backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားကျန်းမာရေး - သွားကြွေလွှာ ပျက်စီးခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားကျန်းမာရေး - သွားကြွေလွှာ ပျက်စီးခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ကဘာလဲ။

Erosion (တိုက်စားခြင်း)ဆိုတာ အက်ဆစ်ကြောင့် သွားကြွေလွှာတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ ကြွေလွှာဆိုတာ မာကြောပြီး သွားကို ကာကွယ်ပေးနေတဲ့အလွှာပါ။ ဒီအလွှာက သူ့အောက်မှာရှိတဲ့ ထိခိုက်မခံတဲ့ သွားအလွှာ(dentine)ကိုကာကွယ်ပေးပါတယ်။ ဒီကြွေလွှာပျက်စီးသွားပြီဆိုရင် အောက်အလွှာဖြစ်တဲ့ dentine ကိုထိခိုက်စေမှာဖြစ်ပြီး နာကျင်မှုနဲ့ အထိခိုက်မခံနိုင်မှု စတာတွေကိုဖြစ်စေနိုင်ပါတယ်။

လက္ခဏာများ

သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွားကြွေလွှာ ပျက်စီးခြင်း ရဲ့ လက္ခဏာတစ်ရပ်ကတော့ ချောမွတ်တောက်ပြောင်တဲ့ သွားရဲ့အလွှာဆုံးရှုံးသွားတာပါပဲ။

သွားကြွေလွှာ ပျက်စီးခြင်း ဟာ သွားအမြစ်တွေကိုလည်း အပူတွေ အအေးတွေနဲ့ထိတွေ့မခံနိုင်အောင် ပြုလုပ်ပါသေးတယ်။

နောက်ဘက်အံသွားတွေမှာ သွားကြွေလွှာ ပျက်စီးခြင်း ဖြစ်တဲ့အခါ သွားရဲ့ကိုက်ဝါးတဲ့မျက်နှာပြင်တွေပျက်စီးစေပါတယ်။ ပတ်ဝန်းကျင်က သွားမျက်နှာပြင်တွေဟာ တိုက်စားမှုကြောင့် ပျော်ဝင်သွားတဲ့အခါမှာ သွားဖာခြင်း က ပိုပြီးသင့်တော်လာပါတယ်။

ကြွေလွှာပျက်စီးသွားတဲ့အခါမှာ သွားပိုးပေါက်တွေပိုပြီးဖြစ်လာနိုင်သလို သွားပျက်စီးနိုင်ချေလည်း ပိုများလာပတယ်။ သွားပျက်စီးမှုတွေဟာ မာကြောတဲ့ကြွေလွှာထဲဝင်လာပြီးတဲ့အခါမှာတော့ သွားရဲ့အဓိကကိုယ်ထည်ထဲကို ဝင်ဖို့ဝင်ပေါက်ရရှိသွားပါပြီ။

အစမှာတော့ သွားပိုးပေါက်သေးသေးလေးတွေဟာပြဿနာမရှိလှပါဘူး။ ဒါပေမယ့် ပိုးပေါက်တွေကြီးလာတဲ့အခါနဲ့ သွားကိုထိုးဖောက်လာတဲ့အခါမှာ သူတို့တွေဟာ သေးငယ်တဲ့အာရုံကြောမျှင်တွေကိုထိခိုက်လာပါတော့တယ်။ ရလဒ်ကတော့ အလွန်အမင်းနာကျင်ရတဲ့ အနာပေါက်တွေ သို့မဟုတ် ပိုးဝင်သွားတာပါပဲ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါအချက်တွေနဲ့ သွားမှာမူမမှန်တဲ့အခြေအနေတွေကိုသတိထားခဲ့မိရင် ချက်ချင်း သွားဆရာဝန်ဆီ သွားသင့်ပါတယ်။

အကြောင်းရင်းများ

သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ကိုဘာတွေကဖြစ်စေသလဲ

ကြွေလွှာပျက်စီးခြင်းဟာ အောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

• အချိုရည်အသောက်များခြင်း(phosphoric နဲ့ citric acid မြင့်မားခြင်း)

• အသီးဖျော်ရည်များ(အသီးဖျော်ရည်တွေမှာပါတဲ့ အချို့သော အက်ဆစ်တွေဟာ ဘက်ထရီအက်ဆစ်တွေထက်ပိုပြီး တိုက်စားနိုင်ပါတယ်။ )

