backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ထိခိုက်လွယ်သော သွားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထိခိုက်လွယ်သော သွားများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sensitive teeth (ထိခိုက်လွယ်သော သွားများ) ဆိုတာ ဘာလဲ။

သင့်မှာ ထိခိုက်လွယ်သော သွားတွေရှိနေခဲ့ရင် သွားတိုက်ခြင်း၊ သွားကြားထိုးခြင်း၊ စားသောက်ခြင်း စတဲ့ လုပ်ငန်းဆောင်တာလေးတွေကတောင်မှ သွားမှာယာယီ စူးရှနာကျင်တဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီပြဿနာဟာ သွားကြွေလွှာပျက်စီးခြင်း ၊သွားပိုးပေါက်ရှိခြင်း ၊သွားပဲ့ခြင်း၊ လတ်တလော သွားဖာထားခြင်း သို့မဟုတ် အခြားသွားကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက် (ဥပမာ သွားချေးချွတ်ခြင်း) တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Sensitive teeth (ထိခိုက်လွယ်သော သွားများ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ထိခိုက်လွယ်သော သွားများမှာ ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ခံတွင်းနာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတွေအပါအဝင်ပေါ့။ ဒါတွေက သင့်သွားဟာ အချို၊ အချဉ် သို့မဟုတ် အက်ဆစ်ပါဝင်တဲ့စားစရာ (ချိုချဉ်လုံး သို့မဟုတ် ရှောက်သီး စတဲ့ စားစရာတွေ) အပူဓါတ် နဲ့ အအေးဓါတ် တွေ(ရေခဲမုန့်၊ လေအေးကိုရှူသွင်းခြင်း သို့မဟုတ် ကော်ဖီပူပူ အစရှိသဖြင့်) စတာတွေနဲ့ ထိတွေ့မိတာကြောင့် ဖြစ်ရတာပါ။

အသိများတဲ့ မှားယွင်းတဲ့အယူအဆတွေကတော့ ဒီပြဿနာဟာ သင်က အပူ၊အအေး၊အချို သို့မဟုတ် အချဉ်စတဲ့စားစရာတွေကိုစားမိတဲ့အခါမှ နာကျင်စေတယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါပေမယ့် သွားက အအေးကိုမခံနိုင်ဘူးဆိုရင် လေအေးကိုရှူသွင်းလိုက်တဲ့အခါတို့ ရေခဲပါတဲ့အအေးတွေသောက်မိတဲ့အခါတို့မှာ သွားအခြေအနေက သက်တောင့်သက်သာရှိမှာမဟုတ်ပါဘူး။

သွားတွေထိခိုက်မခံနိုင်တာဟာ ဖိအား သို့မဟုတ် ထိလိုက်တဲ့အခါတွေမှာ ပိုပြီးသိသာပါတယ်။ အချို့တွေမှာတော့ သွားတိုက်ခြင်း သို့မဟုတ် သွားကြားထိုးခြင်းတွေမှာတောင် ထိခိုက်မခံနိုင်တာကိုတွေ့ရပါတယ်။

အရေးကြီးတာကတော့ ကိစ္စအတော်များများမှာ ထိခိုက်မခံတဲ့သွားတွေဟာ ရေစီးကမ်းပြိုလိုက်ခြင်းကြောင့်ဖြစ်နိုင်သလို ရေစီးကမ်းပြိုလိုက်ခြင်းကိုလည်းတွဲပြီးဖြစ်စေနိုင်တယ်ဆိုတာကို မှတ်သားထားဖို့ပါပဲ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ရဲ့ ထိခိုက်လွယ်သော သွားတွေကို သင်ကိုယ်တိုင်ကုသနေတာ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတာတောင်မှ တိုးတက်မှုမရှိလာဘူး ပြန်ကောင်းမလာဘူးဆိုရင် သွားဆရာဝန်ဆီ သွားသင့်ပါပြီ။

ကာကွယ်ခြင်း နှင့် ကုသခြင်း

ဘယ်လို ကာကွယ်ရမလဲ။

အထိမခံနိုင်တဲ့သွားတွေကိုကာကွယ်ဖို့အတွက် ညမှာတစ်ကြိမ် နဲ့ နေ့ဘက်မှာ အနည်းဆုံးတစ်ကြိမ် ဖလိုရွိုက်သွားတိုက်ဆေးနဲ့ သွားတိုက်ပေးသင့်ပါတယ်။ ထိခိုက်လွယ်သော သွားအမျိုးအစားအတွက် အထူးထုတ်ထားတဲ့ သွားတိုက်ဆေးကိုသုံးတာက ပိုပြီးသင့်လျော်ပါတယ်။ အမွေးနုတဲ့ သို့မဟုတ် အလယ်အလတ်နူးညံ့တဲ့ အမွေးတွေပါတဲ့သွားတိုက်ဆေးနဲ့ စက်ဝိုင်းငယ်ပုံလှုပ်ရှားမှုနဲ့ သွားတိုက်သင့်ပါတယ်။ ဘေးတိုက် တိုက်ခြင်းကိုရှောင်ပါ။

• ၂လ ၊၃လကြာတိုင်းမှာ သွားပွတ်တံလဲပေးပါ။ ဒါမှမဟုတ် သွားပွတ်တံ ပုံပျက်လာပြီဆိုရင် လဲပေးပါ။

• သကြားပါတဲ့စားစရာတွေ၊ အမြှုပ်ပြီး အက်ဆစ်ဓါတ်ပါတဲ့သောက်စရာတွေ မကြာခဏစားသောက်ခြင်း မလုပ်ပါနဲ့။ အစာစားချိန်မှာပဲ ဒီအရာတွေကို စားဖို့ ကြိုးစားကြည့်ပါ။

• သွားကြိတ်တတ်တယ်ဆိုရင် သွားဆရာဝန်ကိုး သွားအကူအံကပ် ညဘက်တပ်အိပ်သင့်သလားဆိုတာ မေးကြည့်ပါ။

• သွားတွေကိုအရောင်ချွတ်ဖို့စဉ်းစားနေတယ်ဆိုရင် မလုပ်ခင်မှာ ဆရာဝန်နဲ့ ဆွေးနွေးပါ။

• ဆရာဝန်အကြံပြုတဲ့အတိုင်း ရက်ချိန်းပုံမှန်သွားပြပါ။

ဘာလုပ်သင့်သလဲ?

သတင်းကောင်းကတော့ ဒီရောဂါကို ထိန်းချုပ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိတာပါပဲ။

• သွားပုံမှန်တိုက်ပြီး သွားကြားပုံမှန်ထိုးပေးနိုင်ပါတယ်။ စနစ်ကျ မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သွားကြားထိုးနည်းတွေကိုအသုံးပြုမှသာ သွားနဲ့ခံတွင်းရဲ့နေရာအစိတ်အပိုင်းအားလုံးကို သေချာသန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။

• အမွေးနုတဲ့ သွားပွတ်တံကိုအသုံးပြုပါ။ သွားဖုံးအနားတွေကို ညင်သာနူးညံ့စွာနဲ့ ဂရုတစိုက် တိုက်ပေးမှသာ သွားဖုံးတစ်သျှူးတွေကို မဖယ်ရှားမိမှာပါ။

• ထိခိုက်လွယ်တဲ့သွားများအတွက်ထုတ်ထားတဲ့သွားတိုက်ဆေးကိုအသုံးပြုပါ။ တံဆိပ်အမျိုးမျိုးနဲ့ရနိုင်ပါတယ်။ ပုံမှန်အသုံးပြုတာက သွားတွေကို ပိုပြီးတော့ခံနိုင်ရည်ရှိလာစေမှာပါ။ သင့်အတွက်ဘယ်တံဆိပ်ကအကောင်းဆုံးဖြစ်မယ်ဆိုတာကိုသိဖို့ တံဆိပ်အများကြီးကိုသုံးကြည့်ဖို့လိုပါတယ်။ အိပ်ရာမဝင်ခင် သွားတိုက်ဆေးကို သွားအမြစ်ပေါ်နေတဲ့နေရာမှာ လက်ချောင်းသို့မဟုတ် ဂွမ်းတံကိုအသုံးပြုပြီး အလွှာတစ်ခုလုပ်ပေးပါ။ ဖလိုရွိုက်ပါဝင်တဲ့သွားတိုက်ဆေးကိုသာသုံးပါ။ သွားကျောက်တည်ခြင်းကို ထိန်းချုပ်ပေးတဲ့သွားတိုက်ဆေးကိုမသုံးပါနဲ့။

• ဘာကိုစားရမယ်ဆိုတာ သတိထားပါ။ အက်ဆစ်ဓါတ်မြင့်မားစွာပါဝင်တဲ့စားစရာသောက်စရာတွေကို ရှောင်ပါ။

• ဖလိုရွိုက်ပါဝင်တဲ့ သွားဘက်ဆိုင်ရာ အသုံးအဆောင် တွေကိုသုံးပါ။ ဖလိုရွိုက်ပါတဲ့ ခံတွင်းသန့်စင်ဆေးရည်ကိုသုံးတာက ထိခိုက်မခံနိုင်ခြင်းကို လျော့နည်းစေပါတယ်။ အိမ်မှာသုံးလို့အဆင်ပြေမယ့် ပစ္စည်းတွေအကြောင်း သွားဆရာဝန်ကိုမေးပါ။

• သွားမကြိတ်ပါနဲ့။ ညဘက်ကို သွားအကူအံကပ် သုံးပါ။

• ၆လတစ်ကြိမ်သွားဆရာဝန်ဆီသွားပါ။ (သို့မဟုတ် သင့်အခြေအနေပေါ်မူတည်ပြီး မကြာမကြာသွားပါ)

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement