backup og meta

အရှိအတိုင်း လက်ခံခြင်းဖြင့် စိတ်ကို ဘယ်လိုမျှတစေမလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရှိအတိုင်း လက်ခံခြင်းဖြင့် စိတ်ကို ဘယ်လိုမျှတစေမလဲ

    မိမိကိုယ်ကိုလက်ခံခြင်း ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်၊ အကောင်း၊ အဆိုး ကို အမှန်တိုင်း သိမြင်လက်ခံတာဖြစ်ပါတယ်။ ဒီအပိုင်းမှာ ခန္ဓါကိုယ်အနေအထားကို လက်သင့်ခံခြင်း၊ ဝေဖန်မှုတွေအပေါ် တုံပြန်ခြင်းနဲ့ ကိုယ်ရဲ့ အရည်အသွေးအပေါ် ယုံကြည်ခြင်းတို့ ပါဝင်ပါတယ်။

    ကိုယ့်ကိုကိုယ် လက်ခံနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ဒီကနေ ပြသနာတွေ ဖန်တီးသလို ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေက သင့်ကို ထိခိုက်စေနိုင်သလို၊ တခြားလူတွေက သင့်ကို ဘယ်လိုမြင်သလဲ၊ ဘယ်လိုဆက်ဆံသလဲ ဆိုတဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အဲဒီပြသနာတွေကတော့ –

    ကိုယ့်ကိုယ်ကိုယ် လေးစားမှုအားနည်းခြင်း –

    မိမိကိုယ်ကို လေးစားယုံကြည်မှုနည်းတာကပဲ သင်လိုချင်တာတွေကို ရယူဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။

    ကိုယ့်ကိုကိုယ်ညာခြင်း –

    ကိုယ့်ကိုကိုယ်လက်မခံဘဲ ကိုယ်မဟုတ်တဲ့တခြားတစ်ခုကို အတင်းပြောင်းဖို့ လုပ်နေရင် မှားနေတာပါပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အရှိတရားဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကို လက်မခံရင်တော့ ပြဿနာပါပဲ။

    ဝမ်းနည်းမှု –

    အပေါ်ကနှစ်ချက်ရဲ့ ရလဒ်ပါပဲ။ သင့်ကိုယ်ထဲကလာတဲ့ အသံနဲ့ နှလုံးသားကို ငြင်းဆိုခဲ့တာကြောင့် သင်ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာမဟုတ်ပါဘူး။

    သားကောင်သဖွယ် ဖြစ်လာခြင်း –

    သင့်အကြောင်းကို သင်အသိဆုံးပါ။ ကိုယ့်အကြောင်း ကိုယ်လက်မခံဘူးဆိုရင် သူများပြောသမျှ အဟုတ်ထင်ပြီး သူတစ်ပါးလုပ်သမျှ သားကောင်သဖွယ် ငုံ့ခံနေရပါလိမ့်မယ်။

    မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်နိုင်မှသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ ကင်းဝေးလာမယ်။ ဒီလိုမှသာလျှင် ဘဝရဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင် ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှလည်း အောင်မြင်နိုင်မှာပါ။ လူတွေကြားမှာ သက်သောင့်သက်သာ နေနိုင်လာမယ်။ လူရှေ့သူရှေ့မှာ ရှက်ခြင်းကြောက်ခြင်း မရှိဘဲ စကားပြောလာနိုင်မှာ ဖြစ်ပါတယ်။

    မိမိကိုယ်မိမိ လက်ခံခြင်းဆိုတာ ကိုယ်ဘာပဲဖြစ်နေပါစေ စိတ်မညစ်ဘဲ နေထိုင်တာဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ တိုးတက်မှုမရှိတဲ့ မျှော်လင့်ချက်မဲ့ဘဝမျိုးလို့ ပြောချင်တာမဟုတ်ပါဘူး။ မိမိကိုယ်မိမိ အရင်ဆုံး လက်ခံနိုင်မှသာလျှင် တခြားလိုအပ်ချက်နဲ့ တိုးတက်မှုတွေကို ကြိုးစားပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

    ခုပြောမယ့် လုပ်ဆောင်ချက်တွေကတော့ မိမိကိုယ်မိမိ လက်ခံနားလည်နိုင်စွမ်း တိုးစေတဲ့အချက်တွေဖြစ်ပါတယ်။

    ကိုယ့်ပင်ကိုယ်စရိုက်က ဘယ်လိုရှိသလဲ၊ ကိုယ်က ဘယ်လိုနောက်ခံသမိုင်းတွေ ဖြတ်သန်းခဲ့ရလဲ ဆိုတာ အချိန်ယူပြီး စဉ်းစားကြည့်ပါ။

    ကိုယ့်အတွက် အကောင်းအဆိုး နှစ်ဖက်စလုံးရှိတယ်ဆိုတာ နားလည်ထားပါ။ အရှိတရားကို လက်ခံပါ။

    သင့်ကိုယ်သင်မကြိုက်တဲ့ အချက်တွေရှိသလား။ ဒါတွေကို သင်ပြုပြင်ပြောင်းလဲပစ်နိုင်ပါတယ်။ အရင်ဆုံးအနေနဲ့ အရှိတရားကို အမှန်တိုင်း မြင်တတ်ပါစေ။

    သင်မဟုတ်တဲ့ အခြားတစ်ယောက်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ သင့်ဘဝ သင်ပိုင်ဆိုင်တာက သူများဘဝရတာထက် ပိုကောင်းပါတယ်။

    မိမိကိုယ်မိမိလက်ခံနိုင်စွမ်းဆိုတာ လေ့ကျင့်ယူလို့ရပါတယ်။ ဒါက မွေးရာပါအကျင့် မဟုတ်တတ်တဲ့အတွက် သင့်မှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျင့်ယူနိုင်ပါတယ်။

    Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement