အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ!

ဆေးမှားပြီး သောက်မိလို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအာနိသင်ပြမလဲ သိချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်မရအောင် တားဆီးနိုင်မလား ဆိုပြီး သိချင်လို့ပဲဖြစ်ဖြစ် အမျိုးသမီးသုံး သန္ဓေတား သောက်ဆေး၊ အရေးပေါ် သန္ဓေတားဆေးတွေကို သောက်လိုက်ရင် ဘယ်လိုတွေများ အာနိသင်ပြမလဲဆိုပြီး သိချင်နေတဲ့ အမျိုးသားတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ ဆိုတာကို ပြောပြပေးမှာမို့ အဆုံးထိ ဖတ်ကြည့်လိုက်တော့နော်။ အမျိုးသားတွေအတွက် သားဆက်ခြား သောက်ဆေး ရှိလား ကိုယ်ဝန်မရအောင်ဆိုပြီး သားဆက်ခြားတဲ့ နည်းလမ်းတွေက အစုံပါပဲ။ ဒီလို သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေအတွက် ထုတ်ထားတာတွေပဲ များပါတယ်။ လက်ရှိအထိ အမျိုးသားတွေ သုံးလို့ ရတဲ့ သားဆက်ခြားနည်းဆိုလို့ ကွန်ဒုံးပဲ ရှိပါမယ်။ အမျိုးသားတွေ သောက်သုံးဖို့ သားဆက်ခြား သောက်ဆေးတွေကတော့ လက်ရှိမှာ စမ်းသပ်နေဆဲပါ။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသမီးတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့

အိပ်စက်ခြင်း လူတိုင်းအတွက် အရေးကြီးတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ လူတစ်ယောက်မှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိဘူးဆိုရင် ကိုယ်ခံအား နည်းတာ၊ ခေါင်းမကြည်တာ၊ အာရုံစူးစိုက်ဖို့ ခက်တာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခါတော့ အိပ်ရေးပျက်တာကြောင့် ကျန်းမာရေး ထိခိုက်တာက အမျိုုးသားတွေမှာ ဘယ်လိုမျိုး သက်ရောက်နေသလဲ၊ ဘာကြောင့် အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့ လို့ ပြောရသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ဦးနော်။ အိပ်စက်ခြင်းနဲ့ အမျိုးသား ကျန်းမာရေး အမျိုးသား တစ်ဦးအနေနဲ့ တစ်ညကို အိပ်ချိန် အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ ရှိရပါမယ်။ ဒါမှ လုံလောက်တဲ့ အိပ်စက်ချိန် ရှိတယ်လို့ ဆိုရမှာပါ။ အမျိုးသားတွေမှာ အိပ်ရေးပျက်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ

ပန်းသေပန်းညှိုးတယ်ဆိုတာက အမျိုးသားလိင်တံဆီကို သွေးကောင်းကောင်း မရောက်ရှိတာမျိုးပါ။ ဒီအခြေအနေက အမျိုးသားတွေကို လိင်ဆက်ဆံရာမှာ အခက်အခဲ ဖြစ်စေသလို ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ဆန္ဒပြီးမြောက်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ အစားအသောက်လေးကို ဂရုစိုက်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ ဒီတော့ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ဖို့ဆိုရင် နိုက်ထရိတ် ရစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ တရုတ်နံနံ၊ ဟင်းနုနွယ် စတာတွေက နိုက်ထရိတ် ပါဝင်မှု များပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နိုက်ထရိတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့

ပန်းသေပန်းညှိုးတာကို အသက်အရွယ်ရလာချိန်မှာ အမျိုးသား တော်တော်များများ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့်ပဲ ပန်းသေပန်းညှိုးခြင်းကို ဇရာပြဿနာရယ်လို့ ဆိုကြတာပေါ့။ ဒီလို ပန်းသေပန်းညှိုးတာကို သက်သာအောင် လုပ်လို့ရလားဆိုတော့ ရပါတယ်။ ပန်းသေပန်းညှိုးတာကို နေ့စဉ်ဘဝမှာ နေထိုင်စားသောက်မှုပုံစံပြောင်းလဲတဲ့ နည်းလမ်းနဲ့ သက်သာအောင် လုပ်လို့ရသလို ဆေးသောက်တာ၊ အခြားကုထုံးတွေ ခံယူတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ ဒီနေ့ပြောပြချင်တာတော့ ပန်းသေပန်းညှိုးတာကို သက်သာစေဖို့ သောက်ရတဲ့ဆေးတွေက ဘာဆေးတွေလဲ ဆိုတာနဲ့ ဒီဆေးတွေနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေအကြောင်းပါ။ ပန်းသေပန်းညှိုးအတွက် သောက်ရတဲ့ ဆေးတွေက ဘာတွေများလဲ ပန်းသေပန်းညှိုးအတွက် သောက်ရတဲ့ဆေးတွေက အမျိုးသားတော်တော်များများမှာ ပန်းသေပန်းညှိုးတာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဆေးဝါးတွေကတော့ Sildenafil (Viagra) Tadalafil (Adcirca, Cialis) Vardenafil (Levitra, Staxyn) Avanafil (Stendra) တို့ပါ။ https://hellosayarwon.com/mens-health/erectile-dysfunction/how-to-prevent-erectile-dysfunction/ ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား

ပန်းသေပန်းညှိုးတာက အမျိုးသားတွေမှာ အသက်ရလာချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ အမျိုးသားတော်တော်များများမှာ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ အမျိုးသားတိုင်း အသက်ရလာချိန်မှာ ပန်းသေပန်းညှိုးတာကို မဖြစ်မနေ ခံစားရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုဆို မေးစရာရှိနိုင်တာက ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား လို့ပေါ့။ အဖြေလေးကိုတော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားလို့ အပြီးထိ ဖတ်ကြည့်လိုက်တော့နော်။ ပန်းသေပန်းညှိုးခြင်း ဆိုတာ ပန်းသေပန်းညှိုးခြင်း ဆိုတာက အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စ လုပ်ဆောင်ရာမှာ ဆန္ဒပြီးမြောက်စေဖို့အတွက် လိုအပ်တဲ့ လိင်တံထောင်မတ်မှုကို မလုပ်ဆောင်နိုင်တဲ့ အခြေအနေပါ။ အသက်အရွယ်ရလာချိန်မှာ ကိုယ်တွင်းက တက်စထရိုစတုန်း ဟော်မုန်းတွေ ကျဆင်းလာတာကြောင့် လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်လာတာပါ။ တချို့အမျိုးသားတွေမှာကျ အသက်လည်း မကြီးသေးဘဲနဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ငယ်ငယ်လေးနဲ့ ပန်းသေပန်းညှိုးရောဂါ ခံစားရတာတွေ ရှိပါတယ်။ ဒီအခြေအနေ မဖြစ်အောင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေက သန်မာရမယ် လို့ ဘယ်သူတံဆိပ်ကပ်ခဲ့တာလဲ။

အမျိုးသားတွေက သန်မာရမယ် ။ ပျော့ညံ့ညံ့ မဖြစ်ရဘူး။ မငိုရဘူး။ ယောက်ျားကြီးတန်မဲ့၊ မိန်းမလို မိန်းမရနဲ့ စတဲ့ အပြောအဆိုတွေ အကုန်လုံးက ကျား၊ မတွေကို တံဆိပ်ကပ်နေခဲ့တာ ကြာပါပြီ။ တံဆိပ်ကပ်ရုံတင်မဟုတ်ဘဲ စည်းမျဉ်းတစ်ခုလို စွဲကိုင်လာတဲ့အခါ ဒီစည်းမျဉ်းက သွေဖီရင် သူက ပျော့ညံ့တဲ့ ယောက်ျား၊ ဘာမှသုံးမရဘူးဆိုပြီး ခွဲခြားဆက်ဆံမှုတွေပါ ပါလာပါတယ်။ အမျိုးသားတွေက သန်မာရမယ် လို့ ဘယ်သူတံဆိပ်ကပ်ခဲ့တာလဲ။ ထုံးတမ်းစဉ်လာတွေ၊ မိဘအစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ အယူအဆတွေကတော့ အဓိကပါပဲ။ ဒါတင်ပဲလားဆိုတော့ ရုပ်ရှင်နဲ့ မီဒီယာတွေမှာ အမျိုးသားတွေကို အဘက်ဘက်က ပြည့်စုံပြီး အားကြီးတဲ့ပုံစံ ဖော်ပြတာ၊ အမျိုးသမီးတွေအပေါ်မှာ အနိုင်ကျင့်တာကို ပုံမှန်ကိစ္စတစ်ခုအနေနဲ့ ပြတာ ဒါတွေကလည်း ပူးတွဲ တရားခံတွေပါပဲ။ အမျိုးသားဆိုတာနဲ့ ဒီလိုတံဆိပ်တွေ ကပ်ခံထားရပါတယ်။ သူများကို ရင်ဖွင့်တာက အားနည်းတဲ့ သူတွေရဲ့လုပ်ရပ် အမျိုးသားဆိုတာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့

ဆံသားက ဒုတိယမျက်နှာ ဆိုတဲ့ စကားက အမျိုးသမီးတွေ အတွက်ပဲ မှန်တယ်လို့ ယူဆနေတုန်းလား။ ဒီစကားရပ်က အမျိုးသားတွေအတွက်လည်း မှန်ကန်ပါတယ်။ ဒီလိုပါပဲ ဆံသားတွေ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ ပတ်သက်တဲ့ Myths တွေက အမျိုးသမီးတွေမှာတင် ရှိနေတာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရှိနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကိုကိုတွေကြားမှာ ဆံသားတွေ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ နဲ့ပတ်သက်လို့ မှားသိထားနိုင်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့ ကိုကိုတို့ မှားသိထားနိုင်တဲ့ Hair Myths အချို့ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ # ဗောက်ထတာက ဆံပင်မှာပဲ ဖြစ်တယ်။ ဗောက်ထတာက ဦးရေပြားမှာတင် ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဗောက်ထတာက မုတ်ဆိတ်မွေးတွေ ရှိနေတဲ့ နေရာမှာလည်း ဖြစ်နိုင်ပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။

မုတ်ဆိတ်တို့ နှုတ်ခမ်းမွေးတို့လို ပြောလိုက်ရင် အမျိုးသားတွေမှာပဲ ထွက်တာပါ။ အမျိုးသမီးတွေမှာတော့ မထွက်ဘူးလို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ အမျိုးသားတိုင်း မုတ်ဆိတ် ထွက်တာ ဟုတ်ရဲ့လား။ ဒီအဖြေကို ဟုတ်တယ်လို့ ဖြေမယ်ဆိုရင်တော့ မဟုတ်ပါဘူး။ အမျိုးသားတိုင်း မုတ်ဆိတ် မထွက်ကြပါဘူး။ ဒါဆို ဘာလို့ အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ  ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။ အချို့သော အမျိုးသားတွေ ဘာလို့ မုတ်ဆိတ် မထွက်ကြတာလဲ ။ အမျိုးသားတိုင်း မုတ်ဆိတ် ထွက်ကြတာ မဟုတ်ပါဘူး။ အချို့သော အမျိုးသားတွေအတွက် မုတ်ဆိတ်ထွက်တာက အတော်လေး နှေးပြီး မထွက်သလောက်ပါပဲ။ မုတ်ဆိတ်မွေးထားချင်ရင် မုတ်ဆိတ်မထွက်ရတဲ့ အကြောင်းအရင်းကဘာတွေများ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

မုတ်ဆိတ် နဲ့ အမျိုးသား ကျန်းမာရေး

အချို့သော လေ့လာမှုတွေအရ မုတ်ဆိတ်တွေက ဘက်တီးရီးယားတွေ ခိုအောင်းရာနေရာလို့ လူသိများကြပါတယ်။ ဒီအချက်ကို လူသိများပေမယ့် မုတ်ဆိတ်ထားတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို နည်းစေနိုင်တယ်ဆိုတာကိုတော့ သိသူနည်းပါးပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီး အမျိုးသားတွေ အနေနဲ့ မုတ်ဆိတ်ထားသင့်လား၊ မထားသင့်ဘူးလား ဆိုတာကို ဆုံးဖြတ်လိုက်ရအောင်နော်။ မုတ်ဆိတ် ထားတာ ကျန်းမာစေသလား။ မုတ်ဆိတ်ထားတာက ကျန်းမာစေသလား ဆိုတော့ မုတ်ဆိတ်တွေက အသားအရေကို နေလောင်ပျက်စီးတာတွေနဲ့ နေလောင်တာကြောင့် ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီတော့ ခြုံပြောရမယ်ဆိုရင် မုတ်ဆိတ်ထားတာ ကျန်းမာစေပါတယ်။ မုတ်ဆိတ်ထားတာက အခုလို ကျန်းမာရေး အာနိသင်လေးတွေ ရရှိစေနိုင်ပါတယ်။ နေရောင်ကာပေးတယ် မုတ်ဆိတ်တွေက အရေပြားကို နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မုတ်ဆိတ် ထူရင် ထူသလောက် နေရောင်ကို ကာကွယ်နိုင်စွမ်းကတော့ ကွာခြားသွားပါတယ်။ အကြောင်းကတော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ အကြောင်း သိရှိကာကွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ကင်ဆာရောဂါက အခုနောက်ပိုင်း နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် တော်တော်လေး အဖြစ်များလာပါတယ်။ ကင်ဆာက အမျိုးသမီးတွေမှာတင်မဟုတ် အမျိုးသားတွေမှာလည်း ခံစားရနိုင်ပါတယ်။ စစ်တမ်းများအရ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် ကင်ဆာ ခံစားရသူ အရေအတွက်ဟာ  ၉၇၀,၂၅၀ ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာဆိုရင် တော်တော်လေး များမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဆေးလိပ်သောက်သုံးသူ၊ ကွမ်းယာစားသုံးသူ အရေအတွက် အများစုက အမျိုးသားတွေ ဖြစ်တာကြောင့် ခံတွင်းကင်ဆာလိုမျိုး ကင်ဆာ ဖြစ်ပွားမှုကလည်း တော်တော်များပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ အကြောင်း အမျိုးသားတွေမှာ အရေပြား ကင်ဆာက ဖြစ်ခဲပေမယ့် ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတွေကတော့ တော်တော် အဖြစ်များပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ကင်ဆာရောဂါခံစားနေရသူ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)