• ခံတွင်းခြောက်ခြင်း သို့မဟုတ် တံတွေးစီးဆင်းမှုနည်းခြင်း

• အစားအစာ(သကြားနဲ့ ကစီဓါတ် ပါဝင်မှုများခြင်း)

• အစာအိမ်မှ အက်စစ်များ အထက်ပြန်ဆန်သော ရောဂါ(GERD)

• အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြဿနာများ

• ဆေးဝါးများ(aspirin, antihistamines)

• မျိုးရိုး (မျိုးရိုးလိုက်သောအခြေအနေ)

• ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ

ကာကွယ်ခြင်းနှင့် ကုသမှု

သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ကို ဘယ်လိုကာကွယ်မလဲ

သွားကြွေလွှာကိုကာကွယ်နိုင်ဖို့ သင်လုပ်နိုင်တဲ့အချက်အနည်းငယ်တော့ရှိပါတယ်။

• အစာစားချိန်မှာသာ အက်ဆစ်ပါဝင်တဲ့စားစရာသောက်စရာတွေနဲ့ ဆိုဒါလို အမြှုပ်ပါတဲ့သောက်စရာတွေကို သုံးဆောင်ပါ။ ဒါက သွားကိုတိုက်ခိုက်နိုင်တဲ့ အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။

• အမြန်သောက်ပါ။ ပါးစပ်ထဲငုံထားတာမျိုးမလုပ်ပါနဲ့။ ဒါမှမဟုတ် သောက်လိုက်တာနဲ့ ပါးစပ်နောက်ကိုရောက်သွားပြီး သွားနဲ့ကြာကြာထိတွေ့တာမျိုးမဖြစ်စေဖို့ ပိုက်ကိုသုံးပါ။

• အစာစားပြီးချိန်မှာ ချိစ့် ဒါမှမဟုတ် နို့နဲ့အဆုံးသတ်လိုက်တာက အက်ဆစ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

• စားပြီးတဲ့အခါ သကြားမပါတဲ့ ပီကေဝါးပါ။ ဒါကတံတွေးပိုမိုထွက်စေပြီး စားပြီးတဲ့အခါ ပါးစပ်ထဲအက်ဆစ်တွေဖြစ်လာတာကို ဖယ်ရှားပေးနိုင်ပါတယ်။

• အက်ဆစ်ပါဝင်တဲ့အရာတွေကို စားပြီးသောက်ပြီးလို့ သွားမတိုက်ခင်မှာ အနည်းဆုံး၁နာရီခန့်ခြားပေးပါ။ ဒါကလည်း သင့်ရဲ့သွားတွေကို သူ့ရဲ့သတ္တုဓါတ်တွေကိုပြန်လည်စုစည်းဖို့ အချိန်ပေးလိုက်တာပါပဲ။

• သွားကို ညဘက်တစ်ခါ၊ နေ့လည်ဘက်တစ်ခါ (အနည်းဆုံး) ဖလိုရွိုက်ပါဝင်တဲ့သွားတိုက်ဆေးနဲ့တိုက်ပေးပါ။ ခေါင်းသေးပြီး အလယ်အလတ်ကနေ နူးညံ့ပျော့ပျောင်းတဲ့အမွေးတွေပါတဲ့ သွားတိုက်တံကို သုံးပါ။

သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ကို ဘယ်လိုကုသပါသလဲ

သင်ဟာ စားနေတဲ့အချိန်မှာ နာကျင်နေရင် သို့မဟုတ် စူးစူးရှရှနာကျင်နေရင် နာကျင်မှုကိုသက်သာစေဖို့ အောက်ပါအချက်တွေပြုလုပ်ကြည့်ပါ။

• သွားပိုးပေါက်ထဲဝင်နေနိုင်တဲ့အစာကိုရှင်းထုတ်ဖို့အတွက် ရေနွေးနဲ့ အာလုတ်ကျင်းပေးပါ။ သွားပွတ်ကြိုးကိုသုံးပြီး သွားပိုးပေါက်ထဲဝင်နေတဲ့အစာ သို့မဟုတ် သွားကြားညှပ်နေတဲ့အစာတွေကိုဖယ်ရှားပေးပါ။

• နာကျင်နေတဲ့သွား သို့မဟုတ် သွားဖုံးတစ်သျှူးတွေပေါ်မှာ aspirin ကိုမသိပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement