backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားနှုတ်ပြီးနောက်ကျန်ခဲ့သော သွားဖုံးပေါက်နှင့် သွားဖုံးရိုး ရောင်ရမ်းနာကျင်ခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားနှုတ်ပြီးနောက်ကျန်ခဲ့သော သွားဖုံးပေါက်နှင့် သွားဖုံးရိုး ရောင်ရမ်းနာကျင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွားနှုတ်ပြီးနောက် ကျန်ခဲ့သော သွားဖုံးပေါက် နှင့် သွားဖုံးရိုး ရောင်ရမ်းနာကျင်ခြင်း (Dry Socket ) ဆိုတာဘာလဲ။

Dry socket ဆိုတာ သွားနှုတ်ပြီးတဲ့အချိန်တစ်ခါတစ်ရံမှာဖြစ်လေ့ရှိတဲ့ နာကျင်စေတဲ့ အခြေအနေတစ်ခုပါ။ သွားနှုတ်ပြီးကျန်ထားတဲ့သွားဖုံးပေါက်ထဲမှာရှိတဲ့ သွေးခဲလေးကပျောက်သွားပြီး အရိုးနဲ့ နာ့ဗ်ကြောတွေကိုထိခိုက်စေတဲ့အခါမှာဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သွားဆရာဝန်ကို အသိပေးပါ။

Dry socket ဟာ သွားနှုတ်ပြီးတဲ့နောက်ဖြစ်တတ်တဲ့ပြဿနာတွေထဲမှာ အဖြစ်အများဆုံးပါပဲ။ ဥပမာ နေရာမမှန်တဲ့အံဆုံးတွေကိုဖယ်ရှားလိုက်တဲ့အခါမျိုးပေါ့။ သင်ဟာ dry socket ဖြစ်တော့မယ်ဆိုရင် သွားနှုတ်ပြီး ၃ရက်ကနေ ၄ရက်အတွင်းမှာ နာကျင်မှုကိုခံစားရမှာပါ။

လက္ခဏာများ

Dry Sockeet ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

သွားနှုတ်ထားတဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင် ခြောက်သွေ့နေပုံပေါ်တဲ့ သွားဖုံးအပေါက်ကို သင်မြင်တွေ့ရနိုင်ပါတယ်။ သွေးခဲအမဲရှိရမဲ့အစား အဖြူရောင်အရိုးပဲရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ သွားနှုတ်ပြီး ၂ရက်လောက်မှာ စပြီးနာကျင်လာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာပြီး နာကျင်မှုဟာ နားကိုပါရိုက်ခတ်နာကျင်စေပါလိမ့်မယ်။

• Dry socket ရဲ့ ရောဂါလက္ခဏာတွေကတော့

• သွားနှုတ်ပြီးရက်အနည်းငယ်အတွင်းမှာ ပြင်းပြင်းထန်ထန်နာကျင်မှု

• သွားနှုတ်ထားတဲ့နေရာမှာရှိရမယ့် သွေးခဲတစ်ပိုင်းတစ်စ သို့မဟုတ် သွေးခဲတစ်ခုလုံးပျောက်ဆုံးသွားခြင်း။ ဘာမှမရှိတဲ့သွားဖုံးအပေါက်ကြီးဖြစ်လာရင် ဒါကို သင်သတိပြုမိပါလိမ့်မယ်။

• သွားဖုံးအပေါက်ထဲမှာ အရိုးမြင်နေရခြင်း

• သွားဖုံးအပေါက်ထဲကနာကျင်မှုဟာ သွားနှုတ်ထားတဲ့ဘက်ခြမ်းမှာရှိတဲ့ နား၊မျက်လုံး၊ နားထင်သို့မဟုတ် လည်ချောင်းတွေကိုပါ ကူးစက်နာကျင်စေခြင်း

• ခံတွင်းနံ့ဆိုးခြင်း

• ပါးစပ်ခါးခြင်း (ပါးစပ်ထဲမှာ မနှစ်မြို့စရာ အရသာရနေခြင်း)

• ပါးကြိတ်ရောင်ခြင်း

• အဖျားဝင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သွားနှုတ်ပြီးတဲ့အချိန်မှာ အတိုင်းအတာတစ်ခုထိ နာကျင်တာတွေ အဆင်မပြေဖြစ်တာတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်နာကျင်မှုတွေကို သွားဆရာဝန် သို့မဟုတ်ခံတွင်းခွဲစိတ်အထူးကု ညွှန်းတဲ့ နာကျင်မှုကိုသက်သာစေတဲ့ဆေးနဲ့ ထိန်းချုပ်လို့ရပြီး ဒီနာကျင်မှုတွေဟာ အချိန်ကြာလာလေ သက်သာလာလေဖြစ်သွားမှာပါ။ သွားနှုတ်ပြီးတဲ့နေ့ရဲ့ နောက်ရက် နောက်ရက်တွေမှာ အသစ်ထပ်ပြီးနာကျင်လာတာ သို့မဟုတ် နာကျင်မှုကပိုဆိုးလာတာမျိုးဖြစ်နေရင် သွားဆရာဝန် သို့မဟုတ် ခံတွင်းခွဲစိတ်အထူးကုကို ချက်ချင်းဆက်သွယ်ပါ။

ကုသမှု

ဘာတွေလုပ်သင့်သလဲ။

Dry socket ကြောင့် ပိုးဝင်တာ သို့မဟုတ် အခြားပြင်းထန်တဲ့ပြဿနာတစ်ခုခုဖြစ်စေတာမျိုးတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် နာကျင်မှုကိုထိန်းချုပ်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ သွားနှုတ်ပြီးတဲ့အချိန်မှာ မိမိကိုယ်ကိုဂရုစိုက်ရမဲ့အချက်တွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပေးခြင်းက dry socket ကိုကုနေတဲ့အချိန်အတောအတွင်း လက္ခဏာတွေကိုလျော့ကျစေပြီး ကုသမှုကိုလည်းပိုပြီးမြန်ဆန်ကောင်းမွန်စေပါတယ်။ ဆရာဝန်ကသင့်ကိုပြောပြနိုင်တဲ့အချက်တွေကတော့

• နာကျင်မှုနဲ့ ရောင်ယမ်းမှုတွေကိုသက်သာစေဖို့ မျက်နှာရဲ့အပြင်ဘက်မှာ သွားနှုတ်ပြီးချိန်မှစလို့ ပထမ၄၈နာရီအထိ ရေခဲအိတ်ကပ်ပြီး ဒီနောက်မှာရေနွေးအိတ်ကပ်ပါ။

• ဆရာဝန်ညွှန်ကြားချက်အတိုင်း နာကျင်မှုကိုသက်သာစေမယ့် ဆေးသောက်ပါ။

• ဆေးလိပ်သို့မဟုတ် ဆေးရွက်ကြီးပါဝင်ပစ္စည်းတွေကိုရှောင်ကြဉ်ပါ။

• ရေဓါတ်ပြည့်စေဖို့နဲ့ နာကျင်မှုသက်သာစေတဲ့ ဆေးအချို့ကြောင့်ဖြစ်တတ်တဲ့ ပျို့ခြင်းတွေကို ကာကွယ်ပေးနိုင်ဖို့ အရည်ကြဲ (clear liquids) များများသောက်ပေးပါ။

• ဆားရည်နွေးနဲ့ မကြာခဏ အာလုပ်ကျင်းပါ။ (ညင်သာစွာ)

• Dry socket ဖြစ်နေတဲ့နေရာတစ်ဝိုက်မှာ သွားကိုညင်သာစွာတိုက်ပေးပါ။

သွားဆရာဝန် သို့မဟုတ် ခံတွင်းခွဲစိတ်ဆရာဝန်က dressing လဲဖို့နဲ့ အခြားပြုစုစောင့်ရှောက်မှုတွေလုပ်ပေးဖို့ ချိန်းတဲ့အချိန်တိုင်းကို သေချာသွားပါ။ နောက်တစ်ကြိမ် သွားရမယ့်အချိန်မရောက်သေးခင် နာကျင်မှုတွေပြန်ဖြစ်လာတယ် သို့မဟုတ် ပိုဆိုးလာတယ်ဆိုရင် သင့်ရဲ့ Provider ကိုခေါ်ပါ။

ဘယ်လိုကာကွယ်ရမလဲ။

သွားနှုတ်ပြီးချိန်ရဲ့နောက်ပိုင်းကုသမှုလုပ်ငန်းစဉ်တွေမှာ ဘာတွေကိုမျှော်လင့်ထားရမယ်ပြင်ဆင်ထားရမယ်ဆိုတာနဲ့ ဒဏ်ရာကိုဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို သင်လက်ခံရရှိပါလိမ့်မယ်။ ဒီညွှန်ကြားချက်တွေဟာ အောက်ဖော်ပြပါအချက်တွေဖြစ်နိုင်ပြီး ဒါတွေက dry socketကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

• လှုပ်ရှားမှု : ခွဲစိတ်မှုပြီးရင်တော့ တစ်နေ့လုံးအနားယူလိုက်ပါ။ နောက်ရက်တွေမှ ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပါ။ ဒါပေမယ့် အနည်းဆုံးတော့ တစ်ပတ်အတွင်းမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ အားကစားတွေကိုမလုပ်ပါနဲ့။ ဒါတွေက သွားဖုံးအပေါက်ထဲမှာရှိတဲ့သွေးခဲကို ဖယ်ရှားပစ်နိုင်ပါတယ်။

• သောက်စရာများ : ခွဲစိတ်မှုပြီးရင် ရေများများသောက်ပါ။ အရက်၊ ကဖိန်း၊ကာဗွန်စတာတွေပါတဲ့သောက်စရာတွေနဲ့ အပူတွေကို ခွဲစိတ်ပြီး ပထမ၂၄နာရီအတွင်းမသောက်ပါနဲ့။ အနည်းဆုံးတစ်ပတ်ခန့် ပိုက်ကိုသုံးပြီးမသောက်ပါနဲ့။ စုပ်ယူရတဲ့လုပ်ငန်းစဉ်ဟာ သွားဖုံးပေါက်ထဲက သွေးခဲကို မတည်မငြိမ်ဖြစ်စေပါတယ်။

• အစားအစာများ။ ပထမတစ်ရက်မှာတော့ ပျော့ပျောင်းတဲ့ အစာတွေကိုသာစားပါ။ ဥပမာ ဒိန်ချဉ် သို့မဟုတ် ပန်းသီးဆော့စ်တွေပေါ့။ အနည်းငယ်ပျော့ပျောင်းတဲ့စားစရာတွေကို သင်ဝါးနိုင်တဲ့အခါမှသာ စစားပါ။ မာကြောပြီး အဝါးခံတဲ့စားစရာတွေ၊ အပူအစပ်တွေကိုရှောင်ပါ။ ဒါတွေက သွားဖုံးအပေါက်ထဲမှာပိတ်ဆို့နိုင်ပြီး ဒဏ်ရာကိုပိုဆိုးစေပါတယ်။

• ခံတွင်းသန့်ရှင်းရေး၊ ခွဲစိတ်ပြီးတဲ့နောက်မှာ သွားကိုညင်သာစွာတိုက်နိုင်သလို ညင်သာစွာဆေးကြောနိုင်ပါတယ်။ ဒါပေမယ့် နှုတ်ထားတဲ့နေရာကိုတော့ရှောင်ပါ။ ပထမ ၂၄နာရီကုန်ဆုံးသွားပြီး နောက်ထပ်အနည်းဆုံး တစ်ပတ်အတွင်းမှာ သင်နိုးထနေတဲ့အချိန်တိုင်း၂နာရီခြားတစ်ခါ နဲ့ အစာစားပြီးတိုင်းမှာ ဆားရည်နွေးနဲ့ ပါးစပ်ဆေးပါ။ table salt (စားပွဲတင်ဆား)လက်ဖက်ရည်ဇွန်းတစ်ဝက် (၂.၅မီလီလီတာ)ကို ရေ ၈အောင်စ (၂၃၇မီလီလီတာ)ထဲရောပါ။

• ဆေးရွက်ကြီးအသုံးပြုခြင်း။ ဆေးလိပ်သောက်တတ်သူဆိုရင် ခွဲစိတ်ပြီး အနည်းဆုံး၄၈နာရီအတွင်း ဆေးလိပ်မသောက်ပါနဲ့။ ဆေးရွက်ကြီးဝါးတတ်သူဆိုရင် အနည်းဆုံး ၁ပတ်အတွင်းမဝါးပါနဲ့။ ခံတွင်းဆိုင်ရာခွဲစိတ်မှုတွေအပြီးမှာ ဆေးရွက်ကြီးကိုဘယ်လိုပဲသုံးစွဲသည်ဖြစ်စေ၊ ဒါတွေဟာ ပျောက်ကင်မှုကိုကြန့်ကြာစေပြီး အခြားပြဿနာတွေဖြစ်လာနိုင်ချေတွေ မြင့်တက်လာစေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement