backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Toothache (သွားကိုက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Toothache (သွားကိုက်ခြင်း) ကဘာလဲ။

သွားကိုက်ခြင်း ဆိုသည်မှာ သွားနှင့် မေးရိုးများတွင် သွားပိုးစား၍ သော်လည်းကောင်း သွားများပျက်စီး၍သော်လည်းကောင်း နာကျင်ခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့သော နာကျင်မှုမှာ

အဆက်မပြတ် ထိုးကိုက်နေခြင်းမျိ ုးများဖြစ်နိုင်သလို အစားအစာများနှင့် သောက်သုံးသောအရာများကြောင့် အနာရှိန်အား မသိသာခြင်းများလည်းဖြစ်တတ်သည်။

Toothache (သွားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သွားကိုက်ခြင်းသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင်အဖြစ်များသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ သို့သော်ဖြစ်နိုင်ချေများသော အကြောင်းအရာများကို ရှောင်ကြည်ကာ ကြိုတင်ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်များနှင့် တိုင်ပင်ပါ။

လက္ခဏာများ

Toothache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာများမှာ

  • သွားထိုးကိုက်ခြင်း (တခါတရံ တွင် သွားအား ထိတွေ့မှသာ နာကျင်ခြင်းဖြစ်ပွားသည်လည်းရှိသည်)
  • သွားဖုံးယောင်ခြင်း
  • အဖျားတက်ခြင်း ခေါင်းကိုက်ခြင်း
  • အနံ့ဆိုးဆိုးအရည်များထွက်ခြင်း
  • ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အောက်ပါ အကြောင်းအရာများ ဖြစ်ပွားနေပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းသင့်ပါသည်

    • တစ်ရက် (သို့) နှစ်ရက် ထက် ကြာသော သွားကိုက်ခြင်း
    • ဆိုးဝါးပြင်းထန်သော သွားကိုက်ခြင်း
    • အဖျားတက်ခြင်း၊နားကိုက်ခြင်း၊(သို့) ပါးစပ်ဟပါက နာကျင်ခြင်း

    အခြားနေရာများ စသည်ဖြင့် မျက်နှာနှင့် ဦးခေါင်းအတွင်း (သို့) သွေးကြောအတွင်းသို့ပြန့်နှံ့ခြင်းများ မဖြစ်ရန် တိကျသေချာထိရောက်သောကုသမှုများ နှင့် စမ်းသပ်မှုများရှိရန် အလွန်အရေးကြီးသည်။

    အကြောင်းရင်းများ

    Toothache (သွားကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    သွားပိုးစားခြင်း၊ သွားများပျက်စီးခြင်း တို့သည် လူကြီးနှင့် ကလေးများတွင် အဓိက သွားကိုက်စေသော အကြောင်းအရင်းများဖြစ်သည်။ အာခံတွင်းရှိ ဘက်တီးရီးယားများသည်

    စားသုံးလိုက်သော အစားအစာများ၏ကစီဓါတ်များ၊သကြားဓါတ်များ ကို စားသုံး၍နေထိုင်ကြီးထွားလာကြသည်။ ထို့နောက်သွား၏နံရံတွင် ကပ်ကာ အစုအဝေးဖြစ်လာသည်။ ထိုဘက်တီးရီးယားများမှ ထုတ်လုပ်သော အက်စစ်များသည် သွား၏အပြင်ဘက်မာကျောသော သွားကြွေလွှာများကို ပျက်စီးစေပြီး သွားပိုးခေါင်းပေါက်များကိုဖြစ်စေသည်။ ပထမဦးဆုံး လက္ခဏာမှာ အချိုများနှင့် ပူသော အေးသော အစားအသောက်များကို စားသောအခါ သွားကိုက်ခြင်းဖြစ်သည်။ တခါတရံတွင်သွားပိုးစားသော နေရာများတွင် အဖြူရောင်(သို့)အညိုရောင်အကွက်များဖြစ်ပေါ်တတ်သည်။

    အခြားသော သွားပိုးစားစေသည့် အကြောင်းရာများမှာ

    • စားကြွင်းစားကျန်များသွားကြားတွင် ကျန်ရှိနေခြင်း (အထူးသဖြင့် သွားကျဲသောသူများတွင်ပိုဖြစ်နိုင်သည်။)
    • သွားအောက်ခြေ နှင့်သွားဖုံးတွင်ပိုးဝင်ခြင်း ယောင်ရမ်းခြင်း
    • သွားတွင်ထိခိုက်အနာတရ ဖြစ်ခြင်း
    • အခန့်မသင့် သွားကျိ ုးခြင်း
    • သွားကျဲလာခြင်း
    • အံသွားပေါက်ခြင်း
    • သွား၏ဂလိုင်ခေါင်းထဲသို့ပိုးဝင်ခြင်း တို့ဖြစ်သည်။

    သွားဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Toothache (သွားကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်များနှင့် တိုင်ပင်ပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Toothache (သွားကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သွားဆရာဝန်သည် ရောဂါရာဇဝင်အားမေးမြန်းပြီး စမ်းသပ်စစ်ဆေးလိမ့်မည်။

    မည်ကဲ့သို့စတင်၍သွားကိုက် လာခြင်း နှင့် ပြင်းထန်မှုအတိုင်းအဆ၊နာနေသည့်နေရာ၊ပိုဆိုးစေသောအကြောင်းအရာများ၊သက်သာစေသောအကြောင်းအရာများ ကို မေးမြန်းလိမ့်မည်။ ထို့နောက် သွားနှင့် အာခံတွင်း၊သွားဖုံး၊မေးရိုးများ၊လည်ချောင်းတို့ကိုလည်း စစ်ဆေးတတ်သည်။

    ဓါတ်မှန်နှင့်အခြားသော စစ်ဆေးမှုများကိုလည်း သွားဆရာဝန်၏ သံသယရှိမှုအပေါ်မူတည်ပြီးပြုလုပ်ရမည်။

    Toothache (သွားကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ကုသမှုမှာ ဖြစ်သောအကြောင်းအရင်းတို့အပေါ်မူတည်သည်။ အကယ်၍သွားပိုးပေါက်ရှိပါကသွားဆရာဝန်သည် ထိုသွားပိုးပေါက်အား ဖာထေးခြင်း (သို့)လိုအပ်ပါက သွားနှုတ်ခြင်းတို့ကို ပြုလုပ်တတ်သည်။ အကယ်၍သွားအားထောက်ပံ့သောအကြောအား ပိုးဝင်သွားပါက သွား၏အမြစ်ကိုလည်းဖယ်ထုတ်ပစ်ရတတ်သည်။

    သွားအတွင်းသို့ဝင်ရောက်နေသော ပိုးများအတွက် ပိုးသတ်ဆေးကိုလည်းအသုံးပြုရတတ်သည်။ လေဆာဖြင့်အပူပေးကုသခြင်းဖြင့်လည်း သွားကိုက်ခြင်းနှင့် သွားဖုံးများယောင်ရမ်းခြင်းကိုသက်သာစေနိုင်ပါသည်။

    မည်ကဲ့သို့သော အပြုအမူအနေအထိုင်ကောင်းများက သွားကိုက်ခြင်းအား ကုသရာတွင်အထောက်အကူဖြစ်သနည်း

    • ပါးစပ်ပေါက်နှင့် ခံတွင်းအား အသင့်အတင့်နွေးသော ရေဖြင့် မကြာခဏပလုတ်ကျင်းပါ
    • သင့်တင့်သော သွားကြားထိုးတံကို အသုံးပြု၍ သွားကြားရှိ အစာဟောင်းများကို ရှင်းလင်းပါ
    • အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများကိုလည်း အသုံးပြုနိုင်သည်။ သို့သော် အချို့သော ဆေးများ ဥပမာ အက်စ်ပရင်ကဲ့သို့သော ဆေးများသည် သွားဖုံးအား လောင်ကျွမ်းစေ၍ သွားဖုံးအား ဖိကပ်၍ ပေးခြင်းမှာ မသင့်တော်ပါ။
    • အလွယ်တကူဝယ်ယူရရှိနိုင်သော ဘန်ဇိုကိန်းပါဝင်သည့် ပိုးသတ်ဆေး များကို သွားနှင့် သွားဖုံးများအား အနာသက်သာစေရန် လိမ်းပေးနိုင်သည်။
    • အကယ်၍တစုံတခုကြောင့် သွားအားထိခိုက်အနာတရဖြစ်ပွားပါက သွားနှင့်ဆန့်ကျင်ဘက် အပြင်ဘက် ပါးပြင်မှရေခဲကပ်ပေးခြင်းဖြင့် အနာသက်သာအောင်ဆောင်ရွက်နိုင်သည်။

    ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement