backup og meta

ကလေးတစ်ဦးရဲ့ သွားဖွံ့ဖြိုးမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတစ်ဦးရဲ့ သွားဖွံ့ဖြိုးမှုများ

    ကလေးတွေအနေနဲ့ ဘယ်လိုသွားဖွံ့ဖြိုးမှု အခြေအနေကို ရင်ဆိုင်နေရပြီလဲ ?တကယ်တော့ ငယ်သွားတွေဟာ ဆယ်ကျော်သက်ရွယ်မတိုင်ခင်အထိ မပြတ်ဖွံ့ဖြိုးမှုရှိနေတဲ့ အရာဖြစ်ပါတယ်။ အောက်မှာ ဒီလိုဖွံ့ဖြိုးမှုနဲ့ ပတ်သက်တာတွေကို ရှင်းပြထားပါတယ်။

    သွားအမျိုးအစားများ

    သွားလေးမျိုး အဓိကရှိပါတယ်။ တစ်ခုချင်းစီက ထူးခြားပြီး ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။

    Incisors( ရှေ့သွား )

    Incisors( ရှေ့သွား )တွေဟာ ရှေ့ဘက်ကအထက်နဲ့အောက်သွားတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဟာအစားအစာကိုကိုက်စားတဲ့အခါ, incisors တွေဟာ အစားအစာကို ဖြတ်ဖို့ကတ်ကြေးလို ဆောင်ရွက်ပေးပါတယ်။

    Canines ( သွားစွယ်)

    ချွန်ထက်ပြီး သွေးစုပ်ဖုတ်ကောင်လိုလိုသွားများဖြစ်ပါတယ်။ ရှေ့သွားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာရှိပါတယ်။ အစားအစာကို ဆွဲဖြဲစုတ်ဖို့ တာဝန်ယူပါတယ်။

    Premolars ( ရှေ့အံသွား )

    မျက်နှာပြင်ပြားတဲ့ သွားတွေဖြစ်ပြီး သွားစွယ်တွေရဲ့ နောက်မှာရှိပါတယ်။ အစားအစာတွေ ကြိတ်ဖို့လုပ်ဆောင်ပါတယ်။

    Molars (အံသွား)

    premolarsနောက်မှာရှိပြီး premolars ထက်ပိုကြီးပါတယ်။ မျက်နှာပြင်ပြားပြီး အစားအစာတွေ ကြိတ်ဖို့လုပ်ဆောင်ပါတယ်။

    မမွေးခင်သွားများ

    ကိုယ်ဝန်အစောပိုင်းမှာတင် သန္ဓေသားဟာ သွားစတင် ဖွံ့ဖြိုးပါတယ်။ တကယ်တော့မိခင်ဝမ်းထဲမှာ ရက်သတ္တပတ်ခြောက်ပတ်ကစ တစ်လျှောက်လုံးကလေးငယ်ရဲ့ ပထမဦးဆုံးသွားတစ်ရှူးတွေဖွံ့ဖြိုးပါတယ်။ ကြွေလွှာတွေကတော့ ၃ ,၄ လအကြာမှု ဖွံ့ဖြိုးပြီး မွေးဖွားတဲ့အခါ သူတို့ကပုံမှန်အားဖြင့်သွားဖုံးအောက်မှာ သွားအချောင်း ၂၀ လောက် ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

    မွးဖွားပြီးနောက် သွားများ

    ကလေးများခြောက်လကစလို့ သွား စတင်ပေါက်ပါလိမ့်မည်။ ဒါဟာငယ်သွားများ သွားဖုံးမှတဆင့် ပေါကလာပြီး လုပ်ငန်းစလုပ်ကြတာမျြိးဖြစ်ပါတယ်။ ကလေးတွေကများသောအားဖြင့် 24 လမှာ သူတို့ရဲ့ငယ်သွား 20 လောက်ပေါ်လာပြီဖြစ်ပါတယ်။ သွားတွေက incisors, premolars, Canine နဲ့ molar စသလို တိကျတဲ့ အစီအစဉ်နဲ့ပေါက်ပါတယ်။

    ကြီးသွား တွေကအသက် ၅နှစ်အရွယ်မှာပေါက်ပါတယ်။ နောက်ဆုံး ငယ်သွားနောက်မှ ထွက်လာလေ့ရှိတဲ့အတွက် ငါ်သွားတွေ ဆုံးရှုံးမှုမဖြစ်ပါဘူး။ ထို့နောက် ရှေ့မေးရိုးအောက်က incisors တွေက ကြီးသွား incisors တွေနဲ့ အစားထိုးခံရဖို့ပါတယ်။ ဒါဟာ ပံမှန် ဖြစ်စဉ်ပေမယ့်လည်း ကလေး တစ်ဦးချင်းစီက ကွဲပြားခြားနားတဲ့အတွက် ကွဲပြားခြားနားသောအချိန်တွေမှာ သွာပေါက်လေ့ရှိပါတယ်။

    ငါးနှစ်အရွယ်ကနေ ၁၁ နှစ်ရောက်တဲ့အခါ ,သူတို့ရဲ့ ကျန်တဲ့ငယ်သွားတွေအားလုံးကုန်ပြီး ကြီးသွားနဲ့ အစားထိုးပြီး ဖြစ်ပါတယ်။

    ကလေးများသည်အသက် ၁၁ သို့မဟုတ် ၁၂ နှစ် မှာ သူတို့ရဲ့ဒုတိယအံသွား ပေါက်ပြီး ၁၇ မှ ၂၁ နှစ်အရွယ်မှာ အံဆုံးမပေါက်ခငိ ပေါက်တဲ့ နောက်ဘက်အကျဆုံးသွားတွေဖြစ်ပါတယ်။ ဒါပေမယ့်လူတိုင်း အံဆုံးမပေါက်ကြပါ။ ရံဖန်ရံခါ ဘာမှမပေါက်ပဲ တစ်ခါတစ်လေမှာပဲပေါက်ပါတယ်။ မည်သို့ပင်ဆိုစေ,ရှိသမျှသွားများ ပေါင်းရင် အရွယ်ရောက်ပြီးသူတစ်ဦးမှာ သွား ၃၂ ချောင်းရှိပါတယ်။

    သွားကျွတ်တာ သွားလဲတာကို ဘယ်လိုကိုင်တွယ်ရမလဲ

    သဘာဝဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ကလေးတွေမှာ နာကျင်မှုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ အထူးသဖြင့်ငယ်ရွယ်တဲ့ ကလေးတွေမှာ ဖြစ်ပါတယ်။ သို့သော်အချို့ကလေးများက နာကျင်မှုတစ်စုံးတစ်ရာမရှိပါဘူး။ မိဘတစ်ဦး အနေနဲ့ ကျွန်ုပ်တို့၏ကလေးတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာရော ကူညီဖို့ရန်လိုအပ်ပါလိမ့်မယ်။

    မိဘတွေအနေနဲ့ လူတိုင်းငယ်သွားလဲပြီး ကြီးသွားပေါက်ကြတဲ့အကြောင်း ရှင်းပြရင်းနဲ့ ကလေးတွေ ကိုသက်သာအောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ နာကျင်မှုများအတွက်, ရေခဲကပ်တာ သို့မဟုတ် အရောင်ကျဆေးပေးတာတွေ က သက်သာစေပါလိမ့်မယ်။ သွားဆရာဝန်သို့မဟုတ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်အတူဆွေးနွေးပြီး ကလေးနဲ့သင့်တော်ဆုံး အပျော့စား အကိုက်အခဲပျောက်ဆေးတွေ ညှိနှိုင်းနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement