backup og meta

လိင်တံ ဘာလို့ယားယံ နေရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံ ဘာလို့ယားယံ နေရတာလဲ

    လူကြားသူကြားထဲမှာ လိင်တံ ယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ လိင်တံ ဘာလို့ယားယံ နေရသလဲ၊ သက်သာအောင် ဘာတွေလုပ်နိုင်မလဲဆိုတာသိဖို့ ပြောပြပါ့မယ်။

    လိင်တံယားယံတာက အတော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ကံကောင်းတာက ယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းအတော်များများက တအားကြီးစိုးရိမ်စရာ မလိုအပ်ပါဘူး။ များသောအားဖြင့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆို လိင်တံယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာလေ့လာကြည့်ရအောင်ပါ။

    လိင်တံ ဘာလို့ယားယံ နေရတာလဲ

    • လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါများ

    ရောဂါရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာကနေ ကူးစက်တဲ့ရောဂါတွေကြောင့် လိင်တံယားယံနိုင်ပါတယ်။ လိင်အင်္ဂါရေယုန်၊ ကာလသားရောဂါ၊ ဆီးပူညောင်းကျ (ဒါမှမဟုတ်) ဂနိုရောဂါ၊ ခုခံအားကျဆင်းမှု ရောဂါနဲ့ လိင်အင်္ဂါကြွက်နို့တွေ ကူးစက်ခံရရင် လိင်တံယားယံနိုင်ပါတယ်။ ဒါ့အပြင် လိင်တံမှာ အနာတွေ၊ အဖုတွေပေါက်တာ၊ နီရဲရောင်ရမ်းတာတွေလည်း ခံစားရနိုင်ပါတယ်။

    • ဓာတ်မတည့်ခြင်း

    သုံးစွဲတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာရည်၊ လိုးရှင်းစတာတွေထဲမှာ ပါဝင်တဲ့ ဓာတုဓာတ်တချို့နဲ့ ဓာတ်မတည့်ရင်လည်း လိင်တံယားယံနိုင်ပါတယ်။ လိင်တံအရေပြားက ခန္ဓာကိုယ်က တခြားအရေပြားတွေထက် ပိုပြီးနူးညံ့တဲ့အတွက် ဒီလိုယားယံမှုတွေ ပိုဖြစ်နိုင်တာကို သိထားသင့်ပါတယ်။ နောက်ပြီး latex (ရာဘာစေး) နဲ့ ဓာတ်မတည့် သူဆိုရင် latex ကွန်ဒုံးတွေအသုံးပြုချိန်မှာ လိင်တံယားယံနိုင်ပါတယ်။

    • မှိုစွဲခြင်း

    လိင်အင်္ဂါကို ကူးစက်နိုင်တဲ့ မှိုရောဂါတွေအများကြီးရှိပြီး Candida albicans လို့ခေါ်တဲ့ မှိုရောဂါကတော့ အဖြစ်အများဆုံးပါ။ မှိုစွဲတာကြောင့် လိင်တံတစ်ချောင်းလုံး နေမထိထိုင်မသာဖြစ်အောင် ယားယံပြီး အနီရောင်အစက်တွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ တချို့တွေမှာဆိုရင် လိင်တံကပူစပ်ပြီး အဖြူရောင်အကွက်တွေလည်း ပေါ်လာတာကိုတွေ့ရပါတယ်။ ကံကောင်းတဲ့အချက်က မှိုရောဂါအများစုကို သောက်ဆေးနဲ့ကုသနိုင်ပါတယ်။

    • လိင်တံထိပ်ဖူးအရေပြား ရောင်ရမ်းနေခြင်း

    လိင်တံ ထိပ်ဖူးကို ဖုံးအုပ်ပေးထားတဲ့ အရေပြားကို foreskin လို့ခေါ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းပြီး လိင်တံကို မှန်မှန်မဆေးကြောခဲ့ရင်၊ ဓာတ်မတည့်တာတစ်ခုခု သုံးစွဲမိခဲ့ရင်၊ အရေပြားပြဿနာတစ်ခုခုခံစား နေရရင် (ဒါမှမဟုတ်) ဆီးချိုရောဂါလို နာတာရှည်ရောဂါတစ်ခုခု ရှိနေခဲ့ရင် လိင်တံထိပ်အရေပြား ရောင်ရမ်းတတ်ပါတယ်။ အရေပြားရောင်ရမ်းတာနဲ့အတူ လိင်တံယားယံခြင်း၊ ဖူးရောင်ခြင်း၊ နာကျင်ခြင်း၊ အနံ့နံတဲ့အရည်များ ဆင်းခြင်း စတဲ့လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။

    ကိုယ်ခံအားနဲ့ဆိုင်တဲ့ Psoriasis အရေပြားပြဿနာကြောင့် လိင်တံမှာ အနီကွက်ထွက်လာခြင်း၊ လိင်တံအရေပြား မာကျောကြွပ်ဆတ်လာခြင်း၊ ယားယံခြင်းတွေ ခံစားရနိုင်ပါတယ်။ Psoriasis အရေပြားရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ အခုချိန်ထိ တိတိကျကျမသိရသေးပါဘူး။

    နှင်းခူရောဂါက ခန္ဓာကိုယ်ရဲ့ ဘယ်အရေပြားမှာမဆို ဖြစ်နိုင်ပါတယ်။ လိင်တံအရေပြားလည်းအပါအဝင်ပေ့ါ။ နှင်းခူကြောင့် အရေပြားယားယံခြင်း၊ နီရဲခြင်း၊ အရေပြားလန်ခြင်းတွေ ခံစားရနိုင်ပါတယ်။

    လိင်တံမှာလည်း ဝဲပေါက်နိုင်ပါတယ်။ ဝဲပေါက်စေတဲ့ အကောင်သေးသေးလေးတွေကို ပိုးလှေးလို့ခေါပြီး ဒီအကောင်လေးတွေက အရေပြားအောက်ကို တူးဝင်ပြီး ဥဥချကြပါတယ်။ လိင်တံနဲ့ ကပ္ပာယ်အိတ်လို နေရာတွေက စိုစွတ်မှု များပြီး အမွေးအမျှင်လည်းရှိတဲ့အတွက် ပိုးလှေးတွေသဘောကျတဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းတဲ့သူတွေဆို လိင်အင်္ဂါမှာ ဝဲပေါက်နိုင်တာကို သတိပြုပါ။ မကုတ်ရမနေနိုင်အောင် ယားယံနေပြီဆို ဝဲပေါက်နေတာဖြစ်နိုင်ပါတယ်။

    လိင်တံယားယံရတဲ့ ပြဿနာအမျိုးမျိုးကို အထိုက်အလျောက်သက်သာအောင် လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင်

  •  တစ်ကိုယ်ရည်သန့်ရှင်းရေးကိုသေချာပြုလုပ်ပါ။
  • တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းရင် အရေပြားပြဿနာ အတော်များများ တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်မှာပါပဲ။ လိင်အင်္ဂါတဝိုက်ကို ရေချိုးတိုင်း ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ လိင်တံထိပ်အရေပြားအတွင်းဖက်ကိုပါ သေချာဆေးကြောပေးပါ။ အသုံးပြုတဲ့ဆပ်ပြာတွေကိုလည်း တအားမမွှေးလွန်းတဲ့ အမျိုးအစားတွေကိုသုံးစွဲပါ။ ရေချိုးပြီးတိုင်း အရေပြားကိုသေချာ ခြောက်သွေ့အောင်သုတ်ဖို့ မမေ့ပါနဲ့။

    ယားယံမှုလုံးဝမပျောက်ရင်တောင် အထိုက်အလျောက်တော့ သက်သာစေပါတယ်။ ရေခဲတုံးကို အရေပြားပေါ် တိုက်ရိုက်မတင်ပါနဲ့၊ အဝတ်တစ်ခုခုနဲ့ထုပ်ပြီးမှ ကပ်ပေးပါ။

    အရေပြားခြောက်သွေ့ယားယံခြင်းကို အတိုင်းအတာတစ်ခုထိ သက်သာစေတဲ့အတွက် ရံဖန်ရံခါ လိမ်းပေးနိုင်ပါတယ်။

    • မုန့်ဖုတ်ဆော်ဒါ

    မှိုစွဲခြင်းကြောင့် လိင်တံယားယံမှုကို အိမ်သုံးမုန့်ဖုတ်ဆော်ဒါသုံးပြီး သက်သာအောင်လုပ်နိုင်ပါတယ်။ ဆော်ဒါမှုန့်ကို ရေနွေးနည်းနည်းနဲ့ရောပြီး ရလာတဲ့အနှစ်ကို လိင်တံမှာလိမ်းကျံပါ။ မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ

    လိင်တံ ယားယံမှုတိုင်းကို ကိုယ့်အိမ်မှာတင် ကုသလို့မရတာတော့ သိစေချင်ပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် လိင်တံယားယံတတ်ကြောင်း ပြောပြီးပါပြီ။ လိင်ဆက်ဆံမှုကနေ ရောဂါကူးစက်ခံ ရတယ်လို့ သံသယရှိရင် ကိုယ့်ဖာသာ ကြိတ်ကုဖို့ ယောင်လို့တောင်မစဉ်းစားပါနဲ့။ ဆရာဝန်နဲ့ ပြသဖို့ လိုကိုလိုအပ် ပါတယ်။

    ရောဂါလုံးဝမပျောက်မချင်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ရှားပြီး တခြားသူကို ရောဂါမကူးစက်အောင် ကာကွယ်ပါ။ တကယ်လို့ ကိုယ့်လိင်တံယားယံနေရတဲ့အကြောင်းရင်းကို သေချာမသိရင်လည်း ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုခံယူတာသာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement