backup og meta

ရုပ်ရှင်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်အပေါ်ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုပ်ရှင်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်အပေါ်ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲ

    စိတ်ကျန်းမာရေး အနေအထားကောင်းမွန်တဲ့သူတွေဟာ သူတို့အနေနဲ့ဘာတွေတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ ဒါမှမဟုတ် ဘယ်လိုအမူအကျင့်တွေရှိနေသလဲဆိုတာကို aကာင်းကောင်းသတိထားမိပါတယ်။ ဂရုစိုက်မိပါတယ်။ နေ့စဉ်နေထိုင်မှုဘဝရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ဘယ်လိုမျိုးလိုက်လျောညီထွေနေရမယ် ဒါမှမဟုတ် ဘယ်လိုဖြေရှင်းကျော်လွှားရမယ်ဆိုတဲ့ မှန်ကန်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့နည်းလမ်းတွေကို လေ့လာသိရှိ ကျင့်ကြံနေထိုင်နိုင်ကြပါတယ်။ မိမိကိုယ်ကို တန်ဖိုးထား၊ ယုံကြည်မှုရှိပြီး ပျော်ရွှင်ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

    ဒါပေမယ့် သင့်အနေနဲ့ဘယ်လောက်ပဲ တည်ငြိမ်အေးချမ်းပျော်ရွှင်နေတယ်ဆိုဆို၊ ဘယ်လောက်ပဲစိတ်ခိုင်တယ်ပြောပြော ရုပ်ရှင်ကြည့်ရင်း မျက်ရည်ဝိုင်းလာတာမျိုးတော့ ကြုံဖူးမှာပါပဲ။ ဟုတ်တယ်ဟုတ်။

    ရုပ်ရှင်တွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုပြောင်းလဲစေနိုင်သလဲ။

    ဟာသကားကြည့်ရင် ရယ်ရမယ်။ ဒါဟာရှင်းပါတယ်။ ရယ်မောခြင်းဟာ သင့်ကို ပြဿနာတွေရဲ့အဝေးကို(ခဏပဲ ဖြစ်ဖြစ်) ပို့ပေးနိုင်ပြီး သင့်ကိုနေလို့ထိုင်လို့ကောင်းစေပါမယ်။ မေရီလန်းတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနပြုချက်အရ ဟာသကားတွေကြည့်ရင်း ရယ်မောတာဟာ သင့်ရဲ့သွေးကြောတွေကို နှစ်ဆယ့်နှစ်ရာခိုင်နှုန်းလောက် ပိုကျယ်စေတဲ့အတွက် သွေးပေါင်ကျစေတယ်လို့ဆိုပါတယ်။

    သရဲကားတွေဟာလည်း သင့်ခန္ဓါကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ထိတ်လန့်ကြောက်ရွံ့စရာ သရဲကားတွေကိုမှ ကြိုက်ပါတယ်ဆိုသူတွေဟာ အမြင့်ကြီးကနေခုန်ချပြသူတွေ ဒါမှမဟုတ် စွန့်စွန့်စားစားလုပ်တတ်သူတွေ ဖြစ်လေ့ရှိကြပါတယ်။ သည်းထိတ်ရင်ဖိုကြောက်လန့်စရာ ရုပ်ရှင်တွေကြည့်ရှုနေချိန်မှာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ Adrenaline နဲ့ cortisol ပမာဏဟာ ပိုများလာမှာဖြစ်ပြီး သူတို့တွေဟာ သင်အရင်ကခံစားဖူးတဲ့ ကိုယ်/စိတ်ထိခိုက်စရာ ကိစ္စတွေကို ပြန်လည်အမှတ်ရစေတာမို့သင့်အနေနဲ့အမှတ်တရဆိုးတွေထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အချိန်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးကို ဝေးဝေးရှောင်ပါ။

    အချစ်ကားတွေနဲ့ဟာသကားတွေဟာ သင့်ရဲ့လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ရာမှာ ကူညီပေးနိုင်ပါတယ်။ အချစ်ရုပ်ရှင်တွေထဲမှာဆိုရင် ဇာတ်လိုက် ပြုလုပ်တဲ့အမှားတွေ (သင်လည်းပဲလုပ်လေ့ရှိတဲ့ အမှားတွေ)ကို ပေါ့ပေါ့ပါးပါးပဲသရုပ်ဖော်ထားတာမို့သင့်အနေနဲ့ ပြင်ပကမ္ဘာရဲ့ ဖိအားတွေကနေ ခေတ္တခဏ သက်သာရာရစေပါတယ်။

    စိတ်ခံစားချက်တွေက ကျန်းမာရေးအပေါ်ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိစေနိုင်သလဲ။

    သင့်ခန္ဓါကိုယ်ဟာ သင်တွေးတဲ့၊ ခံစားတဲ့၊ လုပ်ဆောင်တဲ့အတိုင်း တစ်သဝေမတိမ်းတုံ့ပြန်ပါတယ်။ ဒါဟာ “စိတ်နဲ့ခန္ဓါဆက်စပ်မှု” ပဲ ဖြစ်ပြီး ကျွန်တော်တို့ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှုတွေဟာ စိတ်ခံစားချက်တွေနဲ့ဆက်စပ်နေတယ်ဆိုတာ အင်မတန်ထင်ရှားပါတယ်။ စိတ်ခံစားမှုအနေအထားမကောင်းရင် ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကလည်း အားနည်းလာတဲ့အတွက် ဒီလိုအချိန်မျိုးမှာ အအေးမိဖျားနာတာတွေ ဒါမှမဟုတ် ကူးစက်ပိုးဝင်တာတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ ဝမ်းနည်းတာစတဲ့ မကောင်းတဲ့ခံစားချက်တွေ ရှိနေရင် ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်သလောက် မစိုက်နိုင်တာမျိုးတွေရှိလာတတ်ပါတယ်။ စိတ်ခံစားချက်မမှန်တဲ့သူတွေဟာ ကျန်းမာရေးပြဿနာအများအပြားကို ရင်ဆိုင်ရလေ့ရှိပါတယ်။

    သင့်အနေနဲ့အောက်ပါအချက်တွေကို သတိပြုမိပါလိမ့်မယ်။

    • နောက်ကျောနာခြင်း

    • ခံတွင်းပျက်ခြင်း

    • ရင်ဘတ်အောင့်ခြင်း

    • ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းလျှောခြင်း

    • အာခြောက်ခြင်း

    • အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း

    • တကိုယ်လုံး နာကျင်ကိုက်ခဲခြင်း

    • ခေါင်းကိုက်ခြင်း

    • သွေးတိုးခြင်း

    • အိပ်မပျော်ခြင်း

    • မူးဝေပြီးမေ့လဲမတတ်ဖြစ်ခြင်း

    • ရင်တလှပ်လှပ်တုန်ခြင်း

    • လိင်ပိုင်းဆိုင်ရာ ပြဿနာတွေရှိခြင်း

    • အသက်ရှုမဝခြင်း

    • ဇက်ကြီးတောင့်နေခြင်း

    • ချွေးစေးတွေပျံခြင်း

    • ဗိုက်နာ/အောင့်ခြင်း

    • ကိုယ်အလေးချိန်တက်/ကျခြင်း

    သင့်စိတ်ခံစားချက်တွေကို လျစ်လျူမရှုပါနဲ့။ ဘာလို့ဒီခံစားချက်တွေ ဖြစ်ပေါ်လာရတာလဲဆိုတာ သိအောင်လုပ်ပါ။ သင့်အနေနဲ့ဝမ်းနည်းပူဆွေးတာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေ ဘာလို့ဖြစ်နေရတာလဲဆိုတာ သိအောင်လုပ်ပေးမယ်ဆိုရင် သူတို့ကိုရင်ဆိုင်ရာမှာ ပိုလွယ်ကူစေပါတယ်။ ဒါကြောင့် နောက်တခါ သင့်စိတ်အခြေအနေ သိပ်မကောင်းလှဘူးဆိုရင် ပျော်ရွှင်စေတဲ့ ရုပ်ရှင်မျိုးကိုကြည့်ဖို့မမေ့ပါနဲ့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement