backup og meta

(၁၇နှစ်အောက်ကလေးများတွင်အဖြစ်များသောအဆစ်ရောင်ခြင်းတစ်မျိုး)နဲ့ပတ်သက်ပြီးသိထားရမယ့်အချက်၂၀။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    (၁၇နှစ်အောက်ကလေးများတွင်အဖြစ်များသောအဆစ်ရောင်ခြင်းတစ်မျိုး)နဲ့ပတ်သက်ပြီးသိထားရမယ့်အချက်၂၀။

    ကလေးတစ်ယောက်က JRA ဖြစ်နေပြီဆိုရင် မိဘတစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ JRA နဲ့ပတ်သက်သမျှကို သိထားချင်ကြမှာ အမှန်ပါဘဲ။JRAနဲ့ပတ်သက်ပြီး လေ့လာမှုတွေ များစွာရှိပါတယ်။ သင့်အတွက် အထောက်အကူဖြစ်စေဖို့ JRA နဲ့ ပတ်သက်တဲ့အချက်၂၀ကို ပြောပြသွားမှာပါ။

    • Juvenile rheumatoid arthritis ကိုjuvenile arthritis လို့လည်းေ ခါ်ပါတယ်။ သူ့မှာ လက္ခဏာများစွာရှိပါတယ်။

    • JRA က ရောဂါမဟုတ်ပါဘူး။ ကလေးတွေမှာဖြစ်တဲ့အဆစ်ရောင်ခြင်းနဲ့autoimmune အခြေအနေတွေအတွက် ကိုယ်စားပြုတဲ့ အခေါ်အဝေါ်သာဖြစ်ပါတယ်။

    • JRA အမျိုးအစားတွေထဲမှာ Juvenile dermatomyositis (အရေပြားတွေအနီစက်ထပြီး ကြွက်သားရောင်ရမ်းခြင်းရောဂါတစ်မျိုး) Juvenile lupus (ကိုယ်ခံစနစ်က အလုပ်အလွန်အကျွံ လုပ်ပြီး ချို့ယွင်းခြင်းရောဂါတစ်မျိုး)Juvenile scleroderma (အရေပြားကြွက်သားအရိုးနဲ့တစ်ရှူးတွေကို ထိခိုက်စေခြင်းရောဂါတစ်မျိုး) Kawasaki ရောဂါ (နှလုံးသွေးကြောတွေကိုထိခိုက်စေသောရောဂါတစ်မျိုး) တွေပဲဖြစ်ပါတယ်။

    • JRA ကအသက်၁၇နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုဖြစ်ပါတယ်။

    • JRA ဘာကြောင့်ဖြစ်ရလဲဆိုတာ မသိပေမယ့်မျိုးရိုးလိုက်ခြင်းနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

    • အသက်၁၈နှစ်အောက် အမေရိကန်ကလေးငယ်၂၉၄၀၀၀ ဟာ JRA ကိုခံစားနေရပါတယ်။

    • JRA ကကုသလို့ရပါတယ်။ JRA ဖြစ်နေတဲ့ကလေးငယ်တွေအနေနဲ့ သာမန်ဘဝကိုပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။

    • JRA ရဲ့လက္ခဏာတွေကတော့ တောင့်တင်း၊ တုန်ရီ၊ ပျော့ခွေ၊ အဖျားတက်၊ အနီစက်ထွက်ခြင်းနဲ့ လည်ပင်း နဲ့တခြားကိုယ်ခန္ဓါ၌ရှိသော သွေးဖြူဥ အကျိတ် (Lymph Node) များ ရောင်ရမ်းခြင်းတို့ဖြစ်ပါတယ်။

    • JRA ဟာ အမြင်အာရုံနဲ့ပတ်သက်ပြီး မျက်စိကန်းတဲ့အထိ ချို့ယွင်းနိုင်တဲ့အပြင် ကလေးရဲ့ကြီးထွားနှုန်းကိုလည်း အဟန့်အတားဖြစ်စေပါတယ်။

    • JRA ရဲ့လကဏာတွေက ဆင့်ကဲပြောင်းလဲလာတတ်ပြီး လကဏာမပြတော့ခြင်း ဒါမှမဟုတ် ပိုဆိုးလာပြီး အလွန်အမင်းနာကျင်ခြင်းများဖြစ်နိုင်ပါတယ်။

    • JRA ဖြစ်နေတဲ့ ကလေးငယ်တွေဟာ သူ့တို့ရဲ့အခြေအနေကို မသိတဲ့ရွယ်တူတွေရဲ့အနိုင်ကျငြ့်ခင်းခံရကောင်းခံရနိုင်ပါတယ်။ သူတို့ကိုသာမန်ကလေးအတိုင်း ဆက်ဆံပေးဖို့က အရေးကြီးပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေကလည်း JRA အကြောင်း လေ့လာနိုင်သလောက် လေ့လာထားဖို့လည်း လိုပါတယ်။

    • JRA ရဲ့ဇစ်မြစ်ကို ရှာဖွေသတ်မှတ်ဖို့က ခက်ခဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဆစ်နာခြင်းက အခြေအနေတွေအများကြီးမှာ ဖြစ်နိုင်တာမို့လို့ပါ။ JRA ရဲ့ဇစ်မြစ်ကို အမြန်ဆုံးရှာဖွေပြီး အမြန်ဆုံးကုသမှုခံယူတာက ရလဒ်ကောင်းတွေကို ရစေပါတယ်။

    • JRA ဖြစ်ကြောင်း အတည်ပြုဖို့အတွက် ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကို ပြုလုပ်ပါလိမ့်မယ်။ သင့်ကလေးရဲ့ ရောဂါလက္ခဏာတွေနဲ့မိသားစုမျိုးရိုးကိုပါ စစ်ဆေးပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ခြင်းလိုမျိုး စစ်ဆေးချက်တွေကိုလည်း လုပ်ခိုင်းပါလိမ့်မယ်။

    • တကယ်လို့ သင့်ကလေးဟာ အဆစ်နာ၊ တောင့်တင်း၊ ရောင်ရမ်းခြင်းတွေကို တစ်ပတ်ကျော်တဲ့အထိဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပါ။

    • အရွယ်ရောက်ပြီး သူတွေမှာဖြစ်တဲ့ JRA လိုပဲ ကလေးငယ်တွေမှာလည်း အရိုးများတိုက်စားခံရခြင်း၊ ခြေလက်များပုံစံမမှန်ကြီးထွားခြင်းစတာတွေကို ဖြစ်စေပါတယ်။

    • တခါတစ်လေမှာ ရောဂါလက္ခဏာတွေက သက်သာလာပြီး ပျောက်ကင်းသွားတဲ့အထိ ရှိနိုင်ပေမယ့် တချို့အခြေအနေတွေမှာ ပိုဆိုးလာတတ်ပါတယ်။

    • မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲခြင်းကလည်း လူကိုရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေ ဝင်ရောက်လွယ်စေတယ်လို့ ယုံကြည်ကြပါတယ်။

    • ကံမကောင်းစွာနဲ့ပဲ JRA ကိုအမြစ်ပြတ်ကုသမယ့်ဆေးမရှိပါဘူး။ ဆေးသောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းတွေကတော့ ရောင်ရမ်းခြင်းနဲ့နာကျင်မှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

    • JRA ရှိတဲ့ကလေးငယ်တွေအတွက် သူတို့ရဲ့စိတ်အခြေအနေကို ထိန်းချုပ်တတ်ဖို့နဲ့ ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့လိုအပ်ပါတယ်။

    • JRA ရှိနေတဲ့ကလေးငယ်တွေ လှုပ်ရှားဖို့ခက်ခဲနေတဲ့အချိန်မှာ တက်တက်ကြွကြွဖြစ်ဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းတွေက ရောဂါလက္ခဏာတွေကို ထိန်းထားနိုင်ပြီး သူတို့ရဲ့အဆစ်တွေကို ပိုပြီးလှုပ်ရှားစေလာနိုင်ပါတယ်။ ရေကူးခြင်းလိုမျိုး လေ့ကျင့်ခန်းကလည်း သူတို့ရဲ့နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။

    အရေးအကြီးဆုံးက JRA ဖြစ်နေတဲ့ သင့်ကလေးငယ်ကို ချစ်ခင်ကြင်နာထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်။ သင့်ကလေးရဲ့စိတ်အခြေအနေကို ကောင်းမွန်စေဖို့အတွက် သူနဲ့သူဘယ်လိုခံစားနေရလဲဆိုတာ စကားပြောပေးပါ။ သူကျောင်းမှာ ဝန်မပိစေဖို့ကိုလည်း ဆရာမတွေနဲ့ ဆွေးနွေးထားပါ။ ပိုကြီးအရေးကြီးတာက သင့်ကလေးကို မချုပ်ချယ်ဘဲ အထောက်အပံ့ပေးဖို့ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement