backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မေးရိုးနာကျင်ခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မေးရိုးနာကျင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Jaw Pain (မေးရိုးနာကျင်ခြင်း) ဆိုတာဘာလဲ။

အရွယ်ရောက်ပြီးသားလူအတော်များများဟာ မျက်နှာနဲ့ မေးရိုးတွေ ကာလရှည်ကြာနာကျင်မှုကိုရင်ဆိုင်နေရပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာအချို့မှာတော့ နားတစ်ဝိုက်သို့မဟုတ် နားတွင်းနာကျင်ခြင်း၊ မေးရိုးတင်းနေခြင်း၊ အစာကိုက်စားတဲ့အခါ နာကျင်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း စတာတွေပါဝင်ပါတယ်။ မျက်နှာပိုင်းဆိုင်ရာနာကျင်မှုတွေဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိတာကြောင့် ရောဂါအမည်တပ်ဖို့နဲ့ ကုသဖို့ ခက်ခဲတတ်ပါတယ်။ သွားဆရာဝန်ကတော့ ဓါတ်မှန်ရိုက်ခြင်းအပါအဝင် အခြားသောစမ်းသပ်ချက်တွေသုံးပြီး ဘာကနာကျင်မှုကိုဖြစ်စေတာလဲဆိုတဲ့ အကြောင်းရင်းကိုရှာဖွေပါလိမ့်မယ်။

လက္ခဏာများ

မေးရိုးနာကျင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

မေးရိုးနာကျင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့

• မေးရိုးနာကျင်ခြင်းသို့မဟုတ် တင်းကြပ်နေခြင်း

• နားတွင်းနဲ့ နားတစ်ဝိုက်မှာ နာကျင်ကိုက်ခဲခြင်း

• ဝါးရခက်ခဲခြင်း သို့မဟုတ် ဝါးနေစဉ် သက်တောင့်သက်သာမရှိခြင်း

• မျက်နှာပိုင်းဆိုင်ရာ နာကျင်ခြင်း

• မေးရိုးဆစ် ခိုင်သွားခြင်း၊ ပါးစပ်ဖွင့်ခြင်း ပိတ်ခြင်းကိုခက်ခဲစေခြင်း စတာတွေပါဝင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ကာလရှည်ကြာ မေးရိုးမှာနာကျင်မှုနဲ့ တင်းကြပ်နေမှုကိုခံစားနေရရင် သို့မဟုတ် မေးရိုးကိုအပြည့်အဝဖွင့်လို့ပိတ်လို့မရခဲ့ရင်တော့ ဆေးကုသဖို့ပြင်ဆင်ပါ။ ဆရာဝန် သို့မဟုတ် သွားဆရာဝန်က ဖြစ်နိုင်တဲ့အကြောင်းရင်းတွေနဲ့ ဖြေရှင်းကုသနိုင်တဲ့နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးပါလိမ့်မယ်။

ကုသမှု

ဘာလုပ်သင့်သလဲ။

ဖိအားသက်ရောက်စေတဲ့ အလေ့အထတွေကို ကြိုးစားပြင်ကြည့်ပါ။ ဥပမာ အံကြိတ်ခြင်း၊ သွားကြိတ်ခြင်းသို့မဟုတ် ခဲတံကိုက်ခြင်း စတဲ့အလေ့အထတွေကို သတိထားပြီးပြောင်းလဲလိုက်တာက နာကျင်တဲ့အကြိမ်အရေအတွက်နည်းသွားစေပါတယ်။ အောက်ပါအချက်တွေကလည်း မေးရိုးနာကျင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေကို သက်သာသွားအောင်လုပ်ပေးနိုင်မှာပါ။

• မေးရိုးကြွက်သားတွေကို လွန်ကဲစွာအသုံးပြုခြင်းမလုပ်ပါနဲ့။ ပျော့တဲ့အစာတွေကိုစားပါ။ အစာကို အတုံးသေးသေးလေးတွေဖြစ်အောင် ပိုင်းပြီးစားပါ။ စေးကပ်ပြီး အဝါးခံတဲ့စားစရာတွေကို လုံးဝရှောင်ကြဉ်ပါ။ ပီကေမဝါးပါနဲ့။

• ဆွဲဆန့်ခြင်း၊နှိပ်ခြင်းစသော လေ့ကျင့်ခန်းတွေလုပ်ပါ။ ဆရာဝန်၊ သွားဆရာဝန် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာပြန်လည်သန်စွမ်းရေး ပညာရှင် က မေးရိုးကြွက်သားတွေကို ဆန့်ပြီးသန်မာလာစေဖို့ လေ့ကျင့်ခန်းတွေဘယ်လိုလုပ်ပေးရမယ်ဆိုတာနဲ့ ကြွက်သားတွေကို သင်ကိုယ်တိုင် ဘယ်လိုနှိပ်ပေးရမလဲဆိုတာကို ပြပေးပါလိမ့်မယ်။

• အပူဖြစ်စေ၊ အအေးဖြစ်စေ။ နွေးထွေးစိုစွတ်တဲ့ရေနွေးအိတ် သို့မဟုတ် ရေခဲကို မျက်နှာဘေးမှာကပ်ပေးခြင်းက နာကျင်မှုတွေကိုသက်သာစေပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။

မေးရိုးနာကျင်မှုကို ကာကွယ်ဖို့အတွက်

• မေးရိုးနာကျင်မှုကို မကြာခဏအကြိမ်ကြိမ်ခံစားနေရတယ်ဆိုရင် ပီကေဝါးခြင်း သို့မဟုတ် ခဲတံ၊လက်သည်း အစရှိတဲ့ပစ္စည်းတွေကိုကိုက်ခြင်းကိုရှောင်ကြဉ်ပါ။ မာကြောတဲ့အစားအစာ သို့မဟုတ် အဝါးခံတဲ့အစားအစာတွေကို စားခြင်းမှရှောင်ကြဉ်ပါ။ သမ်းတဲ့အခါ အောက်မေးရိုးကို လက်နဲ့ထောက်ပံ့ပေးပါ။

• ညဘက်မှာသွားကြိတ်တတ်တယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သို့မဟုတ် သင်အံကြိတ်တာကို ကိုယ်ကိုယ်တိုင် ပြန်သိအောင်လုပ်ပါ။ သွားဆရာဝန်က သွားကြိတ်တာကာကွယ်ဖို့ သင့်ကို အံကပ်ပုံစံ ပစ္စည်း လေးလုပ်ပေးနိုင်ပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement