backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

angular cheilitis (ကျီးကန်းပါးစပ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

angular cheilitis (ကျီးကန်းပါးစပ်) ကဘာလဲ။

နှုတ်ခမ်းနှစ်ခုဆုံတဲ့ထောင့်ချိုးတဲ့နေရာ နှုတ်ခမ်းထောင့်မှာ နီမြန်းရောင်ရမ်းနေတဲ့အကွက်များဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။

ပါးစပ်တစ်ဘက်သို့ နှစ်ဘက်လုံးမှာဖြစ်နိုင်ပါတယ်။ ရောင်ရမ်းခြင်းဖြစ်ပြီး ရက်အနည်းငယ်သာကြာနိုင်သလို နာတာရှည်ပြဿနာလည်းဖြစ်သွားနိုင်ပါတယ်။

angular cheilitis (ကျီးကန်းပါးစပ်) က ဘယ်လောက်အဖြစ်များသလဲ

မွေးစကလေးငယ်များအပါအဝင် အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

angular cheilitis (ကျီးကန်းပါးစပ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင်အဓိကသတိထားမိမှာကတော့ သင့်နှုတ်ခမ်းပါးစပ်ထောင့်မှာ အထိမခံနိုင်ခြင်းနဲ့ အနာတွေဖြစ်ပါတယ်။ နှုတ်ခမ်းထောင့်တစိခု သို့မဟုတ် နှစ်ဖက်လုံးမှာ

သွေးယိုခြင်း

ပေါက်ပြဲခြင်း

ကွဲခြင်း

မာခြင်း

ယားခြင်း

နာခြင်း

နီခြင်း

အဖတ်များထခြင်း

ရောင်ရမ်းခြင်း

နှုတ်ခမ်းတွေက ခြောက်သွေ့ပြီးမသက်မသာခံစားရနိင်ပါတယ်။

တခါတလေမှာ သင့်နှုတ်ခမ်းနဲ့ပါးစပ်မှာ ပူလောင်နေသလိုခံစားရနိုင်ပါတယ်။ ခံတွင်းပျက်ခြင်းလည်းဖြစ်နိုင်ပါတယ်။

အထိမခံနိုင်ခြင်းက ပြင်းထန်တဲံအခါမှာ အစားစားဖို့ခက်နိုင်ပါတယ်။ အာဟာရလုံလုံလောက်လောက်မရခြင်းသို့ ကိုယ်အလေးချိန်ကျခြင်းတွေါဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

angular cheilitis (ကျီးကန်းပါးစပ်) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးမျိုးသောအကြောင်းတွေရှိပါတယ်။ တံတွေးကနေတစ်ဆင့် မှိုပိုးဝင်ခြင်းက အဖြစ်အများဆုံးဖြစ်ပါတယ်။

တံတွေးက ပါးစပ်ထောင့်တွေမှာ သွားပုံနေပါတယ်။ ခြောက်သွားတဲ့အခါမှာ အရေပြားမှာအက်ကြောင်းဖြစ်နိုင်ပါတယ်။ မာပြီးအက်နေတဲ့အရေပြားကို စိုစွတ်ဖို့လျှာနဲ့ မကြာခဏသပ်နေနိုင်ပါတယ်။ နှုတ်ခမ်းထောင့်နွေးထွေးမှုနဲ့ စိုစွတ်မှုက မှိုပိုးပေါက်ဖို့ပွားဖို့နဲ့ကူးစက်ဝင်ရောက်ဖို့ အကောင်းဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။

မှိုပိုးဝင်ခြင်းက အဖြစ်ျားဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကလေးများဒိုင်ပါလောင်ခြင်းကိုဖြစ်စေတဲ့ ကန်ဒီဒါလို့ခေါ်တဲ့မှိုပိုးအမျိုးအစားကြောင့် ဖြစ်ပါတယ်။ ဘတ်တီးရီးယားအသွင်ကွဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆရာဝန်က အကြောင်းရင်းကိုမရှာနိုင်တဲ့အခါ အကြောင်းရင်းမသိတေဲ့ ကျီးကန်းပါးစပ်လို့ခေါ်ပါတယ်။

ဖြစ်နိုင်ခြေများ

angular cheilitis (ကျီးကန်းပါးစပ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင့်နှုတ်ခမ်းထောင့်တွေက အချိန်တော်တော်များများစိုစွတ်နေမယ်ဆိုရင် ပိုပြီးဖြစိုင်ချေများပါတယ။ ကျီးကန်းပါးစပ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

သွားထိန်းကြိုးတပ်ထားခြင်း

ကောင်းကောင်းမတော်တဲ့သွားတုများတပ်ခြင်း

နှုတ်ခမ်းကိုလျှာနဲ့မကြာခဏသပ်ခြင်း

တံတွေးများများထွက်ခြင်း

သင့်သွားတွေမညီခြင်း

ကိုယ်အလေးချိန်ကျခြင်း သို့ အသက်ရလာခြင်းကြောင့် သင့်နှုတ်ခမ်းတစ်ဝိုက်အရေပြာမးားလျော့ရဲနေခြင်း

လက်မစုပ်ခြင်း

ဆေးလိပ်သောက်ခြင်း

ဗီတာမင်ဘီ သံဓါတ်ကဲ့သို့သော အာဟာရလုံလုံလောက်လောက်မရခြင်း

အချိုပသောကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ချေများနိုင်ပါတယ်။

သွေးအားနည်းရောဂါ

သွေးကင်ဆာ

ဆီးချို

ဒေါင်းရောဂါ

အိတ်ခ်ျအိုင်ဗီကဲ့သို့ ခုခံအားပြဿနာများ

ကျောက်ကပ်၊ အသည်း၊ အဆုတ် ၊ သရက်ရွက်ကင်ဆာ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

angular cheilitis (ကျီးကန်းပါးစပ်) ကို ဘယ်လိုအတည်ပြုပါသလဲ

အတည်ပြုဖို့အတွက် ဆရာဝန်က သင့်နှုတ်ခမ်းမှာ အက်ရာ၊ နီမြန်းခြင်း။ ရောင်ရမ်းခြင်း၊ ပေါက်ပြဲခြင်းရှီမရှိ နီးနီးကပ်ကပ်ကြည့်ပါလိမ့်မယ်။

ရေယုန်အရေပြားယားယံခြင်းကဲ့သို့သော အခြားအခြေအနေတွေကြောင့်လည်း ကျီးကန်းပါးစပ်နဲ့အလားတူတဲ့လက္ခဏာတွေ ပြနိုင်ပါတယ်။ အကြောင်းရင်းကိုသေချာဖို့ဆိုရင် ဆရာဝန်က နှုတ်ခမ်းထောင်ံနဲ့နှာခေါင်းကို ဂွမ်းစနဲ့တို့ယုူပြီး ဘတ်တီးရီးယားမှိုအမျိုးအစားကို သိဖို့ဓါတ်ခွဲခန်းပို့ပါလိမ့်မယ်။

angular cheilitis (ကျီးကန်းပါးစပ်) ကို ဘယ်လိုကုသပါသလဲ

ကူးစက်ပိုးကိုဖယ်ရှားဖို့နဲ့ နောက်တစ်ကြိမ်ထပ်မကူးအောအင် အရေပြားကိုခြောက်သွေ့အောင်ထားဖးု့ဖြစ်ပါတယ်။ ဆရာဝန်က မှိုပိုးကူးစက်ပိုးများအတွက် မှိုပိုးကိုတိုက်ထုတ်ပေးတဲ့လိမ်းဆေးတွေပေးပါလိမ့်မယ်။

  • မိုင်ကိုစတာတင်
  • အိက်စ်တီနာ
  • လိုထရီမင်
  • လိုထရီမင် အက်ဖ်၊ မီကာတင်၊ မိုနီစတတ် ဒမ်း

ဘတ်တီးရီးယာေးကြာင့်ဆိုရင် ဆရာဝန်က ဘတ်တီးရီးယားကိုတိုက်ထုတ်ပေးတဲ့ဆေးတွေပေးပါလိမ့်မယ်။

  • ဘတ်ထရိုဘန်
  • ဖျူဆီဒင်၊ ဖျူဆီသယ်လ်မစ်က်

မှိုပိုးဘတ်တီးရီးယားနှစ်ခုလုံးကြောင့် မဟုတ်ဘူးဆိုရင် ဆရာဝန်က ရောင်ရမ်းနေတဲ့နေရာတွေကိုလိမ်းဖို့ ပတ်ထရိုလီယမ်ဂျယ်လီကိုညွှန်းပါလိမ့်မယ။်ဒါက သင့်အနာတွေါကိုကျက်အောင် နှုတ်ခမ်းကိုစိုစွတ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။

အခြားကုသမှုတွေကတော့-

ပြဲနေတဲ့အနာတွေကို သန့်ရှင်းမှုရှိအောင် ပိုးမဝင်ောအင်တိုက်ထုတ်ပေးတဲ့လိမ်းဆေးများ

စတီးရွိုက်လိမ်ေးဆးများ

ပါးစပ်ထောင့်မှအတွန့်များကို သက်သာစေရန် ဖြည့်စာထိုးပေးခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျီးကန်းပါးစပ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကျီးကန်းပါးစပ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

နှုတ်ခမ်းကွဲခြင်းကိုကာကွယ်ဖို့ ပုံမှန်နှုတ်ခမ်းအဆီဆိုးခြင်း

နှုတ်ခမ်းထောင့်များကို ပတ်ထရိုလီယမ်ဂျယ်လိများ လိမ်းပေးခြင်း

နှုတ်ခမ်းထောင့်ကို ခြောက်သွေ့အေင် အုန်းဆီလိမ်းပေးခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement