backup og meta

ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကိုကြည့်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိ၊ မရှိ ခန့်မှန်းပြမယ်


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကိုကြည့်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိ၊ မရှိ ခန့်မှန်းပြမယ်
    ဒိုက်မထိုးတတ်တဲ့ အမျိုးသားရယ်လို့ သိပ်မရှိလောက်ပါဘူးနော်။ ဒိုက်ထိုးတာက ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်စေနိုင်သလိုနောက်ကျောကြွက်သွားတွေကို သန်မာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားကျနစေဖို့ အမျိုးသားတော်တော်များများက ဒိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်လေ့ရှိကြပါတယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်အတွက် ဒိုက်ထိုးတာနဲ့ ပတ်သက်တဲ့လေ့လာတွေ့ရှိမှုတစ်ရပ်အကြောင်းပြောပြပေးချင်ပါတယ်။ ဒါကတော့ အမျိုးသားတစ်ဦးရဲ့ ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကို တွက်ချက်ပြီး နှလုံးရောဂါခံစားရနိုင်ခြေ ရှိ၊မရှိကို ခန့်မှန်းပြမှာဖြစ်ပါတယ်။
    လေ့လာမှုအသစ်တစ်ရပ်အရ အမျိုးသားတွေအနေနဲ့ ဒိုက်များများထိုးနိုင်လေလေ နှလုံးရောဂါခံစားရနိုင်ခြေနည်းလေလေလို့သိရပါတယ်။ ဒီတွေ့ရှိချက်က နှလုံးရောဂါခံစားရနိုင်ခြေရှိလားဆိုတာကို စရိတ်စက ကုန်ကျခံပြီး စက်ကိရိယာတွေနဲ့ စမ်းသပ်စရာမလိုဘဲ ရိုးစင်းလွယ်ကူတဲ့နည်းလမ်းအသစ်နဲ့ ဆုံးဖြတ်နိုင်တော့မှာဖြစ်ပါတယ်။
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စစ်တမ်းများအရ နှစ်စဉ်နှလုံးရောဂါကြောင့်သေဆုံးသူဦးရေက ၁၇.၉ သန်းခန့်ရှိနေပြီး ကမ္ဘာတလွှားကသေဆုံးမှုတွေရဲ့ ၃၁ ရာခိုင်နှုန်းက နှလုံးရောဂါကြောင့်သေဆုံးရတာဖြစ်တယ်။ လို့တွေ့ရှိခဲ့ရပါတယ်။
    တိုးတက်လာမှုတွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကလည်း အရင်ကထက်ပိုပိုများလာနေပါတယ်။ အဓိက ကတော့ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ ဘဝနေထိုင်မှုပုံစံ၊ဆေးလိပ်သောက်တာနဲ့ မကြာခဏဆိုသလို အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မကြာခဏသောက်သုံးမှုတွေကြောင့် နှလုံးရောဂါခံစားရသူတွေပိုများလာရတာပါ။

    ဒိုက်ထိုးခြင်းနဲ့နှလုံးရောဂါခံစားရနိုင်ခြေခံစားရနိုင်ခြေတို့ကြားကဆက်စပ်မှု

    ကိုယ်လက်လှုပ်ရှားမှုလုပ်တာက နှလုံးကျန်းမာရေးကောင်းစေနိုင်တယ်ဆိုတာကိုထွေထွေထူးထူးပြောနေစရာတောင်မလိုပါဘူး။ မကြာသေးခင်က ဟားဗတ်စ်တက္ကသိုလ် ကပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်တစ်ရပ်အရ အမျိုးသားတစ်ဦးရဲ့ ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကို တွက်ချက်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိလားဆိုတာကို ခန့်မှန်းပြနိုင်ပြီဖြစ်ပါတယ်။

    လေ့လာမှုရလဒ်အရ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန်မှာ ဒိုက် အကြိမ် ၄၀ကျော်ထိုးနိုင်တဲ့သူက အကြိမ် ၄၀ မပြည့်သူတွေထက် နှလုံးရောဂါခံစားရနိုင်ခြေ ပိုနည်းနေတာကိုတွေ့ရပါတယ်။ ကိုယ့်မှာနှလုံရောဂါခံစားရနိုင်ခြေရှိလား၊မရှိဘူးလားဆိုတာကို လွယ်ကူရိုးစင်းတဲ့နည်းလမ်းအနေနဲ့ ဒိုက်ထိုးပြီး ဆုံးဖြတ်လို့ရပါတယ်။

    ဒိုက်များများထိုးနိုင်လေလေ ကျန်းမာရေးအတွက်ကောင်းလေလေပါ။ ဒီလေ့လာမှုအတွင်း ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသား ၁၁၀၄ ဦးကိုလေ့လာခဲ့ပါတယ်။ ၁၀ နှစ်ကြာလေ့လာမှုအတွင်းတွေ့ရှိခဲ့တဲ့နောက်ထက် ရလဒ်တစ်ခုက ဒိုက်ထိုးတာက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးသလို အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေပြီး ကျန်းမာရေးကောင်းမွန်စေတယ်ဆိုတဲ့အချက်ပါ။
    သုတေသနပညာရှင်တွေဟာလေ့လာမှုမစတင်ခင်မှာ လေ့လာမှုမှာပါဝင်မယ့်အမျိုးသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးခဲ့သလို BMIတွေကိုလည်း ရယူခဲ့ပါတယ်။ နှစ်စဉ်တိုးတက်လာမှုအခြေအနေတွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။ နောက်ဆုံးရရှိခဲ့တဲ့ ရလဒ်အရလေ့လာမှုအတွင်း ဒိုက် အကြိမ် ၄၀ ထက်ပိုထိုးနိုင်တဲ့သူတွေက ဒိုက်ထိုးတဲ့အကြိမ်ရေ ၄၀ထက်နည်းတဲ့ သူတွေထက်နှလုံးရောဂါခံစားရနိုင်ခြေ ၉၆ ရာခိုင်နှုန်းအထိနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
    ဒီတော့ ကိုယ်တိုင်လည်းလေ့ကျင့်ခန်းလုပ်တဲ့အခါ တစ်ဆက်တည်း အကြိမ်ရေဘယ်လောက်များများ ဒိုက်ထိုးနိုင်လဲဆိုတာကို တွက်ကြည့်နော်။ အကြိမ် ၄၀ ထက်ကျော်ပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် နှလုံးရောဂါကနေ ကာကွယ်နိုင်ပြီဖြစ်တာကြောင့် ပိုတိုးလုပ်နိုင်ဖို့ကြိုးစားကြည့်ပါနော်။ ခန္ဓာကိုယ် အချိုးအစားကျနစေမယ့်အပြင် ရောဂါတွေကနေပါကာကွယ်နိုင်မယ်ဆိုတော့
    ကဲ ကိုကိုတို့ရေဒိုက်ထိုးကြမယ် မှတ်လား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement