backup og meta

ခံတွင်းကျန်းမာရေးက သင်ထင်တာထက် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကျန်းမာရေးက သင်ထင်တာထက် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပါတယ်

    ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောလိုက်တိုင်း သွားမပျက်စီးဖို့အတွက်ပဲလို့ ထင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို အစာတွေ၊ ရေတွေ ဝင်ရောက်နိုင်မယ့်တံခါးပေါက်ဟာ ရောဂါပိုးတွေအတွက် အဓိကလမ်းကြောင်းတစ်ခုလည်းဖြစ်နေနိုင်တယ်ဆိုတာ မေ့လျော့နေကြလေရဲ့။

    မယုံရင် တစ်ပတ်လောက် သွားမတိုက်ဘဲ၊ ခံတွင်းသန့်ရှင်းရေးမလုပ်ဘဲ ညစ်တီးညစ်ပတ်နေကြည့်ပါ။ သွားကိုက်တာဘာညာထက် ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ အပါအဝင် တခြားအစိတ်အပိုင်းတွေမှာပြဿနာတက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သန့်ရှင်းမှုမရှိလို့ပေါက်ဖွားလာတဲ့ ဘက်တီးရီးယားတွေက ခံတွင်းကနေ လည်ချောင်း၊ လည်ချောင်းကနေ အစာလမ်းကြောင်းနဲ့ အတွင်းကလီစာအစိတ်အပိုင်းတွေဆီ ခြေဆန့်သွားနိုင်လို့ပါပဲ။ ခံတွင်းနံ့ဆိုးတာကိုပဲကြည့်လေ၊ ထိန်းမနိုင်တော့တဲ့ ဘက်တီးရီးယားတွေရဲ့အကျိုးဆက်ပဲပေါ့။

    ကဲ…ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး ဘယ်လိုဆက်နွှယ်နေတယ်ဆိုတာ ဆက်ပြီးကြည့်ရအောင်ပါ။

    ကိုယ်ခံအားစနစ်နဲ့ ဘယ်လိုပတ်သက်နေလဲ

    ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာလည်း ဘက်တီးရီးယားတွေအများကြီးရှိပေမယ့် အများစုက ဘေးမရှိပါဘူး။ ဒါပေမယ့် အစာလမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းဆီကို အဓိကဝင်ပေါက်ဖြစ်နေတာကြောင့် ဘက်တီးရီးယားတွေ ပုံမှန်ထက်လွန်ကဲလာတဲ့အခါ ရောဂါဖြစ်စေနိုင်ပါတယ်။

    ပုံမှန်အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံမှုနဲ့ ခံတွင်းကျန်းမာရေးဂရုစိုက်မှုတွေကြောင့် ဒီဘက်တီးရီးယားတွေကို ညီမျှအောင်ထိန်းချုပ်ထားတာပါ။ ကိုယ်က သန့်ရှင်းမှုကိုဂရုမစိုက်တဲ့အခါ ဘက်တီးရီးယားတွေကြောင့် သွားနဲ့သွားဖုံးကို ပိုးဝင်စေပြီး ရောဂါဖြစ်ပွားစေပါတယ်။

    ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ နောက်တစ်ချက်က ကိုယ်သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့် တံတွေးထွက်ရှိမှုနည်းစေနိုင်တယ်။ တံတွေးက ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေဆီကထွက်တဲ့ အက်စစ်ကို ဓာတ်ပြယ်စေပြီး အစားအသောက်အကြွင်းအကျန်တွေကို ဖယ်ရှားထုတ်ပေးဖို့ကူညီပေးတယ်။ ဒီလိုကူညီခြင်းအားဖြင့် ခံတွင်းက ပိုးမွှားလေးတွေ ပွားများပြီး ရောဂါအဆင့်မဖြစ်စေနိုင်အောင် ကာကွယ်ပေးတယ်။

    ခံတွင်းက မကာကွယ်နိုင်တော့ဘူး၊ ဘက်တီးရီးယားတွေကို မထိန်းနိုင်တော့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲ…

    ခံတွင်းကျန်းမာရေးနဲ့ ဆက်နွှယ်နေနိုင်တဲ့ ရောဂါတချို့ က –

    နှလုံးရောဂါ

    ခံတွင်းရောဂါရှိတဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ ပိုးဝင်လို့ သွားဖုံးရောင်နေတယ်ဆိုပါစို့၊ သွားဖုံးရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးကပဲ သွေးကြောထဲကို ဝင်ရောက်သွားပြီး သွေးကြောနံရံတွေကို မာစေ၊ ပိတ်ဆို့စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလိုနဲ့ သွေးလည်ပတ်မှုပြဿနာတွေ၊ နှလုံးသွေးကြောပိတ်ဆို့တာတွေဖြစ်စေပြီး နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းဖြစ်စေနိုင်တယ်။ သွေးတိုး နဲ့ လေဖြတ်ခြင်းတွေဖြစ်လာစေနိုင်တယ်။

    မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါ(Dementia)

    ခံတွင်းကျန်းမာရေးမကောင်းရင် ဦးနှောက်ကိုထိခိုက်စေနိုင်တယ်။ ရောဂါပိုးကြောင့်ရောင်ရမ်းနေတဲ့ သွားဖုံးကနေ ထွက်ရှိလာတဲ့ဓာတ်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေကိုသေစေပြီး မှတ်ဉာဏ်တွေကိုဆုံးရှုံးရစေနိုင်တယ်။ ခံတွင်းဘက်တီးရီးယားတွေက အာရုံကြောစနစ်ကိုပျံ့နှံ့ရောက်ရှိတဲ့အခါ ဒါမှမဟုတ် သွေးလည်ပတ်မှုထဲရောက်ရှိသွားတဲ့အခါ သွားဖုံးရောဂါကနေ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ Dementiaနဲ့ Alzheimer’s ရောဂါတွေဖြစ်လာစေပါတော့တယ်။

    အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း

    ပိုးစားနေတဲ့၊ မသန့်ရှင်းတဲ့၊ ပိုးဝင်နေတဲ့ သွားနဲ့သွားဖုံးတွေဆီက ဘက်တီးရီးယားတွေဟာ အသက်ရှူသွင်းရာကတဆင့် အဆုတ်ထဲကိုရောက်ရှိသွားနိုင်တယ်၊ သွေးလည်ပတ်မှုထဲကို ရောက်ရှိသွားနိုင်တယ်။ ဒီဘက်တီးရီးယားတွေကအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေပြီး အဆုတ်ရောင်ရောဂါ၊ ပြင်းထန်လေပြွန်ရောင်ရောဂါနဲ့ နာတာရှည်အဆုတ်ရောဂါ(COPD)တောင်ဖြစ်လာစေနိုင်တယ်။

    ဆီးချိုသွေးချို

    ဆီးချိုရောဂါရှိသူတွေမှာပဲ သွားဖုံးပိုးဝင်ခြင်းတွေဖြစ်လွယ်စေတာမဟုတ်ပါဘူး၊ သွားဖုံးရောဂါရှိနေတဲ့သူမှာ ဆီးချိုသွေးချိုထိန်းဖို့ ပိုခက်စေတာဖြစ်ပါတယ်။ ခံတွင်းကျန်းမာရေးနဲ့ အပြန်အလှန်ဆက်နွှယ်မှုရှိနေတာပါပဲ။ ဒါ့အပြင် သွားဖုံးရောဂါကြောင့် သွေးတွင်းသကြားဓာတ်ကိုပုံမှန်ထက်ပိုမြင့်တက်စေနိုင်လို့ ခံတွင်းကျန်းမာရေးကိုပုံမှန်ဂရုမစိုက်တဲ့လူတစ်ယောက်ဟာ ဆီးချိုဖြစ်လာနိုင်တဲ့အန္တရာယ်ပိုများပါတယ်။

    ကျောက်ကပ်ရောဂါ

    သွားဖုံးရောဂါတွေလို ရောဂါပိုးဝင်ခြင်းတွေကနေ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်လာစေနိုင်ပါတယ်။ သွားဖုံးရောဂါရှိတဲ့သူတွေဟာ ပုံမှန်အားဖြင့် ကိုယ်ခံအားနည်းလေ့ရှိကြပြီး တခြားရောဂါတွေလည်း ကူးစက်ခံရလွယ်ပါတယ်။

    အဆစ်ရောင်လေးဖက်နာရောဂါ

    သွားဖုံးရောဂါရှိတဲ့သူတွေဟာ အဆစ်ရောင်လေးဖက်နာရောဂါဖြစ်နိုင်ခြေ လေးဆပိုများပါတယ်။ သွားဖုံးရောင်စေတဲ့ခံတွင်းဘက်တီးရီးယားက ခန္ဓာကိုယ်အနှံ့မှာ အဆစ်တွေကို ပိုရောင်စေနိုင်သလို လေးဖက်နာရောဂါခံစားရနိုင်ခြေကိုပိုများစေနိုင်ပါတယ်။

    ခံတွင်းကျန်းမာအောင် ဘယ်လိုဂရုစိုက်ရမလဲ

    • သန့်ရှင်းရေးကိုဂရုစိုက်ပါ။ သွားကို မနက်နဲ့ည တစ်နေ့နှစ်ကြိမ်၊ နှစ်မိနစ်လောက် သွားပုံမှန်တိုက်ပေးပါ။ သွားကြားတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ်သွားပွတ်ကြိုးနဲ့သန့်ရှင်းပေးပါ။ သွားမတိုက်ခင် သွားကြားကိုရှင်းပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားရပိုလွယ်စေပါတယ်။

    • သွားကျန်းမာရေးပုံမှန်စစ်ဆေးပါ။ သွားဆရာဝန်ဆီမှာ ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် သွားကျန်းမာရေးပုံမှန်စစ်ဆေးပြီး သွားကိုသန့်စင်ပေးပါ။ သွားနဲ့သွားဖုံးအခြေအနေကို ဆရာဝန်ကစစ်ဆေးပြီး လိုအပ်တဲ့ကုသစောင့်ရှောက်မှုပေးပါလိမ့်မယ်။

    • ကျန်းမာရေးနဲ့ညီတဲ့ အမူအကျင့်တွေကို မွေးမြူပါ။ အစားအသောက်ဂရုစိုက်ဆင်ခြင်ဖို့၊ ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်ဖို့ အရေးကြီးပါတယ်။ ဆေးလိပ်သောက် သို့မဟုတ် ကွမ်းစားသူတွေဟာ သွားဖုံးရောဂါဖြစ်နိုင်ခြေ ၇ ဆပိုများတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ကုသမှုဆိုလည်း ထိရောက်မှုပိုနည်းရတယ်လို့ ဆိုပါတယ်။

    • လိုအပ်တဲ့အာဟာရတွေပြည့်အောင်စားပါ။ ကိုယ်ခံအားစနစ်ကို အားပေးကူဖို့ အာဟာရသင့်တင့်အောင်စားသင့်ပါတယ်။ ဥပမာ ဗီတာမင် E (အစေ့အဆန်၊ အစိမ်းရောင်အသီးအရွက်တွေ)နဲ့ ဗီတာမင် C (အချဉ်သီးတွေ၊ ပန်းဂေါ်ဖီစိမ်း၊အာလူး)ပါတဲ့စားစရာတွေက ခန္ဓာကိုယ်မှာပျက်စီးနေတဲ့တစ်ရှူးတွေကိုပြန်လည်ကောင်းမွန်စေပါတယ်။

    • ရေသောက်ပါ။ ဘက်တီးရီးယားတွေနဲ့ ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပါပဲ။ ရေသောက်နည်းပြီး တံတွေးလုံလုံလောက်လောက် မထွက်နိုင်ရင် သွားတွေပျက်စီးပြီး ရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။

    ခံတွင်းသန့်ဆေးရည်သုံးပါ။ ခံတွင်းသန့်စေတဲ့ ပလုတ်ကျင်းဆေးရည်ကို သုံးပေးလို့လည်းရပါတယ်။ အာလုတ်ကျင်းဆေးရည်ကလည်း ခံတွင်းကျန်းမာရေးတင်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကိုပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    ငုံဆေး– အိမ်မှတင်မဟုတ်ဘဲ၊ ရုံးပဲသွားသွားကျောင်းပဲသွားသွား အလွယ်တကူသယ်သွားလို့ရတဲ့ ခံတွင်းစောင့်ရှောက်ပေးတဲ့ အိန်ဂျယ်လ်လေးတစ်ခုရှိနေပါသေးတယ်။ ဒါကတော့ငုံဆေးပါ။ ငုံဆေးက အလွယ်တကူငုံထားရုံနဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေပြီး ကိုယ်ခံအားကိုပါအကောင်းဆုံးစောင့်ရှောက် ပေးနိုင်မှာပါ။ ဒီလိုနေရာမှာ ငုံဆေးဆိုတိုင်းတော့ အဆင်မပြေနိုင်ပါဘူး။ သဘာဝအဆီအနှစ်တွေကနေထုတ်ထားတဲ့ Hudson’s လိုမျိုး ငုံဆေးကမှ အဆင်ပြေစေမှာပါ။ Hudson’s ငုံဆေးက အရသာအနေနဲ့လည်း သံပုရာအရသာ၊ သံပရိုအရသာ၊ ပျားသံပုရာအရသာဆိုပြီးရှိတာကြောင့် ကိုယ်ကြိုက်တဲ့အရသာကို ရွေးလို့ရပါတယ်။ သကြားလုံးမငုံချင်ဘူးဆိုရင်လည်း ဝါးစားလို့ရတဲ့ လည်ချောင်းနာသက်သာစေတဲ့ ဂျယ်လီရှိနေပါသေးတယ်။ ကဲ…ခံတွင်းပြဿနာတွေကို အဆင်ပြေစေဖို့ အိတ်ထဲမှာ အလွယ်တကူဆောင်ထားလိုက်ရုံပါ။

    ကဲ….ရောဂါကင်းပြီး သန့်စင်တဲ့ခံတွင်းနံ့ကို ပိုင်ဆိုင်နိုင်စေဖို့ ဒီနေ့ကစပြီး ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement