လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

မုန်ညင်းဆီက လိင်တံကြီးစေ သလား

အမျိုးသားတွေက သူတို့ရဲ့ လိင်တံနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု နည်းကြပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လိင်တံကို သေးတယ်၊ ကောင်းကောင်း မထောင်မတ်ဘူးလို့ ထင်ကြပါတယ်။ ဒါကြောင့် နည်းမျိုးစုံသုံးပြီး ကြီးအောင်၊ ထောင်အောင် ကြိုးစားကြပါတယ်။ ဒီထဲမှာ မုန်ညင်းဆီလည်း ပါပါတယ်။ မုန်ညင်းဆီနဲ့ နှိပ်နယ်ပြီး လိင်တံကြီးအောင် ကြိုးစားကြပါတယ်။ တကယ်ရော မုန်ညင်းဆီက လိင်တံကြီးစေ လို့လား။ မုန်ညင်းဆီဆိုတာ မုန်ညင်းဆီဆိုတာ မုန်ညင်းစေ့ကို ကြိတ်ပြီး အဆီထုတ်ထားတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ မုန်ညင်းဆီက ပိုးသေစေတယ်။ ဆံသားနဲ့ အရေပြားကို ကျန်းမာစေတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတယ်။ ကောင်းမွန်တဲ့ မပြည့်ဝဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီလို ကောင်းကျိုးတွေရှိပေမယ့် မုန်ညင်းဆီကို ဟင်းချက်ဆီအဖြစ် သိပ်မသုံးကြပါဘူး။ သူ့မှာ နှလုံးကို ထိခိုက်စေနိုင်တဲ့ erucic acid […]


လိင်တံပြဿနာများ

ဂေါ်လီထည့်ခြင်း ရဲ့ နောက်ဆက်တွဲပြဿနာများ

အမျိုးသားတွေကြားမှာ‌ ဂေါ်လီထည့်ခြင်း ခေတ်စားလာတာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ခေတ် ၁၄-၁၅ ရာစုတွေတည်းက တရုတ်ပြည်ဘက်မှာ ထည့်ခဲ့ကြတာပါ။ နောက်ပိုင်း အရှေ့တောင်အာရှဘက်ကို ရောက်လာပြီး ခေါ်တာတောင်မှ ‘Burmese bells’ပါတဲ့။ နောက်ပိုင်းမှာတော့ ဂျပန်က ယာကူဇာတွေ၊ ထောင်သားတွေပါ အသုံးပြုလာကြပြီး ခုဆိုရင်တော့ သာမန်အမျိုးသားတွေကြားမှာပါ ရေပန်းစားလာပါပြီ။ ဒီဘက်ခေတ်မှာ ဂေါ်လီထည့်ခြင်း ရဲ့ အဓိက ရည်ရွယ်ချက်က လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးကို ခံစားမှု ပိုကောင်းစေချင်တာ၊ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတယ်လို့ ထင်စေချင်တာ၊ လိင်တံလုံးပတ် ကြီးချင်တာကြောင့်ပါ။ ဒါပေမဲ့ ‌ဂေါ်လီထည့်တာက အန္တရာယ်ကင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ဆက်တွဲပြဿနာတွေလည်း များပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ ဂေါ်လီထည့်တာရဲ့  ဆိုးကျိုးတွေကို သိအောင်လို့ ပညာပေးလာကြပါပြီ။ မြန်မာနိုင်ငံမှာ ဂေါ်လီတရားဝင် ထည့်ပေးလို့ ရလား များသောအားဖြင့်တော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက မထည့်ပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ […]


လိင်တံပြဿနာများ

လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။

မျိုးပွားအင်္ဂါသန့်ရှင်းရေးက အမျိုးသမီးတွေမှာပဲ အရေးကြီးတာ မဟုတ်ပါဘူး။ အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေက မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ကြသလို အမျိုးသားတွေကလည်း လိင်တံနဲ့ ကပ္ပာယ်အိတ်ကို သန့်စင်ဖို့ လိုပါတယ်။ လိင်တံ သန့်ရှင်းရေး ကို အကျယ်တဝင့် မရေးကြတော့ ဘယ်လိုမျိုး သေချာ သန့်စင်ရမလဲဆိုတာ မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ထင်ရာလုပ်ရင်း မရည်ရွယ်ဘဲ လိင်တံအရေပြားကို ထိခိုက်မိနိုင်ပါတယ်။ ဒါဆို လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။ အမျိုးသားတွေရဲ့ လိင်တံတို့ ကပ္ပာယ်အိတ်တို့ဆိုတာက သာမန်အရေပြားပါပဲ။ ဒါကြောင့် အမျိုးသမီးတွေလို သန့်စင်ဆေးရည်တွေ ဘာတွေ သုံးစရာမလိုပါဘူး။ ပုံမှန်အရေပြားကို သန့်ရှင်းရေး လုပ်သလိုလုပ်လို့ ရပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ထားသည်ဖြစ်စေ ခုပြောမဲ့ နည်းအတိုင်း သန့်ရှင်း‌ရေး လုပ်လို့ ရပါတယ်။ လိင်တံကို တစ်ရက်တစ်ကြိမ်တော့ ဆေးပေးဖို့ လိုပါတယ်။ […]


လိင်တံပြဿနာများ

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/mens-health/penis-health/causes-of-numbness-in-penis/ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ........ အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ လိင်တံ ကပ္ပာယ်အိတ် နဲ့ ဝှေးစေ့ ဆီးကျိတ်တို့ ပါဝင်နေပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား ....... အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား […]


လိင်တံပြဿနာများ

ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက ဘာလေးတွေလဲ။

တချို့ အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ် မှာ နီညိုရောင် အဖုလေးတွေ ရှိနေတတ်ပါတယ်။ တချို့တွေမှာဆို ကပ္ပာယ်အိတ်အနှံ့ ရှိနေတာပါ။ ဘာလက္ခဏာမှ မပြပေမယ့် ဒါတွေက လိင်ကတဆင့် ကူးစက်တာလား ဒါမှမဟုတ် ကင်ဆာဖြစ်ချင်နေတာလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။  ဒီအဖုလေးတွေကို Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။ Angiokeratoma : Of  Fordyce ဆိုတာ Angiokeratoma ဆိုတာ ဆံချည်မျှင်သွေးကြောတွေ ပုံမှန်မဟုတ်ဘဲ ထုံးဖွဲ့နေတာပါ။ ဒီသွေးကြောထုံးတွေက အဖုအနေနဲ့ အရေပြားပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ Angiokeratoma က အမျိုးအစားတွေ အများကြီး ရှိပြီး ကပ္ပာယ်အိတ်မှာ ရှိနေတာကိုတော့ Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။ ၁၈၉၆ ခုနှစ်တုန်းက John Addison Fordyce […]


လိင်တံပြဿနာများ

သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား

အမျိုးသားတွေက မိမိရဲ့ လိင်တံ နဲ့ ပတ်သက်ပြီး လိင်တံက ပုံမှန်ဟုတ်ရဲ့လား ဆိုတာကို စိုးရိမ်တတ်ကြပါတယ်။ လိင်တံမှာ ရောဂါတစ်ခုခုခံစားရတယ်လို့ ထင်ရင်လည်း တော်ရုံတန်ရုံ ဆရာဝန်နဲ့ ဆွေးနွေးလေ့မရှိပါဘူး။ ဒါကြောင့် ရောဂါဖြစ်လာရင် အသိနောက်ကျသလို ရောဂါမဟုတ်တာကိုလည်း ရောဂါလို့ ထင်နေတတ်ပါတယ်။ အထူးသဖြင့် ခုပြောမယ့် အကြောင်းအရာတွေက ပုံမှန်ဖြစ်နေပေမယ့် အမျိုးသားတွေ အနေနဲ့ ပုံမှန်မဟုတ်ဘူးလို့ ထင်ပြီး လက်တည့်ရာနဲ့ စမ်းသပ်တတ်ပါတယ်။ သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား လိင်တံ တွေက 'Snowflakes'တွေလိုပဲတဲ့။ ဆိုလိုတာက ထပ်တူကျတဲ့ လိင်တံဆိုတာ ကမ္ဘာမှာ မရှိပါဘူးတဲ့။ အမျိုးသားတွေရဲ့ လိင်တံက တစ်ယောက်နဲ့ တစ်ယောက် တစ်ပုံစံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ပုံစံတွေ၊ အရွယ်အစားတွေ၊ အရှည်တွေ၊ ကောက်တာတွေ စသဖြင့် အနည်းငယ်ဆီတော့ ကွဲလွဲတတ်ကြပါတယ်။ ဒီလို […]


လိင်တံပြဿနာများ

လိင်တံ ဘာလို့ယားယံ နေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံ ယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ လိင်တံ ဘာလို့ယားယံ နေရသလဲ၊ သက်သာအောင် ဘာတွေလုပ်နိုင်မလဲဆိုတာသိဖို့ ပြောပြပါ့မယ်။ လိင်တံယားယံတာက အတော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ကံကောင်းတာက ယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းအတော်များများက တအားကြီးစိုးရိမ်စရာ မလိုအပ်ပါဘူး။ များသောအားဖြင့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆို လိင်တံယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာလေ့လာကြည့်ရအောင်ပါ။ လိင်တံ ဘာလို့ယားယံ နေရတာလဲ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါများ ရောဂါရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာကနေ ကူးစက်တဲ့ရောဂါတွေကြောင့် လိင်တံယားယံနိုင်ပါတယ်။ လိင်အင်္ဂါရေယုန်၊ ကာလသားရောဂါ၊ ဆီးပူညောင်းကျ (ဒါမှမဟုတ်) ဂနိုရောဂါ၊ ခုခံအားကျဆင်းမှု ရောဂါနဲ့ လိင်အင်္ဂါကြွက်နို့တွေ ကူးစက်ခံရရင် လိင်တံယားယံနိုင်ပါတယ်။ ဒါ့အပြင် လိင်တံမှာ အနာတွေ၊ အဖုတွေပေါက်တာ၊ နီရဲရောင်ရမ်းတာတွေလည်း ခံစားရနိုင်ပါတယ်။ ဓာတ်မတည့်ခြင်း သုံးစွဲတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာရည်၊ လိုးရှင်းစတာတွေထဲမှာ […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆိုတာ အခုမှ ပထမဆုံး ထိပ်အရေပြားဖြတ်မယ့် ညီလေးတွေ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ ယောက်ျားလေး အများစုကတော့ နာကျင်တာကို သိပ်ပြီး မကြောက်တတ်ကြဘူးဆိုပေမယ့် ကိုယ့်ရဲ့ ဖွားဖက်တော်နေရာမှာ လုပ်တဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ရောပြီး ကြောက်တတ်ကြတာ သဘာဝပါ။ ဘာကြောင့် လိင်တံထိပ်အရေပြားဖယ်ရှားချင်တာလဲ။ ဒါက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုပါ။ အရေပြားဖယ်လို့ ကျန်းမာရေးအတွက်ရော တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ အကျိုးထူးရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒက ဒီခွဲစိတ်မှုအတွက် စိတ်အားထက်သန်မှ ဖြစ်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးဖြစ်စေလဲ။ ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အခါ ထိပ်အရေပြားပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်တွေ ကပ်နေတတ်ပြီး အနံ့ထွက်တတ်ပါတယ်။ နံရုံတင်ပဲလားဆိုတော့ ဘက်တီးရီးယားပိုးတွေ ပါနေတဲ့အတွက် အခန့်မသင့်ရင် ဆီးလမ်းကြောင်း […]


လိင်တံပြဿနာများ

သင့် ငယ်ပါ တိုဝင်သွားပြီလား။

ခုနကအကောင်း ခုကြည့်လိုက်တော့မှ ငယ်ပါ ကို မတွေ့တော့လို့ ခေါင်းထဲမှာ ဒိန်းခနဲတက်ဆောင့်ပြီး လန့်သွားတဲ့သူများ ရှိသလား။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထိတ်တလန့် ဖြစ်ရပြီဆိုရင် သင့်မှာ koroလို့ ခေါ်တဲ့ ကြောက်လန့်ခြင်း တစ်မျိုး ဖြစ်နေပြီလို့ပဲ ပြောပါရစေ။ တကယ်တော့ koroဆိုတာ culture- bound syndrome လို့ ခေါ်တဲ့ ဓလေ့ထုံးစံတွေကြောင့် အစွဲအလမ်းကြီးတာမျိုးပါ။ သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် koro ဆိုတာ မလေးတရုတ်စကားဖြစ်ပြီး 'ကျုံ့သွားတယ်'လို့ အဓိပ္ပာယ်ရပါတယ်။ အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံးပါပဲ။ ဟိုးအနောက်နိုင်ငံတွေမှာဆိုရင်တော့ ဒါဟာ စုန်းမပြုစားတာမို့လို့ ပြန်ပြီးတောင်းပန်ကြပါတယ်။ ခုခေတ်စကားနဲ့ဆို နတ်ကိုင်လိုက်တာပေါ့။ နောက်တစ်ခုက ဒီလိုမကျုံ့ခင်မှာ ဆစ်ခနဲနာပြီးမှ ကျုံ့သွားတဲ့အတွက် 'တိုနာ'လို့လည်း မြန်မာမှုပြုပြီး ခေါ်ကြပါသေးတယ်။ ဒါဆို လိင်အင်္ဂါက တကယ်ကျုံ့ဝင်တတ်သလား။ စိတ်ပိုင်းဆိုင်ရာ သက်သက်လား။ အမျိုးသားတွေရဲ့ […]


လိင်တံပြဿနာများ

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) ...... အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေးမှာ လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်