home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ
ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ
ဟင်းရည် ပူပူလေး သောက်မိတာ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း စတာတွေကို ပူပူလောလော သောက်မိလိုက်တဲ့အခါ ပြန်ထွေးထုတ်ဖို့ ခက်ပြီး လျှာကျက်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးမယ် ထင်ပါတယ်။ လျှာကျက်တာက ကြီးကြီးမားမား ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် အစားအစာတွေကို သေချာ အရသာခံလို့မရဘဲ စားရသောက်ရ အရသာ မရှိတာမျိုး ခံစားရနိုင်ပါတယ်။ ဒီ ပြဿနာကို မြန်မြန် သက်သာအောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

လျှာကျက်တယ်ဆိုတာ ဘာလဲ…………

လျှာကျက်တယ် ဆိုတာက နေ့စဉ် ဖြစ်နေကျ မတော်တဆ ထိခိုက်မှု တစ်ခုလို့တောင် ဆိုလို့ရတဲ့ အရာပါ။ လူတော်တော်များများ ဖြစ်ဖူးကြတဲ့ ပြဿနာ တစ်ခုပေါ့။ အရမ်းပူနေတဲ့ မုန့်စားမိတာ၊ ဟင်းရည်ကို ပူပူလောလော သောက်မိတာ၊ ကော်ဖီ ပူပူ၊ လက်ဖက်ရည် ပူပူ သောက်လိုက်မိတဲ့ အခါမျိုးတွေမှာ လျှာကျက်နိုင်ပါတယ်။

အရမ်း ပြင်းထန်တဲ့အခါမျိုးမှာ ဆရာဝန်ပြပြီး လိုအပ်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပေမယ့် သိပ်မပြင်းထန်ရင် အိမ်တွင်းကုထုံးတွေနဲ့ပဲ သက်သာအောင် လုပ်လို့ရပါတယ်။

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ ဒီ နည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

လွယ်ကူရိုးစင်းတဲ့ လျှာကျက်တာကို သက်သာစေတဲ့ နည်းပါ။ သကြားက လျှာကျက်တာကို သိသိသာသာ သက်သာစေနိုင်ပြီး လျှာကျက်တာကြောင့် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ လျှာရဲ့ အရသာခံနိုင်စွမ်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို လျှာပေါ်မှာ တင်ထားလိုက်ရုံပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပျားရည်က လျှာကျက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရသာခံနိုင်စွမ်း ကိုလည်း ကောင်းစေပါတယ်။

လျှာကျက်နေတဲ့အခါ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို လျှာပေါ်တင်ထားလိုက်ရုံပါ။

ဒိန်ချဉ်က လျှာကျက်တာကို သက်သာစေပြီး အေးသွားစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ လျှာကျက်တာနဲ့ ပါးစပ်ထဲမှာ အပူလောင်တာကို သိသိသာသာ သက်သာစေပါတယ်။ သကြားမပါတဲ့ ဒိန်ချဉ် စားပေးတာက လျှာကျက်တာကို သိသိသာသာ သက်သာစေပါတယ်။

ရှာစောင်းလက်ပပ်က အပူလောင်တာကို သက်သာစေနိုင်ပြီး အပူကြောင့် ပျက်စီးသွားတဲ့ လျှာက ဆဲလ်တွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို လျှာပေါ်မှာ ခဏ ထားပေးရုံပါ။

လျှာကျက် တဲ့အခါ ဆားရည်နဲ့ အာလုတ်ကျင်းပေးတာက လျှာကျက်တာကို သက်သာစေနိုင်ပြီး နာကျင်တာ နဲ့ ပိုးဝင်ကူးစက်ခံရနိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။ ရေနွေးနွေးလေးထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်မွှေလို့ ရလာတဲ့ ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ။

အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည် သုံးပြီး အာလုတ်ကျင်းတာမျိုး မလုပ်ဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Tongue Burn https://www.healthline.com/health/tongue-burn Accessed Date 3 June 2020

4 Ways to Soothe a Burnt Tongue and Mouth https://health.clevelandclinic.org/4-ways-to-soothe-a-burnt-tongue-and-mouth/ Accessed Date 3 June 2020

How to Soothe Painful Mouth Burns https://www.everydayhealth.com/dental-health/how-to-soothe-painful-mouth-burns.aspx Accessed Date 3 June 2020

Tongue Burn Remedies Here Are 5 Quick Remedies https://doctor.ndtv.com/living-healthy/got-a-burnt-tongue-here-are-5-quick-remedies-1753341 Accessed Date 3 June 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 02/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။