backup og meta

သွားကျဉ်ခြင်း၏အဓိကအကြောင်းအရင်းများ

အကယ်၍ သင်သည် အေးသောအစားအစာများ စားခြင်းကို ရှောင်နေရလျှင် (သို့) အပူနှင့်ထိတွေ့ပါ က သင်၏သွားသည် နာကျင်မှုကို ခံစားနေရပြီဆို လျှင် သွားကျဉ်နေပြီဟု ပြောလို့ရပါသည်။ သင်၏ သွားကျန်းမာရေးအတွက် သိသင့်သော သွားကျဉ် ခြင်း အကြောင်းအရာများနှင့် ကုသနည်းများကို အောက်တွင်ဖော်ပြထားပါသည်။

သွားကျဉ်ခြင်း၏အဓိကအကြောင်းအရင်းများ

သွားတိုက်ခြင်းအလေ့အကျင့်

သွားကို အားအရမ်းသုံးပြီးတိုက်ခြင်း၊ သွားပွတ်တံအမာနှင့် တိုက်ခြင်းသည် သွား၏အပေါ်ယံကြွေလွှာကို ပျက်စီး စေပြီး သွားကျဉ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ ကြောင့် အအေး၊ အပူနှင့် အက်စစ်ဓါတ်ပါသော အစားအစာများကို စားသုံးသောအခါ သွားကျဉ်တာ ကို ခံစားရခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာအ တွက် ဖြေရှင်းနည်းကတော့ သွားပွတ်တံအပျော့နှင့် နည်းလမ်းတကျသွားတိုက်ခြင်းက ကောင်းမွန်သော နည်းလမ်း ဖြစ်ပါသည်။

သွားဖြူစေသော သွားတိုက်ဆေးသုံးခြင်း

သွားဖြူစေသော သွားတိုက်ဆေးများသည် သွားကို ထိခိုက်စေနိုင်ပါသည်။ ကျွန်ုပ်တို့အများစုသည် သွားဖြူစေသော အာနိသင် ပါသည့် သွားတိုက်ဆေးများကို ပို၍ ကြိုက်နှစ်သက်သောကြောင့် ပစ္စည်းထုတ်လုပ်သူ များသည် သွားဖြူစေသောဓါတုပစ္စည်း များကို သွားတိုက် ဆေးတွင် ထည့်သွင်းအသုံးပြုကြသည်။ ၎င်းဓါတု ပစ္စည်းများသည် သွားဖြူစေသော်လည်း အပေါ်ယံ ကြွှေလွှာအတွက် မကောင်းပါ။ ထို့ကြောင့် သင့်သွား လုံခြုံစိတ်ချဖို့အတွက် သွားတိုက်ဆေး၊သွားပွတ်တံရှိ အညွှန်းစာများ ကို သေချာဖတ်ဖို့လိုပါသည်။

အက်စစ်ပါသော အစားအစာများ လွန်ကဲစွာစားခြင်း

အက်စစ်ပါသော အစားအစာများ (သံပရာသီး၊ လိမ္မော်သီး၊ ရှာလကာရည်)များသည် သွား၏အပေါ်ယံ ကြွေလွှာအတွက် မကောင်းသောကြောင့် စားသုံးပါ က သွားကျဉ်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် သင်ဟာ သွားကျဉ်တတ်သည်ဆိုလျှင် အက်စစ်ပါ သောအစားအစာများကို ရှောင်ကြဉ်သင့်ပြီး သွား ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

သင်ဟာ သွားနှင့်ပတ်သက်ပြီး ကုသမှုခံယူဖူးသလား

သွားနှုတ်ခြင်း၊ သွားတုစွပ်ခြင်းတို့ ပြုလုပ်ပြီး သောအခါမျိုးတွင် သွားအနည်းငယ်ကျဉ်တတ်သည် မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော်လည်း သွားကျဉ်ခြင်း သည် အချိန်ကာလတစ်ခုအထိ မပျောက်ကင်းဘူးဆို လျှင် သွားဆရာဝန်နှင့် ပြသသင့်ပါသည်။

သင်ဟာ သွားကြိတ်တတ်သူတစ်ယောက်ဆိုလျှင်

တကယ်တော့ သွားကြိတ်ခြင်းသည် မကောင်းသော အလေ့အကျင့်ဖြစ်သောကြောင့် သွားဆရာဝန်နှင့် ကုသသောသူများလည်း ရှိပါသည်။ သွား၏ကြွေလွှာ သည် ခန္ဓါကိုယ်တွင် အသန်မာဆုံးအရာဝတ္ထု ဖြစ် လျှင်တောင်မှ သွားကြိတ်ခြင်းဟာ ကြွေလွှာကို ပျက် စီးစေပါသည်။ သွားကြိတ်ခြင်းဟာ သွားရှိ ဒန်တင် တစ်ရှူး (dentin tissue)တွေကို ပေါ်စေပြီး သွား၏အာရုံကြောကို ထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် သွားကြိတ်ခြင်း အလေ့ အထကို ရပ်အောင် မည်သို့ပြုလုပ်သင့်သည်ကို သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့် အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Biggest Causes of Tooth Sensitivity – http://www.everydayhealth.com/dental-health/10-biggest-causes-of-tooth-sensitivity.aspx. Assessed January 5,2017

What Can You Do About Sensitive Teeth-http://www.webmd.com/oral-health/guide/tooth-sensitivity#1– Assessed January 5, 2017

 

ယခုပုံစံ

28/09/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