၂ – သွားကျဉ်ခြင်း – ရေအေးအေးလေးပဲဖြစ်ဖြစ် ကော်ဖီပူပဲဖြစ်ဖြစ် သောက်လိုက်တာနဲ့ သွားကျဉ်နေပြီဆို သွားအမြစ်ထိပါ ပိုးစားနေပြီဆိုတဲ့ လက္ခဏာပါ။ သွားကျိုးတာ၊ သွားကြွေလွှာပါးနေတာကြောင့်လည်း သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ်။
၃ – သွားဖုံးသွေးယိုခြင်း – သွားဖုံးက သွေးတွေထွက်နေတယ် ၊ သွားတိုက်တိုင် းသွားပွတ်တံကြီးက နီနေတယ် သွားဖုံးကိုထိလိုက်ရင်လည်း နာနေတယ်ဆိုရင် သွားဖုံးရောင်နေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဗီတာမင် စီ ချို့တဲ့တာကြောင့်လည်း သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။ စစ်ဆေးမှု မခံယူဘဲ ပေါ့ပေါဆဆထားတယ်ဆိုရင် နောက်ပိုင်း ရေစီးကမ်းပြိုဆိုတဲ့ သွားဖုံးရောဂါ အကြီးအကျယ်အဆင့်ထိ ရောက်သွားနိုင်ပါတယ်။
၄- ပါးစပ်အနာများ – ခံတွင်းထဲမှာ အနာတွေပေါက်နေတာ ၊အတွင်း ပါးစောင်မှာ အဖြူကွက်တွေဖြစ်တာ၊ မှိုပိုးဝင်တဲ့အနာတွေ ဖြစ်ဖူးကြမှာပါ။ တချို့က သူ့ဘာသာပြန်ပျောက်သွားတယ်ဆိုပေမယ့် ကိုယ်ထဲကို ဘက်တီးရီးယားပိုးဝင်တာ၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်တာ၊ ခုခံအားနည်းနေတာကြောင့်ဖြစ်တဲ့ အနာတွေဆို အချိန်အကြာကြီးရှိနေတတ်ပါတယ်။ သွားတု(စိုက်ထားတဲ့သွား၊အံကပ်၊သွားဖာထားခြင်း)တွေကြောင့်လည်း ဒီလို ပိုးဝင်ပြီး အနာပေါက်တာတွေ ဖြစ်နိုင်ပါသေးတယ်။ ခံတွင်းအနာ ဖြစ်တာ တော်တော်နဲ့မပျောက်လဲ ကြာနေပြီဆိုရင်တော့ ဆေးခန်းသွားပြဖို့လိုပါလိမ့်မယ်။
၅-ခံတွင်းနံ့ဆိုးခြင်း ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ဆေးလိပ် သောက်တာကြောင့် ၊ ဝမ်းချုပ်တာကြောင့် တခြားရောဂါတွေကြောင့် စတဲ့ အကြောင်းအရင်းမျိုးစုံကြောင့်ဖြစ်ရတာပါ။ သွားမှန်မှန်တိုက်နေရက်နဲ့တောင် ခံတွင်းနံ့ဆိုးနေသေးတယ်ဆိုရင် နာတာရှည်သွားဖုံးရောဂါရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။