10% carbamide peroxide ကို သွားတွေမှာ သုတ်လမ်းပြီး မိမိသွားတွေနဲ့ သင့်တော်မယ့် အစွပ်ကို ညဖက်မှာ စွပ်ထားနိုင်ပါတယ်။ ဒီနည်းစနစ်ကို အသုံးမပြုခင်မှာ သေချာလေ့လာဖို့၊ အညွှန်းစာတွေကို ဖတ်ရှုဖို့တော့ လိုပါတယ်။
မုန့်ဖုတ်ဆိုဒါကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အစက်အနည်းငယ်ရောပြီး သွားတိုက်ပေးခြင်းဟာလည်း နီကိုတင်းအစွန်းအထင်းတွေကို ကင်းစင်စေတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါပေါ်ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အစက်ချရာမှာ သွားတိုက်ဆေးနဲ့ ပုံစံတူသွားတဲ့အထိ ပြုလုပ်ပေးရပါမယ်။ ပြီးရင် သွားများပေါ်တင်ပြီး ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ကြမ်းတမ်းစွာပွတ်တိုက်ရင် ကြွေလွှာတွေ ပျက်စီးတတ်တာကို သတိပြုရပါမယ်။
ပုံမှန်သွားတိုက်ခြင်းကိုလည်း ဆေးလိပ်သောက်ပြီးချိန်မှာ လုပ်ဆောင်နိုင်ပါတယ်။ ဆေးလိပ်သောက်ပြီးပြီးချင်း သွားတိုက်ပေးခြင်းဟာ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေ ကြွေလွှာထဲ ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အာလုတ်ကျင်းတဲ့ ဆေးရည်ကို သွားလေရာဆောင်သွားနိုင်ပြီး ဆေးလိပ်သောက်ပြီးချိန်တွေမှာ ခံတွင်းသန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်။
ကောင်းတာကတော့ သင်ဟာ ဆေးလိပ်ကိုမဖြတ်နိုင်သေးရင် သွားဆေးခန်းကို ခြောက်လတစ်ခါလောက် သွားရောက်ပြသပြီး နီကိုတင်း အစွန်းအထင်းများ၊ သွားကျောက်များရဲ့ အခြေအနေကို စစ်ဆေးပြီး လိုအပ်သလို ကုသမှု ပြုလုပ်ပေးပါ။ ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။