backup og meta

အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်

    အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင် ပါတယ် ဆိုတာကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

    အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်

    ဝိတ်ချမယ် ဆိုရင် အစာ လျှော့စားရမယ်လို့ လူသိများ ကြပေမယ့် အစာ စောစာစားတာက ဝိတ်ချဖို့ အထောက်အကူပြု ပေးနိုင်တယ် လို့တော့ သိသူ ရှားဦးမှာပါ။

    အဆီချမယ်ဆို အစားလျှော့စားဖို့ပဲ နည်းလမ်း ရှိတာ မဟုတ်ပါဘူး။ စားသောက်မှုပုံစံကို ထိန်းလိုက်ရုံ နဲ့ အငတ်ခံစရာ မလိုဘဲ အဆီကျနိုင်တယ်လို့ရော သင်သိပါသလား။

    တစ်နေ့တာအတွင်း အစားစောစောစားခြင်းက ဆာလောင်မှုကို မဖြစ်စေတော့ဘဲ အဆီကျခြင်းကို မြန်စေတယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်တွေအတွင်း လူတော်တော်များများက ညနေစာမစားတာ၊ diet plan အတိုင်း စားသောက်တာတို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်။

    Intermittent fasting ဆိုတာ အချိန်ကြာကြာ အစာမစားတဲ့ ပုံစံနဲ့ အဆီချခြင်း ဖြစ်ပါတယ်။

    အစားကို စောစားဖို့ ကန့်သတ်ချက်ဟာ intermittent fasting တစ်မျိုး ဖြစ်ပါတယ်။ မနက်ပိုင်းနဲ့ နေ့လယ် အစောပိုင်းမှာ စားစရာ ရှိတာ အကုန်စားပြီး ကျန်တဲ့ နေ့တစ်ဝက်လုံး ဘာမှ မစားဘဲနေဖို့ ဖြစ်ပါတယ်။ တကယ်တော့ ဥပုသ်စောင့်တာနဲ့ တူတူပါပဲ။

    Obesity ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ အစာစားချိန်ကို စောဖို့ ကန့်သတ်မှုဟာ စားချင်စိတ်ကို တားဆီးပေးပြီး အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

    ဒီ သုတေသနရဲ့အဓိက ရည်ရွယ်ချက်က ဒီ အစာစားချိန် နည်းလမ်းတွေက စားချင်စိတ်ကို လျှော့ချပေးပြီး ကယ်လိုရီတွေ လောင်ကျွမ်းစေသလား၊ ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ပေးနိုင်သလား ဆိုတာ လေ့လာဖို့ပါလို့ သုတေသီတွေက ပြောပါတယ်။

    စောစောစားတာက စားချင်စိတ်ကို လျော့စေနိုင်

    ဒီသုတေသနမှာ ကျန်းမာရေး ကောင်းပေမယ့် ကိုယ်အလေးချိန် များနေသူ (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း ၂၅ ကနေ ၃၅ အတွင်း ရှိသူ) ၁၁ ဦးကို လေ့လာခဲ့တာပါ။

    ပါဝင်သူ တစ်ဦးချင်းစီကို တစ်နေ့မှာ အစာစားချိန် အချိန်ဇယား နှစ်မျိုးကို လေးရက်စီ လိုက်နာစေပါတယ်။ ပါဝင်သူတွေဟာ အချိန်ဇယားတစ်ခုစီအတွင်း အမျိုးအစားတူ၊ ပမာဏတူတဲ့ အစားအစာတွေကို စားခဲ့ကြပါတယ်။

    အစောပိုင်း စားစေတဲ့ အချိန်ဇယားမှာ ပါဝင်သူတွေဟာ မနက်စာ၊ နေ့လယ်စာ၊ ညနေစာ အားလုံးကို မနက် ၈ နာရီ နဲ့ နေ့လယ် ၂ နာရီအတွင်းမှာ အပြီးစားရတာ ဖြစ်ပါတယ်။ နောက် အချိန်ဇယားတစ်ခုမှာတော့ ပါဝင်သူတွေကို မနက် ၈ နာရီ နဲ့ ည ၈ နာရီ ကြားမှာ စားသုံးစေပါတယ်။

    မနက် ၈ နာရီ နဲ့ နေ့လယ် ၂ နာရီ သမားတွေက သူတို့ရဲ့ ကယ်လိုရီ လောင်ကျွမ်း မှုပမာဏမှာ သက်ရောက်မှု မရှိပေမယ့် အစာစားချင်စိတ်မှာ လျော့သွားတာ တွေ့ရပါတယ်။

    ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ အာဟာရ လိုအပ်ချက် ကွာခြားမှုတွေကို မူတည်ပြီး ထည့်စဉ်းစားစရာတွေ ရှိပါတယ်။ ဥပမာ အားကစားသမား သို့မဟုတ် အတော်အသင့် လှုပ်ရှားမှု ရှိနေတဲ့သူတွေဟာ ကိုယ်စားတဲ့ အချိန်နဲ့ လှုပ်ရှားတဲ့ အချိန်ကို မူတည်ပြီး ဒီနည်းမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

    နောက်တစ်ချက်ကတော့ ဆီးချိုသွေးချိုလို မကြာခဏ အစာပြန်ဖြည့်ဖို့ လိုအပ်လေ့ရှိတဲ့ ရောဂါအခံ ရှိသူတွေမှာ အခက်အခဲ ရှိနိုင်ပါတယ်။

    ကိုယ်ဝန်ရှိသူ ဒါမှမဟုတ် ကင်ဆာလို ရောဂါကြီးရှိသူတွေမှာလည်း ဒီလိုကန့်သတ်ကာလအတွင်းမှာပဲ အစာအာဟာရ ရနိုင်မယ်ဆိုရင် လိုအပ်သလောက်အာဟာရပြည့်နိုင်ပါ့မလားဆိုတာလည်း ရှိပါတယ်။

    အများအားဖြင့် အဆင်ပြေနိုင်ပေမယ့် အထက်မှာပြောခဲ့သလို ခြွင်းချက်အနေအထားရှိသူတွေမှာတော့ ဆိုးကျိုးသက်ရောက်မှုမရှိလာအောင် ကိုယ်နဲ့အဆင်ပြေမပြေ အရင်စဉ်းစားသင့်ပါတယ်။

    လေ့လာမှုကို ဆက်လက်သုတေသနလုပ် အတည်ပြုဖို့ ကြိုးစားနေပါတယ်လို့ သုတေသီတွေကပြောပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement