backup og meta

ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

    လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားလေးအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင် အမျိုးသား တစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေ သောက်ရင် မရဘူးလား၊ သူများတွေ ကြီးဆေးထိုး ၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။

    ကြီးဆေးထိုး ခြင်း ပြဿနာ

    တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကို လိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်ပြုဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊ အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေက များလွန်းပါတယ်။ ဒါတွေအကုန် ရင်ဆိုင်ဖို့ ကိုယ်တိုင်ရော အဆင်သင့်ဖြစ်ပြီလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။

    မြန်မာနိုင်ငံမှာက ကျန်းမာရေးအသိပညာ နည်းလွန်းတာကြောင့် ဒီလိုကိစ္စမျိုးတွေကို ကြောက်ရကောင်းမှန်းလည်း မသိတော့သလို ဘာတွေ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်လဲဆိုတာ ဂရုလည်း မစိုက်နိုင်တော့ပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတော့တာပါပဲ။

    အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ ဒီပစ္စည်းတွေဟာ လိင်အင်္ဂါကို ကြီးထွားစေပါတယ်။ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို ထိုးသွင်းထားတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိင်တံအတွင်းမှာရှိတဲ့ တစ်ရှူးတွေဟာ ဒီပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး ထင်မထားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။

    ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

    လူငယ်သဘာဝ၊ ယောက်ျားလေးလည်း ဖြစ်ပြန်တော့ လက်ရဲဇက်ရဲရှိကြတယ်။ ကြီးရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အချင်းချင်းပူးပေါင်းပြီးထိုးကြတယ်။ အဲ့ဒါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့

    • လိင်တံအရေပြားနောက်လှန်ဆွဲလို့မရတော့တာ
    • ဆီးသွားရခက်သွားတာ၊ ဆီးလမ်းကြောင်းပိတ်သွားတာ
    • ဆေးထိုးထားတဲ့နေရာက ဓာတ်မတည့်ဖြစ်ပြီး ဖောရောင်လာတာ
    • အနာဖြစ်ပြီး ပြည်တွေ ယိုစိမ့်လာတာ
    • မှိုပိုးဝင်ပြီး အကွက်တွေ ထလာတာ
    • လိင်အင်္ဂါက ပုပ်စော်နံလာတာ
    • လိင်တံရဲ့ ပုံမှန်လုံးပတ်လို မဟုတ်တော့ဘဲ ကွက်ကြီး၊ ကွက်သေးဖြစ်လာတာ
    • လိင်တံက အထဲကို တိုဝင်ပြီး ကျုံ့သွားတာ
    • ဆေးထိုးထားတဲ့နေရာမှာ ခဲပြီး မာမာအကျိတ်လိုဖြစ်တာ အစရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒီအခြေအနေတွေဟာ စိုးရိမ်ရလား။

    ကံကောင်းတဲ့အခြေအနေမှာ ပြောရမယ်ဆိုရင် လက္ခဏာပြကာစအချိန်မျိုးမှာ သိသိချင်း ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် ကိုယ့်လိင်အင်္ဂါထဲ ထိုးထည့်ထားတဲ့ ပစ္စည်းကို ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။ ကံမကောင်းတဲ့အခြေအနေမျိုးမှာ လိင်တံတစ်ခုလုံး အရင်းကနေ ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ကြီးဆေးထိုးတာမျိုးတွေ မလုပ်ရင်တော့ အကောင်းဆုံးပါပဲ။

    ဂေါ်လီထည့်တယ်ဆိုတာလည်း ထိုနည်းတူပါပဲ။ သဘာဝ မဟုတ်တဲ့ သတ္တုပစ္စည်းတွေသည် လိင်အင်္ဂါထဲမှာ အချိန်အကြာကြီး ရှိနေတဲ့အခါ ဒါတွေက အဆိပ်အတောက်ဖြစ်စေပြီး လိင်အင်္ဂါရဲ့ လုပ်ဆောင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။ ဥပမာ ကောင်းစွာ မထောင်မတ်နိုင်တော့တာ၊ တစ်နေရာထဲမှာ ရောင်ပြီး သွေးခဲသလို ဖြစ်နေတာ၊ သွေးကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိတော့တာတွေ ဖြစ်နိုင်ပါတယ်။

    လိင်ဆက်ဆံဖော်အတွက် လိင်တံအရွယ်အစားက ဘယ်လောက်အရေးပါလဲ။

    မိန်းကလေး အများစုအတွက်တော့ အရွယ်အစားသည် အဓိကမကျပါဘူး။ ဒါဟာ အမျိုးသားတွေမှာ ကိုယ့်ဘာသာ ဖြစ်နေတဲ့ စိတ်မလုံခြုံမှု တစ်မျိုးပါပဲ။ ယောက်ျား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်တယ်။ သက်လုံကောင်းတယ်။ သုက်လွှတ်မမြန်အောင် အာရုံစုစည်းထားနိုင်တယ်။ ကိုယ့်အဖော်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်။ နှစ်ဦးလုံးကာမဆန္ဒအထွတ်အထိပ်ရောက်စေဖို့ စွမ်းဆောင်နိုင်တယ်ဆိုရင် လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။

    အကယ်လို့သာ ကိုယ့်လိင်တံကို မကျေနပ်ဘူးဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ကြီးဆေး တွေ လျှောက်ထိုးတာထက် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    ဒီတော့ အပေါင်းအသင်းစကား နားယောင်ပြီး ကြီးဆေးတွေ လျှောက်ထိုးတာမျိုး မလုပ်ဖို့ နောက်ဆုံးအနေနဲ့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။ တခြားလူတိုင်း လုပ်တိုင်း လိုက်လုပ်ရင် ဒုက္ခဖြစ်လာတဲ့အခါ အားလုံးအတူတူ ရင်ဆီးခံရတော့မှာပါပဲ။ ဖွားဖက်တော်ဆိုတာ မွေးရာပါ သဘာဝအတိုင်း ထားတာက အကောင်းဆုံးပါပဲ။ တစ်ခဏ သာယာဖို့အတွက် တစ်ဘဝလုံး အဆုံးရှုံးခံလိုက်တော့မယ့် အဖြစ်ကို ရွေးချယ်မလား၊ ရှောင်ကြဉ်မလားဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့သာ ဆိုင်သွားပါပြီ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement