ကောင်းကျိုးတွေ
• သွားတိုက်တာ ပိုပြောင်ပြီး ပိုနှံ့ပါတယ်။ အစာဖတ်တွေကို ပိုပြီးမြန်မြန်နဲ့ကောင်းကောင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ပုံစံရှိတဲ့ သွားပွတ်တံတွေဆိုရင် ပုံမှန်သွားပွတ်တံတွေနဲ့ ရှင်းလင်းနိုင်ဖို့ခက်ခဲတဲ့နေရာတွေဖြစ်တဲ့ အံသွားနောက်ကနေရာ၊ သွားဖုံးအစပ်စတဲ့နေရာတွေကိုပါ ကောင်းကောင်းရှင်းလင်းပေးနိုင်တဲ့အတွက် သွားပိုးပေါက်တွေနဲ့ပိုးဝင်ရောင်ရမ်းတာတွေကို ပပျောက်စေပါတယ်။
• လျှပ်စစ်သွားပွတ်တံဟာ သွားဖုံးရောင်တာနဲ့တခြားသောသွားနဲ့ ခံတွင်းရောဂါတွေအတွက် အကောင်းဆုံးအဖြေဖြစ်ပါတယ်။ ဒီခေတ်ပေါ် သွားပွတ်တံကိုသုံးမယ်ဆိုရင် သင့်အနေနဲ့ ကိုင်ထားဖို့သာလိုမှာဖြစ်ပြီး ကျန်တာကို သူ့အလိုလိုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သင့်အနေနဲ့သွားဖုံးကို ခပ်ကြမ်းကြမ်းမတိုက်မိတော့တဲ့အတွက် အနာတရမဖြစ်နိုင်တော့သလို သွားဖုံးရောင်တာမျိုးကိုလည်း ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်လျှပ်စစ်သွားပွတ်တံဟာ သွားကြွေလွှာကိုလည်း ကာကွယ်ပေးပါသေးတယ်။ သွားကြွေလွှာ ကွာရင် အရမ်းအေးတာ၊ အရမ်းပူတာ ဒါမှမဟုတ် တခြားလှုံ့ဆော်မှုတွေကို ဆတ်ဆတ်ထိမခံတာမျိုး ဖြစ်လာနိုင်ပါတယ်။
• အချိန်ကုန် သက်သာမယ်။ လူတစ်ယောက် ပုံမှန်သွားတိုက်တဲ့ ကြာချိန်ဟာ စက္ကန့် ၃၀ လောက်ကနေ ၆၅ စက္ကန့်လောက်ရှိတတ်ပါတယ်။ တချို့လူတွေက သွားတိုက်တာ ဒီလောက်ကြာစရာမလိုပါဖူးကွာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှားနေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။