backup og meta

ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး။

    ဆေးလိပ်ကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ ဆိုလိုက်တာနဲ့ ပြေးမြင်မိတာက အဆုတ်ကင်ဆာ၊ နှလုံးေသွးကြောကျဉ်းရောဂါ ၊ ခြေလက်သွေးမလျှောက်၍ ပုပ်သွားခြင်းရောဂါ တွေပဲဖြစ်တယ်။ လူတော်တော်များများက ဆေးလိပ်သည် ခံတွင်းကျန်းမာရေးကိုလည်းထိခိုက်စေတတ်တာကို မေ့နေကြတယ်။ သေချာစဉ်းစားကြည့်လိုက်ရင်တော့ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့ ပထမဆုံးထိတွေ့သော နေရာက ခံတွင်းဖြစ်တယ်ဆိုတာ တွေးမိကြမှာပါ။ ဆေးလိပ်ငွေ့တွေ တိုက်ရိုက်မထိတွေ့တဲ့ အဆုတ်တို့ နှလုံးတို့ကိုတောင် ဒီလောက် ဒုက္ခပေးနေတာ သောက်လိုက်တာနဲ့ အငွေ့နဲ့ တန်းထိတဲ့ ခံတွင်းဆို ဘယ်လောက်တောက်ထိခိုက်မလဲဆိုတာ စဉ်းစားသာကြည့်။ ဒါကြောင့် ဆေးလိပ်သောက်လိုက်တာနဲ့ ခံတွင်းကျန်းမာရေး ဘာတွေထိခိုက်သွားလဲဆိုတာ ကြည့်ရအောင်။

    သွားများတဖြည်းဖြည်း အရောင်ညစ်လာခြင်း။

    ဆေးလိပ်မှာ နီကိုတင်း နှင့် ဆေးရွက်ကြီးပါတယ်လေ။ သောက်လိုက်တာနဲ့ ပါးစပ်ထဲကို ဝင်သွားတဲ့ အငွေ့တွေက ခံတွင်းမှာရှိတဲ့ သွားကို အရင်ဆုံးထိတာမလား၊ အဲ့တော့ ဖြူနေတဲ့ သွားလေးတွေ အစပိုင်းမှာတော့ ဝါလာမယ်။ နောက်ပိုင်းသောက်တာ နှစ်ကြာလာတော့ ဝါတာကနေ ညိုမည်းလာတဲ့ အထိ ဆိုးလာရော။ အဲလို မည်းနေတဲ့ သွားတွေက သွားတိုက်တာနဲ့တင် မပျောက်ဘူးနော်။ သွားဆရာဝန်ဆီမှာ သွားပြီး ပြန်ဖြူအောင်လုပ်မှ ရတာ။ အဲ့တော့ ဆေးလိပ်ဝယ်သောက်တော့လည်း ပိုက်ဆံကုန် သွားဆေးခန်းဆီသွားတော့လည်း ပိုက်ဆံကထပ်ကုန်ဦးမှာနော်။

    ဆေးလိပ်က သွားအပြင် သွားဖုံးေတွကိုလည်း ဘယ်လို ဒုက္ခပေးသေးလဲ။

    ဆေးလိပ်ငွေ့ တွေပါးစပ်ထဲ ဝင်ပြီဆိုတာနဲ့ သွား အပြင် သွားဖုံးကိုပါ အငွေ့တွေက ထိတယ်လေ။ အစောပိုင်းထဲကသာ သွားဖုံးရောင်တာ သွားဖုံးအနာတွေ ရှိနေလို့ကတော့ အနာတွေ ပြန်ကျက်မှာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်က သွေးထဲမှာ အောက်ဆီဂျင်ပါဝင်မှု ကို နည်းစေတယ်လေ။ ဒါ့ကြောင့် သွားဖုံးမှာကပ်နေတဲ့ ဘက်တီးရီးယားတွေ တော်တော်နဲ့ မသေနိုင်တော့ဘူး။ သွားဖုံးရောဂါ မရှိရင်တောင် ဆေးလိပ်ကြောင့် ဘက်တီးရီးယားတွေ ပိုပေါက်နိုင်ပြီး သွားဖုံးရောဂါတွေ ပိုဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေတာတောင် ဆေးလိပ်ကို ဆက်သောက်မယ်ဆို နောက်ပိုင်းရောဂါပို ဆိုးလားပြီး သွားဖုံးတွေကွာကျ၊ သွားတွေကျွတ်တဲ့ အထိဆိုးရွားသွားနိုင်ပါတယ်။

