ပုံမှန် အားဖြင့်တော့ ဂေါက်ရောဂါ ဟာ မျိုးရိုးရှိသူတွေ၊ အမျိုးသားတွေ နဲ့ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဂေါက်ရောဂါ အတွက် ဓာတ်စာက ကုသပျောက်ကင်းနိုင်တဲ့ ဆေးမဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေ ပြန်ပေါ်လာနိုင်တဲ့ အန္တရာယ် လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏ လျော့နည်းစေဖို့ ဆေးဝါးနဲ့ထိန်းဖို့ လိုအပ်ပါတယ်။
ဂေါက်ရောဂါ ရဲ့ လက္ခဏာ က ဒါတွေ သိသာပါတယ်
ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု
ဂေါက်ရောဂါက ခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေ မှာ လည်း ဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံး ဖြစ်လာနိုင် ပါတယ်။
သက်တမ်းကြာ ဝေဒနာ
ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ ရက်အနည်းငယ်ကနေ ရက်သီတင်းပတ်ချီတဲ့အထိ လက္ခဏာ တချို့က ကျန်ရစ်နေနိုင်ပါသေးတယ်။ ထပ်ဖြစ်လာတဲ့ ရုတ်တရက် ကိုက်ခဲမှုတွေ ဟာ ပိုကြာရှည်တတ်ပြီး နာကျင်ရတဲ့ အဆစ်တွေ တိုးလာစေနိုင်ပါတယ်။
နီရဲ ရောင်ရမ်းခြင်း
နာကျင် ကိုက်ခဲလာတဲ့ အဆစ်အမြစ် နေရာမှာ ရောင်ရမ်းလာ၊ အထိမခံနိုင် ဖြစ်လာပြီး ပူလောင် နီရဲလာပါတယ်။
လှုပ်ရှားလို့ သိပ်မကောင်းတော့ခြင်း
ဂေါက်ရောဂါ အခြေအနေ ပိုဆိုးလာတာ နဲ့အမျှ အဆစ်တွေ လှုပ်ရှားနိုင်စွမ်း ကျဆင်းလာနိုင်ပါတယ်။
ရှောင်ရမယ့် အစားအသောက်
ဂေါက်ရောဂါ ရှိသူတွေ ဝေဒနာသက်သာအောင် ယူရစ်အက်စစ် မများအောင် ထိန်းဖို့သင့်ပါတယ်။ ယူရစ်အက်စစ်နဲ့ ပတ်သက်ရင်တော့ ဒါတွေ ရှောင်ပါ –
အရောအနှော ကာဗိုဟိုက်ဒရိတ်
complex carbohydratesတွေ ပါတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ ပြောင်းနှံတွေ ပိုစားပေးပါ။ ပေါင်မုန့်အဖြူ၊ ကိတ်မုန့်၊ သကြားလုံး၊ အချိုရည်တွေလို အစားအသောက်တွေကို ရှောင်ပါ။
ရေ
ရေဓာတ် မချို့တဲ့ရအောင် နေပါ။ ရေ များများ သောက်ရင် ဂေါက်ရောဂါ ထလာနိုင်တဲ့ အန္တရာယ်ကို လျော့နည်းစေပါတယ်။
အဆီ
ပြည့်ဝအဆီတွေ မရရှိအောင်လို့ အနီရောင်ရှိတဲ့ အသားတွေ၊ အဆီများတဲ့ အသားတွေနဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့စားပါ။
ပရိုတင်း
အဆီမပါတဲ့ အသား တွေ၊ ငါးတွေ နဲ့ ကြက်ဘဲတွေဆီကနေ့စဉ် ပရိုတင်းစားသုံးမှုပမာဏကို ၄အောင်စ ကနေ ၆အောင်စအထိလျှော့ချပါ။ အဆီထုတ်ဒိန်ချဉ်/နွားနို့လို အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ်စားသောက်မှုပုံစံထဲ ပေါင်းထည့်ပြီး ယူရစ်အက်စစ်ကို လျှော့ချပါ။
အချိုရည်များ
ဆိုဒါ သို့မဟုတ် သစ်သီးအချိုရည်တွေ လို အချိုများတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဒါတွေကို ရှောင်တာက ဝိတ်ချဖို့ အတွက် တင် မဟုတ်ပါဘူး။ ဒီအချိုတွေက ခန္ဓာကိုယ်ကို ယူရစ်အက်စစ် ပိုထွက်ရှိအောင် နှိုးဆွကြမှာဖြစ်လို့ပါ။
အတွင်းကလီစာများ
Purine ပမာဏကို မြင့်တက်စေပြီး သွေးတွင်း ယူရစ်အက်စစ် ပမာဏ ကို တိုးစေနိုင်တာကြောင့် အသည်း၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်း ကလီစာများ စားသုံးခြင်းကိုရှောင်ပါ။
ပင်လယ်စာ
တခြား အစားအစာတွေ ထက် purine ဓာတ် ပိုများတဲ့ ငါးသလောက်၊ ငါးသေတ္တာငါး၊ ယောက်သွား၊ ခုံး၊ မက်ခရယ်ငါး၊ တူနာငါး တို့ လို ပင်လယ်စာ တချို့ ကို ရှောင်သင့်ပါတယ်။
အရက်၊ ဘီယာ
ခန္ဓာကိုယ် ထဲမှာ အယ်ကိုဟော ရဲ့ ဇီဝဖြစ်စဉ် က ယူရစ်အက်စစ်ထုတ်လုပ်မှု ကို တိုးမြင့်စေနိုင်ပြီး အရက်ကြောင့် ရေဓာတ် ဆုံးရှုံးရစေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။