backup og meta

ခံတွင်းကျန်းမာရေး ထိန်းသိမ်းနည်း ၈ မျိုး


Dr. Kaung Thar မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကျန်းမာရေး ထိန်းသိမ်းနည်း  ၈ မျိုး

    သင့်ပါးစပ်ထဲရှိ ဘက်တီးရီးယားသန်းပေါင်းများစွာသည် ရောင်ရမ်းစေသည့်အပြင် အခြားကိုယ်အင်္ဂါများကို ထိခိုက်မှုရှိနိုင်သည်။ ဆွီဒင်ပညာရှင်၏လေ့လာချက်အရ ကျွမ်းကျင်သူများက သွားချေးများသောသူသည် သန့်ရှင်းသောသွားရှိသူထက် မုန့်ချိုအိတ်ကင်ဆာပို၍ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဖင်လန်နိုင်ငံမှလေ့လာမှုအရ သိပ္ပံပညာရှင်များက သွားချိုးရှိသည့်နိုင်ငံသားများသည် နှလုံးရောဂါဖြစ်နိုင်ချေ ၂ ဆပိုများသည်ဟု ဖော်ပြထားသည်။ ထိုကြောင့် သင့်ပါးစပ်မှစ၍ တစ်ကိုယ်လုံးကျန်းမာရေးကို ထိန်းသိမ်းသင့်သည်။

    သွား၊လျှာနှင့် ပါးစောင်အတွင်းသားများကိုတိုက်ပါ။

    သွားကြားရှိချေးများ၊ အစာများဖယ်ရှားရန် သွားတိုက်ခြင်းသည် လွယ်ကူလျင်မြန်ဆုံးနည်းဖြစ်သည်။ သွားချေးနည်းသည်ဆိုသည်မှာ သင့်ပါးစပ်ထဲတွင် ဘက်တီးရီးယားနည်းလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် သွားကိုဂရုစိုက်ရုံနှင့် မလုံလောက်ပေ။ ပါးစပ်၏အခြားနေရာဖြစ်သည့် လျှာနှင့် ပါးစောင်မျာကိုလည်း အာရုံစိုက်ရမည်။

    သွားပွတ်ကြိုးသုံးခြင်း

    သွားပွတ်ကြိုးဖြင့် သွားကြားမှန်မှန်သန့်ရှင်းပေးခြင်းက ပို၍ကောင်းသည်။ အဓိကမှာ သွားနှင့်သွားပွတ်ကြိုး ကိုက်နေရမည်ဖြစ်သည်။ သင့်တွင်ကြမ်းတမ်းသောသွားပေါက်များရှိပါက ဖယောင်းပါသည့် သွားပွတ်ကြိုးကိုသုံးနိုင်သည်။ သင့်သွားတွေကျဲနေပါက အမွေးပါသည့်သွားပွတ်ကြိုး သုံးနိုင်သည်။ ပုံမှန်သွားဖြစ်လျှင် ဖယောင်းမပါသည့် သွားပွတ်ကြိုးသုံးပေးနိုင်သည်။

    ဖလိုရိုဒ်ပါသည့် သွားတိုက်ဆေးနှင့် ပလုပ်ကျင်းဆေးသုံးပေးပါ။

    ဖလိုရိုဒ်သည် သဘာဝသတ္တုဓါတ်ဖြစ်ပြီး သွားကိုသန်မာစေကာ အက်စစ်ဓါတ်မှလည်း ကာကွယ်ပေးသည်။ သွားတိုက်ဆေးနှင့် ပလုပ်ကျင်းဆေး ရွေးချယ်ရာတွင် သင့်တော်သော ဖလိုရိုဒ်ပါဝင်သည့်ထုတ်ကုန်များကို ရှာဖွေသင့်သည်။

    သကြားပါသည့်အစာနှင့်သောက်စရာများရှောင်ကြဉ်ပါ။

    အချိုအများအပြားစားခြင်းသည် တံထွေး၏ pHကိုကျစေကာ သွားချေးတွေအား သွားကိုပျော်ဝင်တိုက်စားစေသည့် အက်စစ်အဖြစ်ပြောင်းလိုက်သည်။ ထို့ကြောင့် အချိုများသည့်အစာဖြစ်သည့် သကြားလုံး၊ သရေစာများကို အလွန်အကျွံမစားသင့်ပါ။ သို့သော်သင်သည် အချိုအလွန်ကြိုက်ပါက အဓိကအစာအနည်းငယ်စားပြီးမှ အချိုမုန့်များကို စားသင့်ပါသည်။ ဤသို့လုပ်ခြင်းဖြင့် အချိုစွဲလန်းခြင်းကိုကူညီတားဆီးရာရောက်ပါသည်။

    မှန်ကန်သောပီကေဝါးပေးပါ။

    ပီကေတိုင်းသည် မကောင်းပါ။ အချို့မှာ သကြားနှင့်ပြည့်ကာ သွားပျက်စီးစေနိုင်သည်။ ပုံမှန်အမျိုးအစားထက် xylitolပါသည့် ပီကေကိုဝါးပေးသင့်သည်။ Xylitolသည် သွားဆွေးခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယားများစွာကို လျှော့ချပေးနိုင်သည်။ သို့မှသာ ပါးစပ်ထဲတွင် ပိုးမွှားများ မစုဝေးနိုင်မည်ဖြစ်သည်။

    အဓိကနေရာများကိုထိမိပါစေ။

    သွားတိုက်သည့်အခါ ပုံမှန်အရွယ်သွားတိုက်တံသည် အဓိကနေရာဖြစ်သည့် အောက်ဖက်ရှေ့သွား၏ အနောက်ဖက်များ၊ အပေါ်ဖက်အံသွား၏ အပြင်ဖက်များကိုတိုက်ရန်ခက်ခဲပါသည်။ ကောင်းမွန်သောရလဒ်ရရန် ခေါင်းသေးသည့် သွားတိုက်တံကိုရွေးရမည်။ ဤအရွယ်သည် သွားပေါ်တွင်ရွေ့လျားရန်နှင့် အရက်ချိုးများဖယ်ရှားရန် ထောင့်တိုင်းကို ထိနိုင်သည့်အတွက် သင့်တော်ပါသည်။

    သောက်စရာများကို အမျှော်အမြင်ရှိရှိ ရွေးချယ်ပါ။

    အက်စစ်ဓါတ်၊ ဆိုဒါပါသည့် သောက်စရာများ၊ အားဖြည့်အချိုရည်များသည် တိုက်စားတတ်သည်။ အလုပ်လုပ်ပြီးလျှင် အားဖြည့်အချိုရည်သောက်ပြီးေ ရသောက်ခြင်းဖြင့် သွားမှအက်စစ်ဓါတ်များကိုဆေးကြောပါ။ သင့်စိတ်ကိုနိုးကြားရန် ကဖိန်းဓါတ်လိုအပ်ပါက အားဖြည့်အချိုရည်အစား ပုံမှန်ဘလက်(ခ်)ကော်ဖီကိုသောက်ပါ။ အကြောင်းမှာေ ကာ်ဖီကတိုက်စားမှုနည်းသောကြောင့်ဖြစ်သည်။

    ဝိုင်နှင့်ချိစ့်ကိုတွဲပါ။

    ဝိုင်သည်အက်စစ်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး သွားကိုနည်းနည်းချင်းစီ စားသွားနိုင်သည်။ ဤသို့မဖြစ်ရန် ဝိုင်နှင့်ချိစ့်တစ်ကိုက်စာကို တွဲသုံးနိုင်သည်။ ချိစ့်သည် ပါးစပ်ထဲရှိ အက်စစ်ဓါတ်ကို ဓါတ်ပြယ်စေခြင်းကြောင့်ဖြစ်သည်။

    ဤလွယ်ကူသောနည်းလမ်းများသည် သင့်သွားကို သန့်ရှင်းကာကျန်းမာအောင် ထိန်းသိမ်းနိုင်စွမ်းကို ပို၍မြှင့်တင်ပေးသည်။ စိတ်ရှည်ခြင်းနှင့် မှန်မှန်ပြုလုပ်ပေးခြင်းသည် သင့်သွားသာမက ခန္ဓါကိုယ်တစ်ခုလုံးကို ကာကွယ်ခြင်းတွင် အရေးအကြီးဆုံးဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement