အရိုးပွ ရောဂါဟာ အရိုးအတွင်းမှာရှိတဲ့ အပေါက်လေးတွေက ပိုကျယ်လာပြီး အရိုးက တဖြည်းဖြည်းပါးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆလည်း နည်းလာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အရိုးအားနည်းလာပြီး ကျိုးလွယ်တာတွေကို ဖြစ်လာစေပါတယ်။ အရိုးပွရောဂါဟာ အသက်ကြီးတဲ့ မိန်းမတွေမှာ အဖြစ်များပြီး လက်ကောက်ဝတ်၊ ခါးဆစ်ရိုးနဲ့ ကျောမကြီးတွေမှာ အဓိက ထိခိုက်တတ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို များစေတဲ့ အကြောင်းအရင်းတွေထဲမှာ ကြိုတင်ကာကွယ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်း တွေရှိသလို ကာကွယ်လို့ရတဲ့ အကြောင်းအရင်းလေးတွေလည်း ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။