    ခံတွင်းနံ့ဆိုးေစခြင်း။

    သွားတွေကလည်းဝါ သွားဖုံးတွေကလည်းရောင် ဘက်တီးရီးယားတွေလည်းက ပေါက်နေတဲ့ ခံတွင်းတစ်ခုကနေ ခံတွင်းနံ့ ကောင်းကောင်းလေးတွေ ထွက်လာနိုင်မယ်လို့ ထင်ပါသလား။ ဆေးလိပ်သောက်ပြီးသူ အခန်းထဲဝင်လာရင် သူ့ဆီကနေ ဆေးလိပ်အနံ့လေးတွေပါ ကပ်ပါလာတတ်တယ်လေ။ စကားပြောကြည့်လျှင်လည်း ခံတွင်းနံ့ဆိုးဆိုး မရရင်တောင် ဆေးလိပ်နံ့ကတော့ ရတယ်မလား။ သောက်တဲ့ သက်တမ်းကြာလာတာနဲ့ အမျှ ဆေးလိပ်က ခံတွင်းနံ့ကိုဆိုးလာစေတဲ့ အပြင် လျှာကိုပါထုံသွားစေပြီး အရသာခံနိုင်မှုနှုန်းကိုလည်း လျော့ကျလာစေတယ်။

    ခံတွင်းကင်ဆြာဖစ်စေနိုင်သည်။

    ဆေးလိပ်မှာပါတဲ့ ဓါတု ပစ္စည်းတွေက ခံတွင်းမှာရှိတဲ့ ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်စေပြီး ဆဲလ်တွေရဲ့ပွားနှုန်းကိုမြန်လာစေတယ်။ အဲတော့ ဆဲလ်တွေက ပွားပွားလာပြီး ခံတွင်းကင်ဆာဖြစ်တော့တာပဲ ။ သောက်တဲ့သက်တမ်းကြာလေလေ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့တာ ပိုများလာလေလေ ခံတွင်းကင်ဆာ ပိုဖြစ်လေလေဖြစ်တယ်။ လေ့လာတွေ့ရှိချက်တွေအရ ခံတွင်းကင်ဆာ ဖြစ်တဲ့သူ ၁၀ယောက်မှာ ၈ယောက်လောက်က ဆေးလိပ်သောက်တဲ့ သူတွေပါတဲ့။

    ဆေးလိပ်က မူးယစ်ဆေးဝါး အုပ်စုထဲပါလို့ သောက်မိတဲ့သူတိုင်း ထပ်မသောက်ရရင် မနေနိုင်ဘဲ ဆေးလိပ်စွဲနေကြပါတယ်။ ဘယ်လောက်ပဲ ဖြတ်ဖို့ပြောပြော ဖြတ်ရခက်နေတတ်တယ်။ ဆေးလိပ်သောက်သက်တမ်းကလည်းကြာ သောက်တဲ့ အလိပ်အရေအတွက်ကလည်းများတယ်ဆို ခုပြောထားတဲ့ ခံတွင်းကျန်းမာရေးေတွ ယိုယွင်းရုံသာမက နှလုံး အဆုတ်နဲ့ တခြားနေရာတွေပါ ထိခိုက်နိုင်ပြီး နောက်ဆုံး အသက်သေဆုံးတဲ့အထိဖြစ်နိုင်တယ်လေ။ ဒါကြောင့် ဆေးလိပ်ဖြတ်ကြပါ။ တိခနဲ မဖြတ်နိုင်ရင်တောင် တဖြည်းဖြည်းချင်း လျှော့သောက်ပြီး ဆေးလိပ်ဖြတ်ကြဖို့ အကြံပေးချင်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement