တကယ်လို့ သင်က ခံတွင်းခြောက်နေတယ်ဆိုရင် တံတွေးကို လုံလောက်စွာ မထုတ်ပေးနိုင်တာ သို့မဟုတ် သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတာလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ ခံတွင်းပိုးဝင်နိုင်ခြင်း၊ သွားဖုံးရောဂါ သို့မဟုတ် သွားအခေါင်းပေါက်ဖြစ်ခြင်း စတာတွေဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။
ရေဓာတ်ခမ်းခြောက်နေတာကြောင့်ဆိုရင် ရေသောက်ခြင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ပီကေဝါးတာကလည်း တံတွေးကို ပိုထွက်စေနိုင်တာကြောင့် ခံတွင်းကို စိုစွတ်နေစေမှာပါ။ ကဖိန်းပါဝင်တဲ့ သောက်စရာတွေနဲ့ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဒါတွေက ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။
- နှုတ်ခမ်းခြောက်သွေ့ပြီး ကွဲခြင်း
အေးမြတဲ့ရာသီနဲ့ လေတိုက်တဲ့ ရာသီတွေမှာ နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်းတွေ ဖြစ်တတ်ပါတယ်။ သင့်နှုတ်ခမ်းတွေဟာ ခြောက်သွေ့ရုံသာမက နာကျင်လာပါလိမ့်မယ်။ တစ်ခါတလေမှာ အက်ကွဲပြီး သွေးထွက်လာတာတွေတောင် ဖြစ်နိုင်ပါသေးတယ်။
နှုတ်ခမ်းလိမ်းဆေးအဆီတွေနဲ့ ရေများများသောက်ခြင်းက နှုတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲနဲ့ လေအရမ်းတိုက်တဲ့နေရာတွေမှာ ကြာကြာမနေပါနဲ့။ နေဒဏ်၊လေဒဏ်တွေကို ကာကွယ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။