backup og meta

ကလေးတွေမှာ ဖြစ်တဲ့ သွားဖုံးရောင်ခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ သွားဖုံးရောင်ခြင်း

    သွားဖုံးရောင်တယ်ဆိုတာ လူကြီးတွေမှာပဲဖြစ်တတ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း သွားဖုံးရောဂါခံစားရတတ်ပါတယ်။ သူတို့လေးတွေမှာဖြစ်လာတဲ့အခါ သွားဖုံးမှာနီမြန်းလာပြီး အထိမခံနိုင်၊ရောင်ရမ်းလာပါတယ်။ ကလေးမှာဝေဒနာခံစားရပြီဆို မိဘတွေအနေနဲ့လည်းဆေးခန်းပြ၊ဆေးတိုက်ပေမယ့် ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ ပူပန်စိတ်တွေများရပါတယ်။

    ဒီလိုအချိန်မှာဝေဒနာကိုသိတာနဲ့တတ်နိုင်သလောက်အမြန်ဆုံးကုသမှုခံယူတာကောင်းပါတယ်။ သွားဖုံးရောင်ရာကနေရောဂါပိုးဝင်တာတွေ ဆက်ဖြစ်နိုင်တာမို့စောစောကုသစောင့်ရှောက်မှုပေးဖို့အရေးကြီးပါတယ်။ သွားဖုံးရောင်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက ခံတွင်းမသန့်ရှင်းမှုကြောင့်ဖြစ်တာမို့ ကလေးတွေကို သွားမှန်မှန်တိုက်ပေးဖို့နဲ့ ခံတွင်းသန့်ရှင်းဖို့ ဂရုစိုက်ပေးသင့်ပါတယ်။ သွားဖုံးရောင်နေတဲ့ကလေးတွေမှာ သွားတိုက်ပုံမှန်ကန်ဖို့၊ ခပ်ကြမ်းကြမ်းမတိုက်ဖို့လည်းလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသဖို့ရော၊ ကြိုတင်ကာကွယ်ဖို့ရောကောင်းကောင်းလုပ်နိုင်ဖို့က သွားဖုံးရောင်စေတတ်တဲ့အကြောင်းရင်းတွေကို သိထားမှဖြစ်မှာပါ။

    ကလေးသွားဖုံးရောင်ေစတဲ့ အကြောင်းရင်းများ

    ခံတွင်းမသန့်ရှင်းခြင်းအပြင် သွားဖုံးရောဂါဖြစ်စေတဲ့တခြားအကြောင်းရင်းတွေက –

    ဗီတာမင် စီ ချို့တဲ့ခြင်း

    လူကြီးတွေအတွက် တစ်နေ့တာ ဗီတာမင်စီ ၉၀ မီလီဂရမ်လိုအပ်ပြီး ကလေးတွေအတွက်က ၇၀ မီလီဂရမ်လိုအပ်ပါတယ်။ ဒါပေမယ့် အချဉ်ကြိုက်တဲ့ကလေးနည်းတယ်၊ ဗီတာမင်စီများတဲ့အစားအစာတွေလည်း လုံလောက်အောင်စားမိဖို့မလွယ်ဘူး(မိဘကသေချာ မစီစဉ်ပေးနိုင်ရင်)၊ ကျန်းမာရေးနဲ့ညီတဲ့တခြားသရေစာတွေကို ပိုမက်တယ် စတာတွေကြောင့် တစ်နေ့တာလိုအပ်ချက်ကို မပြည့်နိုင်တာများပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင်ဖြစ်တဲ့scurvy ေရာဂါကို ကလေးတွေနဲ့သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။scurvy ြဖစ်နေတဲ့ကလေးတွေမှာ သွားဖုံးက အရမ်းကိုထိခိုက်လွယ်မယ်၊ဖောင်းနေမယ်၊ မကြာခဏသွေးထွက်တတ်တယ်။

    သွားဖုံးရောဂါ

    ကလေးတွေမှာgingivitis သွားဖုံးရောဂါကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် သွားဖုံးရောင်မယ်၊ ခံတွင်းနံမယ်၊ သွားဖုံးအရောင်ရင့်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။gingivitisဖြစ်ရတဲ့အကြောင်းရင်းကတော့ သွားချေးတွေကနေ ဘက်တီးရီးယားတွေများနေလို့ပဲဖြစ်ပါတယ်။

    ဒါကတော့ ပိုပြင်းထန်တဲ့ သွားဖုံးရောဂါဖြစ်ပြီး အဖြစ်လည်းများပါတယ်။ သွားဖုံးရဲ့တစ်ရှူးပျော့တွေကို ထိခိုက်စေတာမို့သွေးထွက်ခြင်း၊ရောင်ရမ်းခြင်းအပြင် သွားတွေနဲ့ပြီးကျွတ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။

    ထိခိုက်မှုတစ်ခုခု

    သွားဖုံးကို ပြင်ပထိခိုက်မှုတစ်ခုခု ဖြစ်ခဲ့ရင်လည်းရောင်ရမ်းစေနိုင်ပါတယ်။ ကလေးကဆော့ရင်း ပါးစပ် သို့မဟုတ် သွားကိုဆောင့်မိတာဆိုရင်လည်း ထိခိုက်လွယ်တဲ့သွားဖုံးတွေကရောင်ရမ်းလာတာပါ။ မာတဲ့အစားအစာတွေကို စားမိရင်း သွားဖုံးပွန်းပဲ့ထိခိုက်နိုင်တယ်။

    ဘယ်လိုကုမလဲ

    ဘယ်လိုကုသမလဲဆိုတာက ဘယ်အကြောင်းရင်းကြောင့်ဖြစ်တာလဲဆိုတာပေါ် မူတည်ပါတယ်။ ကလေးက သိတတ်တဲ့အရွယ်လည်းဖြစ်မယ်၊ ဆရာဝန်ပြရအောင်အောင်လည်း သိပ်မပြင်းထန်ဘူးဆိုရင် ဆားရည်နွေးနွေးလေးကို ငုံပြီး ပလုတ်ကျင်းခိုင်းလို့ရပါတယ်။ ဆားရည်က သွားနဲ့သွားဖုံးကို သန့်စင်ပေးနိုင်သလို ဘက်တီးရီးယားတွေကိုသေစေပါတယ်။ တစ်နေ့လေးကြိမ်လောက်လုပ်ပါ။

    အကောင်းဆုံးကတော့ ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ လိုအပ်တဲ့ပိုးသတ်ဆေးတွေ ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။ သွားနဲ့သွားဖုံးပြဿနာကင်းဝေးအောင် သွားမှန်မှန်တိုက်ဖို့၊ သွားပွတ်ကြိုးသုံးပေးဖို့၊ အစာအာဟာရပြည့်စုံအောင်ကျွေးဖို့ ဂရုစိုက်ပေးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement