backup og meta

သွားနဲ့သွားဖုံးကျန်းမာရေးအတွက် သွားပွတ်တံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားနဲ့သွားဖုံးကျန်းမာရေးအတွက် သွားပွတ်တံ
    သွားနဲ့ခံတွင်းဟာ လူ့ခန္ဓါကိုယ်တစ်ခုလုံးရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ လက်ခံကြတယ်ဟုတ်။ ခံတွင်းကျန်းမာရေးမကောင်းရင် တခြားအပိုင်းတွေမှာပါ ထိခိုက်စေတယ်လေ။ ဥပမာ သွားကိုက်ေနတယ်ဆို ဘာမှမစားနိုင်လို့ ဆန်ပြုတ်လေးသောက်ရင်း သူများစားတာသွားရည်ယိုနေရတာမျိုး။ လိုအပ်တဲ့အာဟာရတွေလည်းမစားရ၊ ဝေဒနာကလည်းအတော်ခံရတာ။ သွားအရမ်းကိုက်လို့ သွေးတိုးလာတာ၊ အားမပြည့်လို့ တခြားရောဂါတွေဝင်လာတာ နောက်ဆက်တွဲပြဿနာတွေပေါ့။ သွားနဲ့သွားဖုံးကိုဂရုစိုက်ဖို့ဆိုတာ အချိန်ရော ငွေရော အများကြီးအကုန်ကျခံစရာမလိုပါဘူး။ အချိုသိပ်မစားဖို့နဲ့ သွားမှန်မှန်တိုက်ဖို့၊ အရည်အသွေးကောင်းတဲ့ သွားပွတ်တံနဲ့သွားတိုက်ဆေးသုံးဖို့က အခြေခံအချက်ပါ။ ပြီးတော့ ရေများများသောက်ဖို့၊ သွားကို ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့လိုအပ်ပါတယ်။ သွားတိုက်တဲ့အခါ မှန်ကန်တဲ့သွားတိုက်နည်းဖြစ်ဖို့လည်းအရေးကြီးပါတယ်။ မဟုတ်ရင် ကောင်းကျိုးထက်ဆိုးကျိုးပိုများပြီး သွားပိုပျက်စီးစေနိုင်လို့ပါ။
    • နူးညံ့တဲ့သွားတိုက်တံကိုသုံးပါ။ သွားပွတ်တံအမွေးတွေကြမ်းရင် ကြွေလွှာကိုပျက်စီးစေနိုင်လို့ နူးညံ့တဲ့အမျိုးအစားကိုရွေးပါ။
    • သွားပွတ်တံကို အတည့်လိုက်သုံးတာထက် ၄၅ ဒီဂရီ ခပ်စောင်းစောင်းလေးထားပြီးတိုက်သင့်ပါတယ်။
    • သွားတိုက်ပုံမှန်ကန်ပါစေ။ အပေါ်နဲ့အောက် ကိုနည်းနည်းပဲတိုက်ပြီး စက်ဝိုင်းပုံသဏ္ဍာန်သွားတိုက်ပေးရင် သွားမျက်နှာပြင်အကုန်လုံးကို သန့်စင်ပေးနိုင်ပါတယ်။ ဘေးတိုက် သွားတိုက်နည်းကိုရှောင်ပါ။ သွားအပေါ်ယံလွှာထိခိုက်ပျက်စီးမှုကိုကာကွယ်နိုင်ဖို့ သွားပွတ်တံ၊ သွားတိုက်ဆေးမဟုတ်တဲ့ တခြားသွားတိုက်နည်းတွေကို သိပ်မသုံးစေချင်ပါ။
    • အမေရိကန်သွားဘက်ဆိုင်ရာပညာရှင်များအဖွဲ့အစည်းကလည်း တစ်နေ့နှစ်ကြိမ် သွားတိုက်ချိန်ကို ၂ မိနစ်ထက်မပိုဖို့ အကြံပြုထားပါတယ်။
    • လျှာကိုပါတိုက်ပါ။ တချို့သွားပွတ်တံတွေမှာ လျှာကိုတိုက်ဖို့ ဘရက်ရှ်သပ်သပ်ပါလာတတ်ပါတယ်။ မပါခဲ့ရင်လည်း နဂိုနူးညံ့ပြီးသား သွားပွတ်တံနဲ့ဆို ခပ်ဖွဖွတိုက်ရုံပဲ။
    • သွားတိုက်ပြီးရင် ခဏတော့ခံတွင်းသန့်အောင်ထားပါ။ သွားတိုက်ပြီးတဲ့အခါ မိနစ် ၃၀ လောက် ဘာမှမစားဘဲနေပေးပါ။

    သွားပွတ်တံနဲ့ပတ်သက်ပြီး ဘာတွေသတိထားရမလဲ

    သွားနဲ့ခံတွင်းကျန်းမာရေးအတွက် သွားပွတ်တံက အရေးပါတဲ့အသုံးအဆောင်ဖြစ်လို့ ဒီအချက်တွေသိထားသင့်တယ်နော်။

    • သွားပွတ်တံကို အနည်းဆုံး သုံးလ တစ်ကြိမ်အသစ်လဲသင့်ပါတယ်။
    • သွားပွတ်တံကို တခြားလူတွေနဲ့မျှမသုံးပါနဲ့။ ကိုယ့်သွားပွတ်တံနဲ့ကိုယ် သတ်သတ်မှတ်မှတ်သုံးပါ။ တစ်အိမ်တည်းနေတာဆိုပြီး သူ့ဟာကိုယ်သုံး၊ ကိုယ့်ဟာသူသုံးတွေ ရောမသုံးပါနဲ့။ ရောဂါပိုးတွေကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေနဲ့ ကူးစက်တတ်တဲ့ ရောဂါအခံရှိသူတွေကြားမှာ ပိုအန္တရာယ်များပါတယ်။
    • သွားပွတ်တံကို တိုက်ပြီးတာနဲ့ ရေဆေးသန့်စင်ပါ။ သွားတိုက်စဉ်က အညစ်အကြေး၊ အကြွင်းအကျန်တွေ ကပ်ငြိကျန်နေနိုင်တာကြောင့် ဆေးကြောသင့်ပါတယ်။ ပြီးရင်တော့သွားပွတ်တံကိုထောင်လျက်ထားပြီး လေသလပ်ခြောက်သွေ့စေတာကောင်းပါတယ်။
    • အသုံးပြုနေတဲ့ သွားပွတ်တံကို အဖုံးအစွပ်တွေနဲ့ မသိမ်းဆည်းသင့်ပါဘူး။ စိုစွတ်ပြီးလေလုံတဲ့နေရာတစ်ခုမှာ ဘက်တီးရီးယားတွေပေါက်ဖွားဖို့ပိုလွယ်ကူပါတယ်။
    • သွားပွတ်တံကို ရေနွေးထဲနှစ်မဆေးပါနဲ့။ မစိမ်ပါနဲ့။ ပိုးမွှားတွေသေစေဖို့ိဆိုတာထက် သွားကိုကာကွယ်ပေးနိုင်တဲ့ သွားပွတ်တံရဲ့အစွမ်းအာနိသင်လျော့ကျသွားနိုင်ပါတယ်။
    • ခရီးသွားတဲ့အခါ အိမ်မှာသုံးနေတဲ့သွားပွတ်တံအစိုကြီးကို အိတ်ထဲထိုးထည့်မသွားပါနဲ့။ ခရီးသွားတဲ့အခါ အသစ်သပ်သပ် သုံးပါ။
    • သွားပွတ်တံကို အိမ်သာနဲ့ နီးနီး မထားပါနဲ့။ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်ဖို့ ပိုလွယ်လို့ပါ။
    • သွားပွတ်တံကို ၃လ သို့မဟုတ် ၄ လ တစ်ကြိမ် အသစ်ဝယ်သုံးပါ။ သုံးတာကြာလာရင် ဘရက်ရှ်မွေးတွေဖွာလာတာ၊ ပျက်စီးလာတာဆိုရင် သွားတိုက်သန့်စင်တာ အရင်လောက်မထိရောက်တော့ပါဘူး။ ရောဂါပိုးတွေကပ်တွယ်နေနိုင်သလို မှိုတွေဘာတွေ ရှိနေနိုင်တာပေါ့။ တချို့သွားပွတ်တံတွေက ဒီလို သုံးလေးလမပြောနဲ့၊ တစ်လတောင်မခံဘဲ ဖွာကုန်တာ၊ အနံ့အသက်တွေစွဲတာ၊ ဘရက်ရှ်တွေကျွတ်ထွက်ကုန်တာတွေ ရှိနိုင်တော့ နှစ်ခါပြန် ပိုက်ဆံကုန်ရတယ်။ ဒါ့ကြောင့် အရည်အသွေးကိုယုံကြည်စိတ်ချလို့ရတဲ့ Oral-B သွားပွတ်တံတွေကို သုံးတာက ဒီပြဿနာတွေမကြုံရတော့ဘူးပေါ့။
    • ကိုယ်နဲ့ကိုက်ညီတာကိုရွေးချယ်ပါ – သွားတိုက်တံတွေက အမျိုးမျိုး ရှိပါတယ်။ တချို့သွားတိုက်တံတွေက သွားဖုံးတွေကျန်းမာရေးအတွက်ကို အဓိကထားထုတ်လုပ်ထားတယ်။ တချို့သွားတိုက်တံတွေကတော့ အထွေထွေသွားနဲ့ခံတွင်းကျန်းမာရေးအတွက်ထုတ်လုပ်ထားတယ်။ ထိခိုက်လွယ်တဲ့သွားတွေအတွက်ထုတ်လုပ်ထားတယ် စသဖြင့်ပေါ့။ အဲဒီထဲကမှ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်နိုင်မယ့် သွားပွတ်တံအမျိုးအစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

    သွားနဲ့သွားဖုံးကျန်းမာရေးက ပစ်ထားလို့ရတဲ့အရာတစ်ခုမဟုတ်ဘူး။ ဂရုစိုက်ရတာလွယ်သလို ဖြစ်သလိုပစ်ထားလိုက်လို့ရှိရင်လည်း တစ်သက်လုံးဆိုးကျိုးရှိနိုင်မယ့် နောက်ဆက်တွဲတွေအများကြီးဖြစ်နိုင်တယ်။ အလွယ်ဆုံးဂရုစိုက်နိုင်တဲ့နည်းလမ်းကတော့ ကောင်းမွန်သင့်တော်တဲ့ သွားပွတ်တံကို ရွေးချယ်ဖို့ပါပဲ။ ဒါကြောင့် သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် အဓိကကျတဲ့သွားပွတ်တံကို အသေအချာရွေးချယ်ပြီး သွား၊ ခံတွင်းနဲ့ ခန္ဓါကိုယ်ကျန်းမာရေးကို ဂရုစိုက်နိုင်ကြပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement