ဖြစ်ပေါ်လာတဲ့ပူဆွေးမှုသောက ကနေ စိတ်ဆိုးအမျက်ထွက်ခြင်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သင်ချစ်ရတဲ့သူတစ်ယေက်သေဆုံးသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ပူဆွေးမှုသောက ကနေ စိတ်ဆိုးအမျက်ထွက်ခြင်းဖြစ်နိုင်ပါတယ်။ သင်ချစ်ရတဲ့လူတွေသင့်ကိုချန်ထားတဲ့အခါမှာ သင်ကိုပူဆွေးဆုံရှုံးမှုဖြစ်စေတဲ့လူတစ်ယေက်ဒါမှမဟုတ် အခြေအနေတစ်ခု ဒါမှမဟုတ် သင့်မိတ်ဆွေသူငယ်ချင်းမိသားစုနဲ့ပတ်သက်ပြီး အမျက်ထွက်တာမျိုးကြုံရနိုင်ပါတယ်။ ဝမ်းနည်းမှုနဲ့အမျက်ထွက်ခြင်းမှာ ဆက်နွှယ်မှုရှိပါတယ် ဝမ်းနည်းမှုကနေ သင့်ကိုယ်သင်ပြန်ကုစားနေချိန်အတွင်းမှာ သင့်ကိုဒေါသဖြစ်စေနိုင်ပါတယ်။

အမျက်ထွြက်ခင်းက ဝမ်းနည်းမှုကိုသဘာဝအတိုင်း တုံပြန့်ခြင်းဖြစ်ပါတယ်။ ငြင်းကွယ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ နဲ့အခြေအနေကိုလက်ခံခြင်းဆိုပြီး ဝမ်းနည်းမှုအဆင့်၅ခုကို သင်ကြားဖူးပါလိမ့်မယ်။ ဝမ်းနည်းပူဆွေးမှုကိုသဘာဝအတိုင်းတုံပြန့်ခြင်းဖြစ်စဉ်မှာ ပထမဆုံးအဆင့်အနေနဲပငြင်းကွယ်ခြင်းဖြစ်ပြီးချိန်မှာ အမျက်ထွက်ခြင်းက နောက်ထပ်လိုအပ်တဲ့အဆင့်ဖြစ်ပါတယ်။ ဒိလိုအချိန်မျိုးမှာစိတ်တိုခြင်းက ပုံမှန်ပဲဖြစ်ပါတယ်။ ဘာကြောင့်ြဖ်စရတယ်၊ ဘာကြောင့်သင်ချစ်၇တဲ့သူကသင့်ကိုဘာကြောင့်ထားခဲံရတယ်၊ ဘုရားသခင်က သင်ချစ်ရတဲ့သူကိုဘာကြောင့်ခေါ်သွားရတယ်၊ ဘာကြောင့်သင်ဘာမှမလုပ်နိုင်တာလဲ၊ စတဲ့မေးခွန်းတွေသင့်ကိုယ်သင်မေးပြီး သင်ကိုယ်တိုင်အဖြေရှာနိုင်ပါတယ်။ သင်ရဲ့ဒေါသကိုသင်ပိုပြီးလက်ခံနိုင်လေ သင့်ကိုယ်သင်မြန်မြန်ကုစားနိုင်လေဖြစ်ပါတယ်။

အမျက်ထွက်ခြင်းက အရမ်းကြာနေမယ်ဆိုရင်တော့ ပိုပြီးပြင်းထန်တဲ့ဒေါသကြိုဖစ်စေနိုင်ပြီး မခွင့်လွှတ်နိုင်ဘူးဆိုရင် သင့်ကိုယ်သင်မထိန်းချုပ်နိုင်တော့တဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဝမ်းနည်းပူဆွေးမှုဖြစ်ပြီးနောက်မှာ အမျက်ထွက်ခြင်းဖြစ်ပါတယ်။

ဒေါသက သင့်ကိုနာကျင်စေပါတယ်။ ပထမဆုံးမှာ ဝမ်နးည်းမှုက သင့်ကိုပင်လယ်ကြီးထဲမျောပါနေသူနေလို ကူကယ်ရာမဲ့စေပါတယ်။ အဲ့နောက်မှာ အသုဘအခမ်းအနားကိုမတက်တဲ့သူတစ်ယေက်ယေက်ဒါမှမဟုတ်အခြားသူတစ်ယေက်က ဝမ်းနည်းမှုသောကကိုသင်နဲ့မတူပဲကျော်လွှားနိုင်တဲ့အခါမှာထိုသူကို

သင်ဒေါသဖြစ်နိုင်ပါတယ်။ သင့်ပြုမှုနေမှုတွေမှုတွေနဲ့ သင်ကိုအခြားသူတွေနဲ့ပိုဝေးစေနိုင်တာယ်ဆိုတာကို သင်ကိုယ်တိုင်သတိမထားမိဘဲ ဖြစ်နေနိုင်ပါတယ်။ သင်ခံစားနေရာတာတွေကိုသက်သာအောင် ပြုလုပ်ပေးနိုင်တဲ့အခြားသူတွေနဲ့ဒေါသနဲ့ဆက်ဆံမိပါလိမ်မ့ယ်။

ဒေါသဖြစ်ခြငးက သင့်ရဲ့ချစ်မြတ်နိုးမှုတွယ်တာမှုပမာဏကိုပြသနေခြင်းလည်း ဖြစ်ပါတယ်။

ဒေါသက သင့်အလိုဆန္ဒကိုဖော်ပြနေခြင်းဖြစ်ပါတယ်။

ဒေါသထွက်ခြင်းက လူတိုင်းကြုံဖူးပါတယ်။ သင်ဝမ်းနည်းတဲံအခါမှာ ဖြစ်ပျက်သမျှတွေကိုပြောင်းလဲပစ်ချင်တာတွေကို ဒေါသထွြက်ခင်းက ဖော်ပြနေပါတယ်။

သင်ချစ်ရတဲ့သူနဲ့ဖြတ်သန်းခဲံရတဲ့အရင်အချိန်တွေ ပြန်တောင့်တတာမျိုး သူနဲ့အမှတ်ရစရာတွေမပြုလုပ်ခဲ့ခြင်းအတွက်

နောင်တတွေဖြစ်နိုင်ပါတယ်။ သင်ကလက်တွေ့မှာမပြောင်းလဲနိုင်တဲ့အတွက်ကြောင့် တစ်ခုတည်းသောနည်းလမ်းက လက်ခံလိုက်ဖို့ပဲဖြစ်ပါတယ်။ အတိတ်မှာသင့်ချစ်ရတြ့သူနဲ့ရှိမနေနိုင်ရခြင်းနဲ့ပတ်သက်ပြီး သင်အမျက်ထွက်နိုင်ပါတယ်။ အခြေအနေတွေကိုပြောင်းလဲလိုက်ချင်တဲ့စိတ်က ဘာမှမမှားပါဘူး။ အမှန်တရားကိုလက်ခံဖို့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

သင့်ဒေါသကိုလျှော့ဖို့နည်းလမ်းများ

ဒေါသကို သင့်နှလုံးသားထဲကနေ ထွက်သွားခွင်ပေးလိုက်ပြီး ချစ်ခင်မှုတွေနဲ့အစားထိုးလိုက်သင့်ပါတယ်။ သင့်ဒေါသကို အကောင်းမြင်စိတ်တွေနဲ့ ပြောင်းလဲလိုက်ပါ။ သင့်ဒေါသက ပြီးတာနဲ့ပျောက်သွယ်မယ်ဆိုတာကိုလည်း သိပါ။ ဒီစိတ်ခံစားချက်တွေကို သက်သာစေဖို့နည်းလမ်းတွေရှာသင့်ပါတယ်။ ဒေါသဖြစ်နေတဲ့အချိန်မှာ ၁ကနေ၁၀အထိရည်တာမျိုး၊ အသက်ပြင်းပြင်းရှူတာမျိုးတွေလုပ်သင့်ပါတယ်။

ပုံဆွဲခြင်း၊ ဆေးချယ်ခြင်း၊ အခြားအနုပညာတွေကိုလည်း ကြိုစားကြည့်သင့်ပါတယ်။ အားပေးကူညီတဲ့အဖွဲ့အစည်းတွေဆီ ရင်ဖွင့်ပြောပြတာမျိုး သင့်ခံစားချက်အား့လုးကိုရေးသားတာမျိုးတွေက နည်းလမ်ေးကာင်းတွေဖြစ်ပါတယ်။ ဘာကသင့်ကိုဒေါသဖြစစေတယ်ဆိုတာကို ရှင်းပြပါး ရိုးသားပါ။ သင့်ရင်ထဲရှီတဲ့အတိုင်းဖွင့်ပြောပြပါ။

ဒေါသက သင့်ကိုစိတ်ဒုက္ခပေးနိုင်ပါတယ်။ အထူးသဖြင့် သင်ချစ်ရတဲ့လူသေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးနေချိန်မှာဆိုရင်ဖြစ်ပါတယ် အချို့အခြေအနေတွေမှာ ဒေါသဖြစ်ခြင်းက ခိုင်လုံပါတယ်။ ဝမ်းနည်းမှုနဲ့ဒေါသရဲ့အကြားအဆက်အစပ်ကိုနားလည်ထားခြင်းဖြင့် သင့်ခံစားချက်တွေကိုပိုလက်ခံနိုင်ပြီး သင့်ဒေါသကိုထိန်းချုပ်ဖို့နည်းလမ်းကို ရှာတွေ့ပါလိမ်မ့ယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 19, 2019