backup og meta

လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု

    ဘာမှကို မလုပ်နိုင်ဘူး၊ခေါင်းတွေတောင်ကိုက်နေပြီ။ ဖျားနေလို့လားဆိုတော့ မဟုတ်ဘူး။ အကြောင်းကတော့ လည်ချောင်းနာ နေတာပါ။ လည်ချောင်းနာတာက ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ တစ်နေ့တာလုံး အလုပ်တွေကျောင်းစာတွေကိုကောင်းကောင်းအာရုံမစိုက်နိုင်တော့အောင်ကို လုပ်နိုင်တာပါ။ ဒီတော့ လည်ချောင်းနာတဲ့အခါ စိတ်ထဲမှာတွေးမိမှာတစ်ခုကမြန်မြန်သက်သာချင်လိုက်တာဆိုတဲ့အချက်ပါ။ ဘာပဲစားစား မျိုချရခက်တယ် မြန်မြန်လည်းပျောက်ချင်ပါရဲ့ ဒါပေမယ့် ဆေးသောက်ရမှာကြောက်တယ်၊ လည်ချောင်းနာတာလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းလေးတစ်ခုပြောပြမယ်လေ။ ကဲ …. လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်း

    လူတော်တော်များများယူဆထားတာက လည်ချောင်းနာတာကိုဖြစ်စေတာကအေးတာတွေစားလို့၊ အရမ်းအေးနေတဲ့ရေ၊ အချိုရည်တွေကိုသောက်လို့ စတဲ့အကြောင်းအရာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ လည်ချောင်းနာစေတာက အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ အခုလို မိုးရာသီမှာဆိုရင် ပိုအဖြစ်များပါတယ်။

    လည်ချောင်းနာနေပြီ။ ဘယ်လိုသက်သာအောင်လုပ်မလဲ……………

    လည်ချောင်းနာနေပြီဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်။

    လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု

    ဆေးကြောက်သူတွေအတွက် လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုကတော့ ငုံဆေးငုံတာပေါ့။ ငုံဆေးတွေကဆေးလို့ ခံစားရမှုကိုနည်းစေနိုင်တာကြောင့်လည်းဆေးကြောက်သူတွေနဲ့ အသင့်တော်ဆုံးကုထုံးတစ်ရပ်ပေါ့။ အလုပ်လည်းမပျက်ဘဲ ပါးစပ်ထဲမှာ ငုံထားလိုက်ရင်ကို အဆင်ပြေနေမှာပါ။

    ငုံဆေးကလည်ချောင်းနာသက်သာစေဖို့သက်သက်ပဲလား……..

    မဟုတ်ပါဘူး။ ငုံဆေးဆိုတာက လည်ချောင်းနာသက်သာစေဖို့အပြင် ခံတွင်းအနံ့ဆိုးကင်းပြီးချောင်းဆိုးတာကိုပါ သက်သာစေနိုင်ပါတယ်။ ငုံဆေးလေး ငုံထားရုံနဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်ဆိုတော့ ခံတွင်းနံ့ဆိုးမှာစိုးတဲ့သူတွေ၊ လူကြားထဲမှာချောင်းဆိုးမှာစိုးနေတဲ့သူတွေ၊ ချွဲထနေတာကြောင့် လည်ချောင်းထဲမှာယားယံနေတာတွေကိုသက်သာစေနိုင်တာကြောင့်ချောင်းဆိုးချင်တာကိုအောင့်ထားရတဲ့ပြဿနာလည်းကင်းဝေးသွားမှာပါ။

    လည်ချောင်းနာတာကို သက်သာစေဖို့ငုံဆေးကောင်းတစ်ရပ်ရဲ့လက္ခဏာတွေက ဘာတွေများလဲ……………..

    လည်ချောင်းနာတာကို သက်သာစေဖို့ ငုံဆေးတိုင်းကို ငုံလို့မဖြစ်ပါဘူး။ လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အရာတွေပါတဲ့ ငုံဆေးတွေက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒီတော့လည်ချောင်းနာတာကို သက်သာစေဖို့ ငုံဆေးရှာနေတယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။

    • လည်ချောင်းနာတာကို တကယ်သက်သာစေတာလား
    • ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်လား
    • ပါဝင်ပစ္စည်းတွေကရောဘေးကင်းရဲ့လား ဆိုတာတွေကိုသေချာကြည့်ရပါမယ်။ ဒီအချက် ၃ ချက်ထဲမှာမှပါဝင်ပစ္စည်းတွေကိုသေချာကြည့်ရင်ကို အဆင်ပြေနေပါပြီ။

    ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးမယ့်ပါဝင်ပစ္စည်းတွေဆိုတာက….

    အပေါ်မှာလည်းပြောခဲ့ပြီးပါပြီ။ လည်ချောင်းနာရတာက ဗိုင်းရပ်စ်ကြောင့်ဆိုတာကိုပါ။ ဒီတော့ လည်ချောင်းနာတဲ့ ဘက်တီးရီးယားတွေကို နှိမ်နှင်းပေးမယ့် ပါဝင်ပစ္စည်းတွေကို သိရင်ကိုဆေးဝယ်ဖို့က အဆင်ပြေပါပြီ။ ဒီတော့ လည်ချောင်းနာသက်သာစေဖို့ ဒါလေးတွေသတိထားပေးပါ။

    ပရုပ်အေး – ပူရှိန်းရှိန်းခံစားမှုနဲ့အတူ လည်ချောင်းထဲက တစ်ရှုးတွေကို ထုံသွားစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးကင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

    ယူကလစ်ဆီ – အသက်ရှုလမ်းကြောင်းနဲ့လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝပစ္စည်းတစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓါတ်မတည့်မှုပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်းကောင်းစေပြီးရောဂါပိုးတွေ ကူးစက်ခံရမှုကလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

    ပျားရည် – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လည်ချောင်းနာကိုတင် သက်သာစေမှာမဟုတ်ဘဲ ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ ၁ နှစ်အောက်ဘေဘီလေးတွေနဲ့တော့ မသင့်တော်ပါဘူး။

    သံပုရာသီး – ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။

    သံပရိုသီး – အချဉ်ဓါတ် ပါတာကြောင့် ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝတယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ခံတွင်းရှင်းစေပြီး အသက်ရှုစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။

    ကဲ…ရာသီဥတု အခြေအနေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ အရာတွေနဲ့ ရောပါလာတဲ့ ဘက်တီးရီးယားတွေကြောင့် လည်ချောင်းနာနေပြီဆိုရင် အကြာကြီးမခံစားနဲ့တော့နော်။ မြန်မြန်သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ရွေးချယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement