backup og meta

အဖြစ်များသော ခံတွင်းပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များသော ခံတွင်းပြဿနာများ

    ခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာများ လို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါက မထူးဆန်းတဲ့ကိစ္စပါ။

    လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေနဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ အများစုကသူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။

    အဖြစ်များသော ခံတွင်းပြဿနာများ

    • ပါးစပ်ထဲက အနာဖြူဖြူလေးများ

    ပါးစပ်ထဲက အနာဖြူဖြူလေးတွေ ဒါမှမဟုတ် ကျိုင်းအနာလို့ခေါ်တဲ့ canker soreဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်မှာ အနာဖြူဖြူလေးတွေ ထွက်လာနိုင်ပါတယ်။ အပူကန်နာ လို့လည်းခေါ်ကြပါသေးတယ်။

  • Cold sore
  • Cold sore တွေကတော့ နှုတ်ခမ်းလိုနေရာမျိုးတစ်ဝိုက်မှာ အများဆုံးဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်ထဲက ရေယုန်ဗိုင်းရပ်စ် ကြွလာလို့ ဖြစ်တာပါ။ အအေးမိတဲ့အခါ၊ နေမကောင်း ဖြစ်တဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ နှုတ်ခမ်းမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ထွက်လာတတ်ပါတယ်။ များသောအားဖြင့်တော့ အလိုလို ပျောက်သွားတတ်ပါတယ်။

    • ခံတွင်းနံ့ဆိုးခြင်း

    မကြာခဏဆိုသလို ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေနဲ့ စားကြွင်းစားကျန်တွေ စုလာခြင်းဟာ ခံတွင်းနံ့ကို အတော်ဆိုးရွားစေပါတယ်။ တစ်ရက် ၂ကြိမ်သွားတိုက်ခြင်းနဲ့ တစ်ရက်တစ်ကြိမ် သွားပွတ်ကြိုးသုံးခြင်းက ဒီပြဿနာကို သက်သာစေပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင်တော့ ခံတွင်းသန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

    ဒီလိုပြဿနာမျိုးက သွားဖုံးရောဂါ သို့မဟုတ် သွားတွေပျက်စီးနေတာမျိုးစတဲ့ ခံတွင်းပြဿနာတစ်ခုခုကြောင့် ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားဆရာဝန်နဲ့ ပြပြီး ရောဂါရှာဖွေဖို့ကိုလည်း မမေ့ပါနဲ့။

  • ခံတွင်းခြောက်ခြင်း
  • တကယ်လို့ သင်က ခံတွင်းခြောက်နေတယ်ဆိုရင် တံတွေးကို လုံလောက်စွာ မထုတ်ပေးနိုင်တာ သို့မဟုတ် သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတာလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ ခံတွင်းပိုးဝင်နိုင်ခြင်း၊ သွားဖုံးရောဂါ သို့မဟုတ် သွားအခေါင်းပေါက်ဖြစ်ခြင်း စတာတွေဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။

    ရေဓာတ်ခမ်းခြောက်နေတာကြောင့်ဆိုရင် ရေသောက်ခြင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ပီကေဝါးတာကလည်း တံတွေးကို ပိုထွက်စေနိုင်တာကြောင့် ခံတွင်းကို စိုစွတ်နေစေမှာပါ။ ကဖိန်းပါဝင်တဲ့ သောက်စရာတွေနဲ့ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဒါတွေက ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။

    • နှုတ်ခမ်းခြောက်သွေ့ပြီး ကွဲခြင်း

    အေးမြတဲ့ရာသီနဲ့ လေတိုက်တဲ့ ရာသီတွေမှာ နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်းတွေ ဖြစ်တတ်ပါတယ်။ သင့်နှုတ်ခမ်းတွေဟာ ခြောက်သွေ့ရုံသာမက နာကျင်လာပါလိမ့်မယ်။ တစ်ခါတလေမှာ အက်ကွဲပြီး သွေးထွက်လာတာတွေတောင် ဖြစ်နိုင်ပါသေးတယ်။

    နှုတ်ခမ်းလိမ်းဆေးအဆီတွေနဲ့ ရေများများသောက်ခြင်းက နှုတ်ခမ်း‌ခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲနဲ့ လေအရမ်းတိုက်တဲ့နေရာတွေမှာ ကြာကြာမနေပါနဲ့။ နေဒဏ်၊လေဒဏ်တွေကို ကာကွယ်ပါ။

    • မှက္ခရုပေါက်ခြင်း

    တကယ်လို့ သင့်လျှာပေါ်မှာ အဖြူရောင်အကွက်တွေဖြစ်နေပြီး ဖယ်ရှားဖို့ ကြိုးစားရင် နာကျင်နေခဲ့မယ်ဆိုရင်တော့ ဒါက မှက္ခရုပေါက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာ Candida albicans လို့ခေါ်တဲ့ မှိုပိုးတစ်မျိုး ကြောင့်ဖြစ်ရတာပါ။

    သက်ကြီးပိုင်းတွေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါက ခုခံအားနည်းတဲ့ လက္ခဏာဖြစ်ပြီး ဆီးချိုရောဂါ သို့မဟုတ် စတီးရွိုက်လို ရှူသွင်းရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။

    ခံတွင်းပြဿနာတွေဟာ များသောအားဖြင့် အန္တရာယ်ကြီးကြီးမားမား မပေးနိုင်ပါဘူး။ ဒီပြဿနာအများစုဟာ သူ့အလိုလိုပျောက်ကင်းသွားတာမျိုးတွေပါ။ အိမ်တွင်းကုသမှုနည်းလမ်းတွေကလည်း ဒီအခြေအနေတွေ မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်းလောက်ကြာတာတောင် မသက်သာခဲ့ရင်၊ မှိုစွဲတာမျိုးနဲ့ သွားပြဿနာတွေပါ တွဲပြီး ရှိနေခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြဖို့ လိုပါတယ်။

    ရေးသားသူ- Wuthun Myat Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement