backup og meta

အဆစ်အမြစ်ကိုက် ရောဂါ က ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်အမြစ်ကိုက် ရောဂါ က ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ

    Rheumatoid Arthritis (RA) ကို လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်တွေရဲ့ အဆစ်တွေ နာကျင်မှု ဖြစ်စေတဲ့ အကြောင်းတရားလို့ သိကြပါတယ်။ ဒါပေမယ့် သင့်လည်ပင်းလိုမျိုး ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေအပေါ်လည်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ တကယ်လို့ သင့်လည်ပင်းက တောင့်တင်းနေမယ်၊ ခေါင်းလှည့်တဲ့အခါ နာကျင်မှု ခံစားရမယ် ဆိုရင် Rheumatoid Arthritis (RA) ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

    အရေပြားအပေါ် သက်ရောက်မှု

    – Rheumatoid nodule လို့ခေါ်တဲ့ တစ်သျှူးအလုံးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အများအားဖြင့် သင့်အရေပြားပေါ်မှာ ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် တံတောင်၊ ခြေဖနောင့်၊ လက်ဖျံ သို့မဟုတ် လက်ချောင်းတွေမှာ ဖြစ်တတ်ပါတယ်။

    သူတို့ဟာ တဖြည်းဖြည်း ကြီးထွားလာတာ သို့မဟုတ် ရုတ်တရက်ပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အလုံးအခဲပေါ်လာပြီဆိုရင် သင့် rheumatoid arthritis က အခြေအနေ ဆိုးနေပြီလို့ သိနိုင်ပါတယ်။ အဆုတ်၊ နှလုံးလို တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။

    – Vasculitis ၊ သွေးကြောတွေပူလောင်မှုနဲ့ ဆက်စပ်တဲ့ rheumatoid arthritis က အရေပြားပေါ်မှာ ပြည်တင်နာနဲ့ တူတဲ့ အစက်အပြောက်လေးတွေလိုမျိုး ပေါ်လာတတ်ပါတယ်။

    – RA နဲ့ ဆက်စပ်တဲ့ တခြားအရေပြားပြဿနာတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် အသစ်တစ်ခု ပေါ်လာတာ သို့မဟုတ် ယိုယွင်းတာ ဖြစ်ရင် ဆရာဝန်ကို အမြဲ အသိပေးရပါမယ်။

    သွေးလှည့်ပတ်မှုစနစ်

    – RA ရှိတဲ့ လူတွေမှာ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေ များပါတယ်။ သွေးနီဥ ထုတ်လုပ်မှု လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ သွေးကြော ပိတ်ခြင်း သို့မဟုတ် မာခြင်း စတာတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။

    – အဖြစ်နည်းပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါကတော့ သွေးကြောတွေ ပူလောင်ခြင်း (rheumatoid vasculitis) ဖြစ်ပါတယ်။ ပူလောင်နေတဲ့ သွေးကြောတွေက အားနည်း၊ ပြန့်ကား သို့မဟုတ် ကျဉ်းမြောင်းနေပြီး သွေးစီးဆင်းမှုမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါက နောက်ဆက်တွဲဖြစ်တဲ့ အာရုံကြော၊ အရေပြား၊ နှလုံးနဲ့ ဦးနှောက် စတဲ့နေရာတွေမှာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    – ရှားပါးဖြစ်စဉ်တွေဖြစ်တဲ့ pericarditis သို့မဟုတ် သင့်နှလုံးပတ်လည်က အမြှေးပါးတွေ လောင်ကျွမ်းခြင်း စတာတွေက ပြန့်ကားစဉ် ဖြစ်လေ့ရှိပါတယ်။ သင့် RA ဆိုးလာရင် အဖြစ်များပါတယ်။

    အသက်ရှုစနစ်

    – RA က inflammation သို့မဟုတ် အဆုတ်နံရံတွေ ဒဏ်ရာရခြင်း (pleurisy) နဲ့ အဆုတ်တစ်သျှူးတွေ ထိခိုက်ခြင်း (rheumatoid lung) တို့ ဖြစ်နိုင်ချေတွေကို မြင့်တက်စေပါတယ်။ အသက်ရှုလမ်းကြောင်း ပိတ်ခြင်း (bronchiolitis obliterans) ၊ ရင်ခေါင်းထဲ အရည်ဝင်ခြင်း (pleural effusions) ၊ အဆုတ်အတွင်း သွေးဖိအားများခြင်း (pulmonary hypertension) ၊ အဆုတ်ဒဏ်ရာရခြင်း (pulmonary fibrosis) သို့မဟုတ် အဆုတ်မှာ အလုံးဖြစ်ပေါ်ခြင်း စတဲ့ တခြား ပြဿနာတွေ ရှိပါတယ်။

    – RA က အသက်ရှုစနစ်ကို ထိခိုက်စေနိုင်ပေမယ့် လူတိုင်းမှာ ရောဂါလက္ခဏာ မပြပါဘူး။ တချို့မှာ အသက်ရှုကျပ်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတို့ ခံစားရတတ်ပါတယ်။

    ရောဂါပိုးကူးစက်မှု

    တကယ်လို့ သင့်မှာ RA ရှိရင် ပိုပြီး ရောဂါပိုးကူးစက်ခံရတတ်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါက သူကိုယ်တိုင်ရဲ့ အခြေအနေကြောင့် ဖြစ်နိုင်သလို သူ့ကိုကုသတဲ့ ခုခံမှု ဖိနှိပ်တဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ကျန်းမာရေး ခြုံငုံသုံးသပ်မှု

    RA ကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေကြောင့် အိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။ RA ရှိတဲ့ လူအတော်များများက အလွန်အမင်း နွမ်းနယ်မှုကို ခံစားရပြီး အားအင်ကုန်ခင်းနေတတ်ကြပါတယ်။ တချို့ကိစ္စတွေမှာ RA flare-ups က ဖျားနာမှု ခဏဖြစ်စေပါတယ်၊ ဒါကနေ အစာစားချင်စိတ် ပျောက်မယ်၊ လှုပ်လှုပ်ရှားရှားနေချင်စိတ် မရှိဘူး၊ စတာကတဆင့် ကျန်းမာရေးကို ဆိုးရွားစေပါတယ်။

    လည်ပင်းနာကျင်ခြင်း

    Rheumatoid Arthritis (RA) ကို လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်တွေရဲ့ အဆစ်တွေ နာကျင်စေတယ်လို့ သိကြပါတယ်။ ဒါပေမယ့် သင့်လည်ပင်းလိုမျိုး ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေအပေါ်လည်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ တကယ်လို့ သင့်လည်ပင်းက တောင့်တင်းနေမယ်၊ ခေါင်းလှည့်တဲ့အခါ နာကျင်မှု ခံစားရမယ် ဆိုရင် Rheumatoid Arthritis (RA) ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

    စောစီးစွာ သိရှိပြီး ကုသတာက ရောဂါတိုးတက်မှုကို လျှော့ချပေးနိုင်ပါတယ်။ ရောဂါအတွက် အဆင့်မြင့်ဆေးဝါးတွေ၊ ရောဂါလက္ခဏာ လျော့ပါးစေသောအရာများ၊ လူနေမှုဘဝပြောင်းလဲမှုများ စတာတွေက RA ဖြစ်နေတဲ့ လူတွေရဲ့ ဘဝအရည်အသွေးကို အလွန့်အလွန် တိုးတက်စေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement