backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ)


Dr. Ei Sandi Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ကဘာလဲ။

အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် တေ့ွရသော အဖြူဖတ်တွေဆိုတာ ဘာလဲ။

ပါးစပ်ထဲမှာတွေ့ရတဲ့ အဖြူဖတ်တွေက ပါးစပ်မှာဖြစ်တတ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါက ကူးစက်ရောဂါတစ်ခုမဟုတ်ဘဲ မှိုသတ်ဆေးသောက်ရုံနဲ့ ကုသလို့ ရနိုင်ပါတယ်။

ဒီရောဂါဟာ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်တဲ့အတွက် Oral Candidosis (ရောဂါဖြစ်စေသော မှိုကို အစွဲပြုပြီးခေါ်သောအမည်) လို့လည်း ခေါ်ကြပါတယ်။

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် မှိုကြောင့်ဖြစ်သောအဖြူဖတ်တွေက အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါးစပ်အတွင်းမှာ အဖြူဖတ်တွေ ဖြစ်နေတတ်ပြီး ထိုအဖတ်တွေကို ဖယ်လိုက်ရင် နီရဲနေတတ်ပြီး သွေးအနည်းငယ်လဲ ထွက်နိုင်ပါတယ်။

ပါးစပ်အတွင်းနဲ့ လည်ချောင်းထဲတွေမှာ နီရဲနေတတ်တယ်

နှုတ်ခမ်းထောင့်စွန်းတွေ ကွဲနေတတ်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

တချို့သော အခြေအနေတွေမှာ ပါးစပ်ထဲကအဖြူဖတ်တွေကြောင့် အစားအသောက်ပျက်တာတွေအထိ ဖြစ်နိုင်ပါတယ်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပါးစပ်ထဲမှာ အဖြူဖတ်တွေဖြစ်လာရင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။ တကယ်လို့ ကုသမှုမခံယူရင် သင့်ပါးစပ်အတွင်းမှာ မသက်မသာခံစားနေရတာတွေက ကြာရှည်နေတတ်ပါတယ်။

ပြင်းထန်တဲ့အခြေအနေတွေမှာ ကုသမှုမခံယူရင် ရောဂါပိုးတွေက ကိုယ်ခန္ဓါအထိ ပျံ့နှံ့ပြီး ပိုမိုဆိုးရွားနိုင်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ကိုဘာတွေကဖြစ်စေသလဲ

Candida လို့ခေါ်တဲ့မှို အနည်းငယ်က လူတော်တော်များများရဲ့ အစာခြေလမ်းကြောင်းနဲ့ ပါးစပ်အတွင်းမှာ သဘာဝအတိုင်းတွေ့နိုင်ပါတယ်။ ဒါက ပုံမှန်ဆို ပြဿနာတစ်ခုမဟုတ်ပေမယ့် မှိုပမာဏတွေများလာရင် ပါးစပ်ထဲမှာ အဖြူဖတ်တွေ ဖြစ်စေနိုင်ပါတယ်။

ဒီအခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဒါတွေကတော့-

ပိုးသတ်ဆေးတွေကို အချိန်အတော်ကြာစွဲသောက်ခြင်း (သို့မဟုတ်) ပမာဏအများအပြားသောက်ရခြင်း။

ရင်ကြပ်ရောဂါကြောင့် စတီးရွိုက်ဆေးတွေကို ရှူနေရခြင်း။

ပုံစံမကျသော သွားတုတွေကို တပ်ဆင်ခြင်း။

ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း။

ကျန်းမာရေးအခြေအနေကြောင့် သို့မဟုတ် သောက်နေသောဆေးတွေကြောင့် ပါးစပ်ခြောက်ခြင်း။

ဆေးလိပ်သောက်ခြင်း။

ကင်ဆာရောဂါကြောင့် ဆေးသွင်းကုသမှုခံယူနေရခြင်း၊ သို့မဟုတ် ဓါတ်ရောင်ခြည်ကုသမှုခံယူနေရခြင်း။

ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေက ပါးစပ်ထဲမှာ အဖြူဖတ်တွေ အဖြစ်များပါတယ်။ ဆီးချိုရောဂါရှိတဲ့လူတွေ၊ ဗီတာမင် ဘီ၁၂နှင့် သံဓါတ်ချို့တဲ့သူတွေ၊ လည်ပင်းကြီးရောဂါ(သိုင်းရွိုက်)ရှိတဲ့လူတွေ နဲ့ HIV ပိုးရှိတဲ့လူတွေမှာလည်း ပါးစပ်ထဲမှာ အဖြူဖတ်တွေ ဖြစ်တတ်ပါတယ်။

လူတော်တော်များများရဲ့ ခံတွင်းထဲမှာ Candida မှိုက ရှိနေတတ်တဲ့အတွက် ပါးစပ်ထဲက အဖြူဖတ်တွေက ကူးစက်စေတတ်တဲ့ရောဂါတစ်မျိုးမဟုတ်ပါဘူး။ ဒါက တခြားလူတွေကို မကူးစက်စေတတ်ပါဘူး။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်ပါးစပ်အတွင်းကို စမ်းသပ်စစ်ဆေးရုံဖြင့် မှိုပိုးကြောင့် ဖြစ်သော အဖြူဖတ်တွေဟုတ်မဟုတ်ကို အတည်ပြုနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ အဟာရချို့တဲ့မှုတွေအတွက် တချို့သောသွေးစစ်ဆေးမှုတွေ လုပ်လို့ရပါတယ်။

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ကို ဘယ်လိုကုသပါသလဲ

မှိုပိုးကြောင့်ဖြစ်တဲ့ ပါးစပ်ထဲကအဖြူဖတ်တွေကို မှိုသတ်ဆေးဖြင့် ကုသနိုင်ပါတယ်။ ဆေးတွေက ဂျယ်ပုံစံ၊ အရည်ပုံစံနဲ့လာပြီး ပါးစပ်ထဲကို ထည့်ပြီးလိမ်းလို့ရပါတယ်။ တခါတရံမှာ ဆေးလုံးပုံစံ၊ ဆေးတောင့်ပုံစံနဲ့လည်း ရနိုင်ပါတယ်။

လိမ်းဆေးကို ၇ရက်မှ ၁၄ရက်အထိ အကြိမ်ရေများများလိမ်းပေးဖို့ လိုပါတယ်။ ဆေးလုံးတွေ၊ ဆေးတောင့်တွေကိုတော့ တစ်နေ့တစ်လုံးသာသောက်ပေးဖို့ လိုပါတယ်။

ဒီဆေးတွေက များသောအားဖြင့် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ ပျို့အန်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းပျက်ခြင်းတွေ ခံစားရနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မှိုကြောင့်ဖြစ်တဲ့ ပါးစပ်ထဲကအဖြူဖတ်တွေကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မှိုကြောင့်ဖြစ်တဲ့ ပါးစပ်ထဲက အဖြူဖတ်တွေကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့၂ကြိမ် သွားတိုက်ပါ။ သွားပွတ်ကြိုးကို ပုံမှန်အသုံးပြုပါ။

သွားဆရာဝန်ထံ ပုံမှန်စစ်ဆေးမှုခံယူပါ။ သွားတုတွေ တပ်ဆင်ထားတယ်ဆိုရင် ညတိုင်းသွားတုတွေကို ဖြုတ်ပြီး သွားတုသန့်စင်စေတဲ့ ဆေးပြားနဲ့ ရေနဲ့ မစိမ်ခင် သွားတုကို သွားတိုက်ဆေးသို့မဟုတ် ဆပ်ပြာရည်နဲ့ ဆေးကြောပါ။ တကယ်လို့ သွားတုတွေ ၊ ပုံမှန်မဟုတ်တဲ့ သွားတွေရှိရင် သွားဖုံး၊ လျှာနဲ့ ပါးစောင်တွေကို ဘရက်ရှ်အနုလေးနဲ့ တစ်နေ့၂ကြိမ် ဆေးကြောပါ။

သွားတုက အံဝင်ခွင်ကျ မရှိတော့ရင် သွားဆရာဝန်နှင့် ပြသပါ။

ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။

စတီးရွိုက်ရှူဆေးတွေရှူနေပြီးတိုင်း ပလုတ်ကျင်းပြီး ထွေးထုတ်ပါ။ ရှူဆေးကို အလယ်က ပလတ်စတစ်ကြားခံပစ္စည်းအသုံးပြုပြီး ရှူပါ။

သင့်မှာဆီးချိုရှိရင် ဆီးချိုထိန်းနိုင်အောင်လုပ်ပါ။

တကယ်လို့သင်က မှိုကြောင့်ဖြစ်တဲ့ ပါးစပ်ထဲက အဖြူဖတ်တွေဖြစ်စေနိုင်တဲ့ ဆေးကုသမှုတွေ ခံယူနေရရင် ဆရာဝန်က ဒီအဖြူဖတ်တွေ မဖြစ်အောင် မှိုသတ်ဆေးတွေကို ကြိုတင်ပြီး တိုက်ပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ei Sandi Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement