backup og meta

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

    ကြာဆေးဆိုတာ ပြောရမယ်ဆိုရင် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီး ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ အခုတစ်ခေါက်တော့ ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား စေနိုင်တယ်ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ကြာဆေးရဲ့ အားသာချက်တွေက ဘာတွေလဲ။

    လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို ကြာစေယ်။

    ဆရာဝန်ဆေးစာနဲ့မှ ဝယ်ရတဲ့ ဆေးဆိုပေမဲ့ ဒီမှာက အလွယ်တကူ ဝယ်ရောင်းနေကြတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာပါတယ်။ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့သူနဲ့  သုက်လွှတ်မြန်သူတွေသာမက အချိန်ကြာမြင့်စွာ ဆက်ဆံလိုသူတွေနဲ့ အုပ်စုဖွဲ့ လိင်ဆက်ဆံလိုသူတွေပါ သုံးလာကြပါတယ်။

    ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

    ပန်းသေပန်းညှိုးအတွက် သောက်တဲ့ဆေးဆိုပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အမြဲတမ်း စွဲသောက်တဲ့အခါမှာ  ဆေးအကူအညီမပါဘဲ လိင်ဆက်ဆံလိုခြင်း မရှိတာ၊ တစ်ခုခု လိုအပ်နေတယ်လို့ ခံစားရတာမျိုးတွေ အဖြစ်များပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူတွေဆိုရင်လည်း ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ၊ မျက်စိများ မှုန်ဝါးလာတာ၊ နားထဲ အသံစူးစူးတွေ ဝင်လာတာမျိုးတွေ ဖြစ်နိုင်ပြီး များသောအားဖြင့်တော့ နာရီပိုင်းခြားကနေ ရက်ပိုင်းအထိ ကြာနိုင်ပါတယ်။

    နောက်ဆုံး ကျန်းမာရေးသုတေသီများ စစ်ဆေးလေ့လာတွေ့ရှိတာကတော့ ကြာဆေးကို အမြဲတမ်းလိုလို စွဲသောက်တဲ့ အမျိုးသားတွေမှာ အမြင်ဝါးလာတာ၊ အရောင်တွေကို ခွဲခြားဖို့ ခက်လာတာ၊ အလင်းဒဏ်မခံနိုင်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါက နာရီပိုင်းကနေ ရက်ပိုင်းလောက်ထိ ကြာနိုင်ပြီး အသက်အန္တရာယ် ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။

    ဆရာဝန်ရဲ့ ဆေးစစ်ချက်မပါဘဲ ကြာဆေးတွေကို အမြင့်ဆုံးအားပမာဏ (100mg)  သောက်တဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကကတော့ ကြာဆေးတွေတိုင်းမှာ ပါတဲ့ Sildenafil ဆိုတဲ့ ဒြပ်ပေါင်းကြောင့် ဖြစ်ရတာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏကို ကျော်လွန်ပြီး သောက်တယ်ဆိုမှသာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆက်လက်လေ့လာဖို့လိုသေးတယ်ဆိုပေမဲ့ ကြာဆေးသောက်တတ်တဲ့ အမျိုးသား‌တွေ သတိထားရမဲ့ အချက်တစ်ခုပါ။

    ဒါကြောင့် စိတ်ထင်တိုင်း ကြာဆေးတွေကို အလွယ်တကူ ဝယ်ပြီး လျှောက်သောက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြသတာမျိုး လုပ်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ပန်းသေပန်းညှိုးဖြစ်ရတဲ့ အကြောင်းရင်းအမှန်ကို သေချာသိပြီးမှသာ လိုအပ်တဲ့ ကုထုံးတွေ၊ ဆေးဝါးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။

    အဓိကဖြစ်စေတဲ့ အကြောင်းရင်းကိုသာ ထိန်းချုပ်နိုင်ရင် ကြာဆေးသောက်စရာမလိုဘဲ လိင်တံကောင်းစွာ ပြန်ပြီးထောင်မတ်လာနိုင်မှာပါ။ အသက်ကြီးပိုင်း အမျိုးသားတွေကိုတော့ အခြေအနေပေါ် မူတည်ပြီး ကျားဟော်မုန်း အစားထိုးတာမျိုး၊ ဆေးကို လိုမှ ညွှန်းပေးတာမျိုး လုပ်ဖို့တိုက်တွန်းမှာဖြစ်ပါတယ်။

    ကိုယ်တိုင် အလွယ်တကူ လုပ်လို့ရတဲ့ အိမ်တွင်းနည်းလမ်းတွေကတော့

    • ညအိပ်ချိန်ကို တစ်နေ့ ၇နာရီအထက် ရအောင်အိပ်စက်အနားယူခြင်း

    • အစာအာဟာရကို စုံလင်စွာ စားသောက်ခြင်း

    • အဆီ၊ အချိုများတဲ့ အစားအစာ၊ အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ခြင်း

    • ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်း၊ အားကစားများများ လုပ်ပေးခြင်း

    • စိတ်ပျော်ရွှင်စွာ နေထိုင်ခြင်း

    စိတ်ဖိစီးမှုတွေကို ဖယ်ရှားခြင်း

    • ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း

    • ရေများများသောက်ခြင်း စတဲ့ နည်းလမ်းတွေကို လုပ်ပေးလို့ရပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement