backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ခံတွင်း မှက္ခရု


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခံတွင်း မှက္ခရု

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခံတွင်း မှက္ခရု (oral thrush) ဆိုတာဘာလဲ။

ခံတွင်းမှိုပိုးဝင်ခြင်း(ခံတွင်း မှက္ခရု)ဟာ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုးက သင့်ရဲ့ပါးစပ်နံရံတွေမှာပေါက်ဖွားကပ်တွယ်နေတဲ့အခြေအနေမျိုးပါ။ Candida ဆိုတာ ကတော့ ပါးစပ်တွင်းမှာရှိတဲ့ ပုံမှန်အင်္ဂါတစ်ခုဖြစ်ပြီး တစ်ခါတလေမှာ ပိုပြီးကြီးထွားလာတတ်ကာ ရောဂါလက္ခဏာတွေဖြစ်စေပါတယ်။

ဒီရောဂါဟာ ခရင်မ်နဲ့တူတဲ့အဖြူရောင် အနာ တွေကို လျှာပေါ်နဲ့ ပါးစောင်တွေမှာအများအားဖြင့်ဖြစ်ပေါ်စေတတ်ပါတယ်။ တစ်ခါတလေမှာ ဒီရောဂါဟာ အာခေါင်၊သွားဖုံး သို့မဟုတ် အာသီး တွေ သို့မဟုတ် လည်ချောင်းအနောက်ဘက်ကိုတောင် ကူးစက်ပြန့်နှံ့နိုင်ပါသေးတယ်။

လူတိုင်းမှာ ခံတွင်း မှက္ခရု ဖြစ်နိုင်သော်လည်း ကလေးငယ်တွေ၊သက်ကြီးပိုင်းတွေနဲ့ ခုခံအားကျဆင်းနေတဲ့သူတွေ သို့မဟုတ် ကျန်းမာရေးမကောင်းသူ သို့မဟုတ် ဆေးသောက်နေရသူတွေမှာ အဖြစ်များပါတယ်။ ခံတွင်း မှက္ခရု ဆိုတာ သင်ကျန်းမာရေးကောင်းနေရင်တော့ မှုလောက်စရာပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ကကိုယ်ခံအားနည်းနေမယ်ဆိုရင်တော့ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပိုပြီးပြင်းထန်မှာဖြစ်ပြီး ထိန်းချုပ်ရလည်းခက်ခဲပါလိမ့်မယ်။

ရောဂါလက္ခဏာများ

ခံတွင်း မှက္ခရု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အစမှာတော့ သင်ဟာ ရောဂါလက္ခဏာတွေကို သတိတောင်ထားမိမှာမဟုတ်ပါဘူး။ အခြေခံအကြောင်းရင်းတွေပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေဟာ ဖြည်းဖြည်းချင်းဖြစ်လာနိုင်သလို ရုတ်တရက်လည်းပေါ်လာနိုင်ပြီး ရက်တွေ၊ရက်သတ္တပတ်တွေနဲ့လတွေထိ ကြာမြင့်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

• လျှာ၊ပါးစောင်နဲ့ တစ်ခါတစ်ရံ အာခေါင်၊သွားဖုံးနဲ့ အာသီးတွေမှာ ခရင်မ်ပုံအဖြူရောင်အနာ တွေတွေ့ရတတ်ပါတယ်။

• အနာကအနည်းငယ်ပြင်းထန်လာပြီး ချိစ့်ပုံစံတစ်မျိုး လိုမျိုးဖြစ်လာပါတယ်။

• နီရဲနေတာ သို့မဟုတ် နာကျင်တောတွေ ဖြစ်တတ်ပြီး ပြင်းထန်လာတဲ့အခါမှာ စားတဲ့နေရာနဲ့ မြိုချတဲ့နေရာတွေမှာအခက်အခဲတွေဖြစ်လာနိုင်စေပါတယ်။

• အနာတွေကို ပွတ်တိုက်လိုက်ရင် ဒါမှမဟုတ် ခြစ်ချလိုက်ရင် သွေးထွက်လာနိုင်ပါတယ်။

• ပါးစပ်ထောင့်မှာနီရဲအက်ကွဲခြင်းတွေဖြစ်လာနိုင်ပါတယ် (အထူးသဖြင့် အံကပ်၊ သွားတုတပ်တဲ့သူတွေမှာ)

• ပါးစပ်ထဲမှာ ဂွမ်းတွေပြည့်နေသလိုခံစားရစေနိုင်ပါတယ်။

• အရသာခံနိုင်စွမ်း လျော့ကျလာပါတယ်။

ပိုပြီးပြင်းထန်တဲ့ ကိစ္စရပ်တွေမှာ အနာတွေဟာ အစာမျိုပြွန် ထိ ပြန့်နှံ့သွားနိုင်ပါတယ်။ အစာမြိုပြွန် ဆိုတာ ပါးစပ်နောက်ပိုင်းကနေ အစာအိမ်ထိရောက်တဲ့ ကြွက်သားပြွန်ပါ။ ဒီလိုဖြစ်တာကို မှိုပိုးကြောင့် အစာမျိုပြွန် ရောင်ခြင်း လို့ခေါ်ပါတယ်။ ဒါတွေဖြစ်လာခဲ့ရင် သင်ဟာ အစာမြိုချရာမှာခက်ခဲနိုင်ပြီး လည်ချောင်းထဲအစာနင်နေသလိုခံစားနေရမှာပါ။

ထူးခြားတဲ့ အဖြူရောင်အဖတ်တွေဖြစ်ရင် သင့်ကလေးဟာ အစာကျွေးရခက်တာ သို့မဟုတ် ဇီဇာကြောင်တာ နဲ့ ဒေါသထွက်လွယ်တာ စတာတွေဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ကလေးဆီကနေ သင့်ဆီကို မိခင်နို့တိုက်ကျွေးစဉ်မှာ ကူးစက်တတ်ပါသေးတယ်။ ကူးစက်မှုဟာ သားမြတ်နဲ့ ကလေးပါးစပ်ကြားထဲမှာ အပြန်ပြန်အလှန်လှန် သွားနေတော့မှာပါ။

ရင်သားဟာ candida ကူးစက်ခံရပြီဆိုရင် အောက်ပါလက္ခဏာတွေပြပါတယ်။

• နို့သီးခေါင်းတွေဟာ အများအားဖြင့် နီရဲနေကာ အထိမခံဖြစ်တတ်ပြီး ယားယံအက်ကွဲနေတတ်ပါတယ်။

• နို့သီးခေါင်းတစ်ဝိုက်က အညိုရောင်အကွက်မှာ အရောင်တောက်တဲ့ သို့မဟုတ် အရည်ခွံကွာတဲ့အစလေးတွေဖြစ်နေတတ်ပါတယ်။

• ကလေးကိုနို့တိုက်ကျွေးစဉ်မှာ ပုံမှန်မဟုတ်တဲ့နာကျင်မှုတွေဖြစ်တတ်ပါတယ်။

• ရင်သားအတွင်းထဲမှာ တစ်ခုခုနဲ့အထိုးခံရသလိုနာကျင်နေတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင်နဲ့ သင့်ကလေးရဲ့ပါးစပ်ထဲမှာ နာကျင်စေတဲ့အဖြူရောင်အနာတွေရှိတယ်ဆိုရင် ဆရာဝန်သို့မဟုတ် သွားဆရာဝန်ကိုပြပါ။ တကယ်လို့ ပိုးဝင်တာက နည်းနည်းကြီးတဲ့ကလေးတွေ သို့မဟုတ် ဆယ်ကျော်သက်တွေမှာဆို ဆေးဝါးသုံးပြီး ပြုစုပါ။ အခြားသောကျန်းမာရေးအခြေအနေတွေ သို့မဟုတ် ကုသမှုတွေကလည်း ဒီရောဂါကိုဖြစ်ပွားစေနိုင်ပါတယ်။

ကုသမှု

ဘယ်လိုကုသရမလဲ။

အောက်ဖော်ပြပါအချက်တွေဟာ ခံတွင်း မှက္ခရု ဖြစ်နေစဉ်မှာ အကူအညီပေးနိုင်ပါလိမ့်မယ်။

• ခံတွင်းသန့်ရှင်းရေးကောင်းကောင်းလုပ်ပါ။ တစ်ရက်အနည်းဆုံး၂ကြိမ် သွားတိုက်ပြီး အနည်းဆုံး၁ကြိမ် သွားကြားထိုးပါ။ ရောဂါကင်းသွားသည်ထိ သွားပွတ်တံကိုမကြာခဏလဲလှယ်ပါ။ တကယ်လို့သင်ဟာ လက်မှာအားမရှိတာမျိုး လက်လှုပ်ရှားမှုမြန်မြန်မလုပ်နိုင်တာမျိုးဆိုရင် လျှပ်စစ်သွားပွတ်တံက သွားတိုက်ရာမှာပိုပြီးလွယ်ကူစေမှာပါ။ ခံတွင်းသန့်ဆေးရည် နဲ့ ဖျန်းဆေးတွေကို ရှောင်ပါ။ (သင့်ဆရာဝန်က အထူးပြုလုပ်ထားတဲ့ ခံတွင်းသန့်စင်ဆေးရည်ကို ညွှန်ကြားခဲ့မယ်ဆိုရင်တော့ သုံးပါ)။ ဒါတွေက ခံတွင်းရဲ့ပုံမှန်ရနံ့ကိုပြောင်းလဲစေပါတယ်။ သွားတိုက်တံတွေကို ဝေမျှမမသုံးပါနဲ့။ အံကပ်နဲ့သွားတုတွေကို ဘက်တီးရီးယားရှင်းပြီး သန့်စင်နေစေဖို့အတွက် ဘယ်နည်းလမ်းကအကောင်းဆုံးဖြစ်မလဲဆိုတာကို သွားဆရာဝန်ကိုမေးပါ။

• ဆားရည်နွေးနဲ့အာလုတ်ကျင်းပါ။ လက်ဖက်ရည်ဇွန်းတစ်ဝက် (၂.၅မီလီလီတာ)ရှိတဲ့ဆားနဲ့ ရေနွေးတစ်ခွက် (၂၃၇မီလီလီတာ)နဲ့ရောဖျော်လိုက်ပါ။ ရလာတဲ့အရည်ကိုငုံပြီးပြန်ထွေးပါ။ မြိုမချပါနဲ့။

• ရင်သားအခံ(pads) တွေကိုအသုံးပြုပါ။ တကယ်လို့သင်က နို့တိုက်ကျွေးနေတဲ့မိခင်ဖြစ်ပြီး မှိုကူးစက်တာခံနေရတယ်ဆိုရင်ရင်သားအခံ (Pads) ကိုသုံးပြီး အဝတ်အစားတွေပေါ် မှိုမကူးအောင်လုပ်ပါ။ ပလတ်စတစ်အကာမပါတဲ့ pad ကိုရှာပါ။ ပလတ်စတစ်အကာက candida ကြီးထွားမှုကို အားပေးပါတယ်။ တကယ်လို့သင်က တစ်ခါသုံးရင်သားအခံ တွေကိုအသုံးမပြုဘူးဆိုရင် ရင်သားအခံ တွေနဲ့ အတွင်းခံ ဘရာစီယာတွေကို ရေပူတွေ ချွတ်ဆေးတွေသုံးပြီးလျှော်ပါ။

ဘယ်လိုကာကွယ်ရမလဲ။

အောက်ပါအချက်တွေကတော့ candida ပိုးဝင်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

• အာလုတ်ကျင်းပါ။ တကယ်လို့သင်က ကော်တီကိုစတီးရွိုက်ရှူဆေး သုံးရတဲ့သူဆိုရင် ခံတွင်းကိုရေနဲ့ပဲအာလုတ်ကျင်းဖို့ သို့မဟုတ် ဆေးကိုအသုံးပြုပြီးတိုင်း သွားတိုက်ဖို့မမေ့ပါနဲ့။

• တစ်ရက်ကိုအနည်းဆုံး၂ကြိမ် သွားတိုက်ပြီး နေ့စဉ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွားကြားထိုးပါ။

• အံကပ်/သွားတုကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။ သင့်ရဲ့အံကပ်၊သွားတုအမျိုးအစားကို သန့်စင်ဖို့အကောင်းဆုံးနည်းလမ်းကိုသိရဖို့ ဆရာဝန်ကိုမေးပါ။

• သွားဆရာဝန်နဲ့ ပုံမှန်ပြပါ။ အထူးသဖြင့် သင့်မှာဆီးချိုရှိနေရင် သို့မဟုတ် အံကပ်၊သွားတုတပ်ဆင်ထားရင်ပေါ့။ ဆရာဝန်နဲ့တွေ့ဖို့ အကြိမ်ရေဘယ်လောက်လာရမလဲ ဘယ်အချိန်တွေလာရမလဲဆိုတာကို မေးပါ။

• စားတဲ့နေရာမှာသတိထားပါ။ သကြား ပါဝင်တဲ့အစားအစာတွေစားခြင်းကိုကန့်သတ်ပါ။ ဒါတွေက candida ကြီးထွားမှုကို အားပေးပါတယ်။

• သင့်မှာ ဆီးချိုရောဂါရှိတယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပါ။ သွေးတွင်းအချိုဓါတ်ကို ကောင်းမွန်စွာထိန်းညှိနိုင်ခြင်းဟာ တံတွေးထဲမှာပါဝင်တဲ့သကြားပမာဏကိုလျှော့ချပေးနိုင်ပြီး candidaကြီးထွားမှုကို လျော့ကျစေပါတယ်။

• ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ်ပိုးဝင်ခြင်း ကို တတ်နိုင်သမျှအမြန်ဆုံး ကုသပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement