သွေးလေးဖက်နာရောဂါ ကတော့ အရိုးအဆစ်တွေ ပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခုပေါ့။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ ထိန်းထားရတဲ့ရောဂါပါ။ ဒီရောဂါကို ကုသတဲ့နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အတွက် သင်ကိုယ်တိုင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ သွေးလေးဖက်နာရောဂါ ဘယ်လိုစဖြစ်တာလဲ။ သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲမှာ ပါပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ အလွယ်ပြောရရင် တစ်ကိုယ်လုံးထိခိုက်တာပေါ့။ သိသာထင်ရှားတာကတော့ အရိုးအဆစ်တွေပါ။ သွေးလေးဖက်နာရောဂါ ရဲ့ အရိုးအဆစ်ထိခိုက်ပုံက ဘယ်လိုမျိုးလဲ။ အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာအမျိုးအစားတွေကလည်း […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

ယခုဖော်ပြမှာကတော့ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ  ဖြစ်ပါတယ်။ အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။ အဆစ်များဟာ ရောင်ရမ်းပြီး တောင့်တင်းနေတတ်ပါတယ်။ အဆစ်ရောင်ရောဂါ တမျိုးမျိုး ဖြစ်ပွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။ တဖက်မှာလည်း နေထိုင်စားသောက်ပုံများကို ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ဖို့ လိုပါတယ်။ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ ကတော့ အဆီကြွယ်ဝသောငါးများ ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာ Omega 3 ကြွယ်ဝပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်ရောင်သူတွေအတွက် သင့်တော်ပါတယ်။ သုတေသနတွေအရ Omega 3 သုံးစွဲတဲ့အခါ အဆစ်ရောင်သူတွေမှာ […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ

အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာ ဖော်ပြချက်အရ အမျိုးသားများရဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးများရဲ့ ၄၇ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ အဆစ်ရောင်ခြင်းဝေဒနာကို ခံစားရတယ်လို့ သိရပါတယ်။ သုတေသနတွေအရ အဆစ်ရောင်ခြင်းဟာ နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ အထူးသဖြင့် အစားအသောက်ကို သတိပြုစားသုံးရင် ဝေဒနာခံစားရခြင်းကနေ သက်သာစေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ သကြား ဒီနေရာမှာ ထပ်ပေါင်းသကြား (added sugar) ကို ဆိုလိုပါတယ်။ အစားအစာတချို့မှာ စားကောင်းအောင် ပုံမှန်ရှိသင့်တဲ့ပမာဏထက် ကျော်လွန်ပြီး အချိုကဲအောင် သကြားထပ်ဖြည့်ထားတတ်ကြပါတယ်။ ဆိုဒါ၊ ရေခဲမုန့်၊ သကြားလုံး စသဖြင့် သရေစာမျိုးစုံမှာ သကြားဓာတ်ကို ပိုမိုထည့်သွင်းထားကြပါတယ်။ သကြားဓာတ်ဟာ အရိုးအဆစ်ရောင်ခြင်းဝေဒနာကို ပိုဆိုးစေပါတယ်။ ဆိုဒါရည်လို […]


အဆစ်ရောင်ရောဂါများ

အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

အရိုးအဆစ်ရောင်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေအဆုံး တစ်ခုနဲ့တစ်ခု အဆစ်အနေနဲ့စုဆုံရာမှာရှိတဲ့ အရိုးနုတွေ ပျက်စီးလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဆစ်ရဲ့ အရိုးနုတွေပျက်စီးရာမှာ အာရုံကြောအဆုံးနေရာတွေပါ ပေါ်လာတာကြောင့် နာကျင်မှုကို ခံစားရပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ခန္ဓာကိုယ်အိုမင်းလာခြင်းကြောင့် ဖြစ်လာတတ်တဲ့ အခြေအနေဖြစ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းလက္ခဏာတွေပေါ်လာရင် ပေါ့ဆလို့မရပါဘူး။ မကုသဘဲ ထားလိုက်ရင် အခြေအနေပိုဆိုးပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့ - အဆစ်များ နာကျင်ကိုက်ခဲတောင့်တင်းခြင်း - ပျော့ပျောင်းမှုမရှိခြင်း - အရိုးအတက်ထွက်ခြင်း - အရိုးအချင်းချင်းပွတ်တိုက်မိသလို ခံစားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ အရိုးအဆစ်ရောင်ခြင်း အင်မတန်နာကျင်ကိုက်ခဲပြီး နေ့စဉ်ဘဝကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ အရိုးအဆစ်ရောင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေ ဘယ်လိုဖြစ်ပွားစေသလဲဆိုတာပါပဲ။ အိပ်ရေးပျက်ခြင်း အဆစ်တွေနာကျင်ကိုက်ခဲနေတာကြောင့် အိပ်ရေးမဝသလို ကောင်းစွာ အနားယူနိုင်ခြင်း မရှိပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့အပြင် […]


အဆစ်ရောင်ရောဂါများ

ASOတက်တိုင်း လေးဖက်နာ ဖြစ်ရောလား။

ဒါက ခဏခဏ ကြုံနေကျကိစ္စပါပဲ။ ခုလို မိုးရာသီဆိုပိုဆိုး။ ခြေဆစ် လက်ဆစ်လေးများ မကိုက်လိုက်နဲ့။ ကိုယ့်ကိုယ်ကို ASOသွားစစ်။ တက်တော့ ငါတော့ လေးဖက်နာ ဖြစ်နေပြီပြော။ ပြီးတော့ ပင်နီဆလင်တွေသောက်။ တကယ်တော့ ဒါဟာ သေချာ မသိတာက စတာပါပဲ။ သိလားဆိုတော့လည်း မသိဘူး။ မသိဘူးလားဆိုတော့လည်း ကြားဖူးသလိုလို။ ကိုယ့်ဆရာပြောစကားအရဆိုရင် နင်တို့က ဟိုသီချင်းထဲလို 'သိသလို မသိသလိုပါပဲ' တဲ့။ ဘာကြောင့် ASOစစ်ရတာလဲ။ လေးဖက်နာဆိုတာ ဘာလဲ သေချာ မသိတော့ ဒီလိုတွေ ဖြစ်ရတာပါ။ ဒါကြောင့် ဒါလေးကို နည်းနည်းလေး ရှင်းကြရအောင်။ လေးဖက်နာ ဆိုတာ ဘာလဲ။ ဒါကို အရင်စရှင်းရမှာပေါ့။ လေးဖက်နာဆိုတာ ဆေးပညာအရတော့ Rheumatic feverလို့ ခေါ်ပါတယ်။ Group A Srteptococcusလို့ ခေါ်တဲ့ […]


အဆစ်ရောင်ရောဂါများ

ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP) joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီး တဖြည်းဖြည်းနဲ့ ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာ ငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်ရောဂါ နဲ့ ဘာကွာလဲ ဆိုတော့ ဂေါက် ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံး ရောင်ရမ်း၊ နီရဲ၊ ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာ ကျတော့ ခြေမအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာ ကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ အများအားဖြင့် ဘူနီယွန် ရှိနေရင် - ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊ နီမြန်း၊ နာကျင်ရတယ် ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေ […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါ အဆစ်နာသမားတွေ ဘာရှောင်စားသင့်လဲ

ပုံမှန် အားဖြင့်တော့ ဂေါက်ရောဂါ ဟာ မျိုးရိုးရှိသူတွေ၊ အမျိုးသားတွေ နဲ့ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဂေါက်ရောဂါ အတွက် ဓာတ်စာက ကုသပျောက်ကင်းနိုင်တဲ့ ဆေးမဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေ ပြန်ပေါ်လာနိုင်တဲ့ အန္တရာယ် လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏ လျော့နည်းစေဖို့ ဆေးဝါးနဲ့ထိန်းဖို့ လိုအပ်ပါတယ်။ ဂေါက်ရောဂါ ရဲ့ လက္ခဏာ က ဒါတွေ သိသာပါတယ် ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု ဂေါက်ရောဂါက ခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေ မှာ လည်း ဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံး ဖြစ်လာနိုင် ပါတယ်။ သက်တမ်းကြာ ဝေဒနာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ […]


အဆစ်ရောင်ရောဂါများ

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း (septic arthritis) ဆိုတာ အရိုးအထူးကုဆရာဝန်တွေအတွက် အရေးပေါ် အခြေအနေပါ။ ချက်ချင်းကုသဖို့ သင့်တဲ့ ရောဂါပါ။ နောက်ကျသွားရင် ပိုးတွေ  ပြန့်သွားပြီး သွေးဆိပ်သင့်တာ၊ အဆစ်တွေ ပျက်စီးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စောစောသိပြီး စောစောကုနိုင်ဖို့ အရေးကြီးပါတယ်။ ပိုးဝင်တာက အဆစ်တစ်ဆစ်တည်း ဖြစ်တာများပါတယ်။ ရှားရှားပါးပါး အဆစ်တွေ အများကြီး ထိတာလဲ ရှိပါတယ်။ ဒီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။ ဘာကြောင့် ပိုးဝင်ရတာလဲ။ ပိုးဝင်ပြီး အဆစ်ရောင်ရမ်းတာက တခြားနေရာက ဘက်တီးရီးယားပိုးတစ်ခုခုက ရောဂါပိုးက သွေးထဲကနေတစ်ဆင့် အဆစ်ကို ပျံ့လာတာကြောင့်ပါ။ တစ်ခါတစ်လေ အဆစ်ကို ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ်၊ ခွဲစိတ်တာဖြစ်ဖြစ် (ဥပမာ ဒူးအစားထိုး ခွဲစိတ်တာ) ပိုးဝင်တာမျိုးလည်း ရှိတတ်ပါတယ်။ အတွေ့ရများတဲ့ […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ။

ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ။ ဂေါက်ရောဂါ ဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ တစ်ခုပါ။ ခြေမတွေ၊ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာကြောင့် မြင်ရတဲ့လူတောင် သက်သောင့်သက်သာ မရှိပါဘူး။ နောက်ပြီး ဂေါက်ရောဂါလို့ ပြောလိုက်ရင် လူနာက သူတော့ အစားအသောက်တွေ ရှောင်ရတော့မယ်ဆိုပြီး သိထားပါတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း သောက်ရပြီး လှုပ်ရှားတာတိုင်းနာတာကြောင့် ဂေါက်ဖြစ်မှာကို လူတိုင်းကြောက်ကြပါတယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ဂေါက်ရောဂါဆိုတာ အဆစ်တွေမှာ ယူရိတ်တွေ စုလာပြီး ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာတာပါ။ ယူရိတ်ဆိုတာ သွေးထဲမှာ ယူရစ်အက်စစ်တွေများလာလို့ ဖြစ်တာပါ။ ယူရစ်အက်စစ်ဆိုတာက "ပြူရင်း"ဓာတ်ကို ဖြိုခွဲရာက ရလာတာပါ။ ပြူရင်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းလဲ ရှိသလို အပြင်  အစားအစာတွေကလည်း […]


အဆစ်ရောင်ရောဂါများ

ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။

အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ဇက်ကြောတွေ တက်တာ၊ ခေါင်းကိုက်တာ၊ လက်ပြင်ကိုက်တာတွေ ဖြစ်လာလပါတယ်။ ဒါကို ကျီးပေါင်း တက်တယ်လို့ ခေါ်ပါတယ်။ အသက် "ကြီး" မှ ဖြစ်လို့ "ကျီး"ပေါင်းလို့ ခေါ်တာပေါ့။ အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များပြီး အသက်ကြီးလာလေလေ ပိုဆိုးလေပါ။ လေ့လာချက်တွေအရ အသက်၆၀ကျော်တွေရဲ့ ၈၅ရာခိုင်နှုန်းက ဇက်ကျီးပေါင်း ဖြစ်တတ်ပါတယ်။ ဒါဖြစ်လာရင် လူက နေလို့မကောင်းဘူး။ ခေါင်းကြီးလေးနေတဲ့အတွက် လေဖြတ်တော့မှာလား ဆိုပြီး စိုးရိမ်တတ်ပါတယ်။ ဒါကြောင့် ဇက်ကျီးပေါင်း ဆိုတာ စိုးရိမ်ရလား။ ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြမလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ဇက် ကျီးပေါင်း တက်ရတာလဲ။ အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သုံးလာခဲ့တဲ့ လည်ပင်းဆစ်မှာ ရှိတဲ့ အရိုးတွေ၊ အရိုးနုတွေက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်