backup og meta

သုက်လွှတ်စောခြင်းကို ကုသနည်း


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်လွှတ်စောခြင်းကို ကုသနည်း

    အမျိုးသားအတော်များများဟာ သုက်လွှတ်စောခြင်းအကြောင်း ပြောဆိုဖို့ ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပြီး အမျိုးသား သုံးယောက်မှာ တစ်ယောက်က သူတို့တစ်သက်မှာ တစ်ချိန်ချိန်တော့ ခံစားရပါတယ်။ သင့်မှာ အချိန်မတန်ဘဲ သုက်လွှတ်တဲ့ ပြဿနာဖြစ်နေပြီဆိုရင် စိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ ရှက်ရွံ့ခြင်းတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ ဖော်ပြထားပါတယ်။

    အခြေအနေ အတော်များများမှာတော့ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ သူ့ဘာသာ ပြန်ကောင်းနိုင်တဲ့အတွက် ကုသစရာ မလိုပါဘူး။ ဒါပေမယ့် မပျောက်ကင်းဘဲနဲ့ သင့်ဘဝကို ထိခိုက်နေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ ကုသနည်းတွေကို တစ်ခုချင်း (သို့) နည်းတွေကို ပေါင်းစပ်ကုသခြင်း ပြုနိုင်ပါတယ်။

    ဆေး

    ဆရာဝန်တွေဟာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်း အတွက် clomipramine နဲ့ paroxetine အစရှိတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေကို ညွှန်တတ်ကြပါတယ်။ ဒီဆေးတွေဟာ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို တားပေးခြင်းအားဖြင့် သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီဆေးတွေဟာ ဆေးပတ်လည်ဖို့ နှစ်ပတ်ကနေ သုံးပတ်အထိ ကြာတတ်ပါတယ်။ ဒါ့ပြင် အကိုက်အခဲ ပျောက်ဆေးတွေဖြစ်တဲ့ Tramadol ဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို ကုသဖို့ အသုံးများတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

    သောက်ဆေးတွေအပြင် အမျိုးသားတွေဟာ ခရင်၊ ဂျယ်နဲ့ ဖျန်းဆေးတို့ကိုလဲ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ Lidocaine နဲ့ lidocaine-prilocaine ဟာ ဒီဆေးတွေမှာ ပါဝင်တဲ့ အရာနှစ်ခုဖြစ်ပါတယ်။ သူတို့ကို လိင်ထိုးသွင်းဆက်ဆံခြင်း မပြုလုပ်ခင် လိင်တံပေါ်မှာ သုက်လိမ်းပေးရပါတယ်။ ဆေး ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အာရုံခံစားမှု ပျောက်ဆုံးခြင်း၊ အမျိုးသားနဲ့ လိင်ဆက်ဆံဖက်မှာ လိင်မှုဆိုင်ရာ သာယာမှု လျော့ကျခြင်းတို့ ဖြစ်ပါတယ်။

    နှောင့်နှေးစေသော နည်းလမ်းများ

    အချို့နည်းလမ်းတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို တားမြစ်ပြီးတော့ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်း ရှိတဲ့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ နည်းတွေကို စမ်းသပ်ကြည့်နိုင်ပါတယ်။

    • ခံစားမှုတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး သုက်လွှတ်ခြင်းကို ထိန်းချုပ်ကြည့်ခြင်း
    • လိင်ဆက်ဆံဖက်နဲ့ တိုင်ပင်ပြီး နှိုးဆော်မှုကို နှေးကွေးစေခြင်း (သို့) လျော့ကျစေခြင်း
    • လိင်တံရဲ့ အာရုံခံစားမှုကို လျော့ကျစေဖို့ “climax control” ကွန်ဒုံးတွေကို အသုံးပြုခြင်း
    • လိင်ဆက်ဆံတဲ့ ပုံစံ ပြောင်းလဲကြည့်ခြင်း
    • အရက်၊ ဆေးလိပ်၊ ဆေး ပမာဏ သတ်မှတ်ခြင်း (သို့) ရပ်တန့်ခြင်း

    အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီးတော့ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီနည်းတွေမှာ လိင်မဆက်ဆံခင် တစ်နာရီ၊ နှစ်နာရီလောက် ကြိုပြီး ဆန္ဒဖြေဖျောက်ခြင်း၊ လိင်ဆက်ဆံမှုကို အချိန်တစ်ခုထိ ရှောင်ရှားခြင်း၊ အခြား လိင်ဆက်ဆက်မှုနဲ့ ဆိုင်နဲ့ ပုံစံတွေကို အာရုံစူးစိုက်ခြင်းတွေ ပါဝင်ပါတယ်။

    ရပ်လိုက်၊ ညှစ်လိုက် လုပ်တဲ့နည်းဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အခြားနည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းမှာ လိင်ဆက်ဆံဖက်ဟာ အဓိကကျပြီးတော့ အမျိုးသားဟာ သုက်လွှတ်ခါနီးပြီဆိုရင် လိင်တံရဲ့အဆုံးကို ညှစ်ပေးထားရမှာပါ။ လိင်ဆက်ဆံဖက်ဟာ ဒါကို စက္ကန့်အနည်းငယ်ကြာအောင် လုပ်ပြီးတော့ သုက်လွှတ်ချင်တဲ့ ဆန္ဒပျောက်ကွယ်သွားအောင် စောင့်ရမှာပါ။ အမျိုးသားဟာ ထိုးသွင်းလိင်ဆက်ဆံစဉ်မှာ သုက်လွှတ်ခြင်းကို မထိန်းချုပ်နိုင်မချင်း လိင်ဆက်ဆံဖက်ကို ဒီလို ပြန်လည်ပြုလုပ်ဖို့ ပြောဆိုနိုင်ပါတယ်။

    တိုင်ပင်ဆွေးနွေးခြင်း

    အခြားစိတ်ရောဂါ ပြဿနာတွေ ဖြစ်တဲ့ စိဖိစီးမှု များခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူခြင်းတွေဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ လိင်ဆက်ဆံဘက်နဲ့ ဆက်သွယ်မှု ပျောက်ဆုံးသလိုဖြစ်ပြီး စိတ်တိုလာတာတွေ၊ ရှက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးပေးတဲ့ ပညာရှင်နဲ့ ဒီပြဿနာတွေအကြောင်းကို ဆွေးနွေးပါ။ ဆွေးနွေးပြီးရင်တော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လာပါ လိမ့်မယ်။

    အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နည်းတစ်မျိုးတည်းနဲ့ ဖြစ်စေ၊ ပေါင်းစပ်ကုသဖို့ ဖြစ်စေ အချိန်လိုတတ်ပါတယ်။ ကုသမှုသာ ခံယူရင် အချိန်နဲ့ အမျှ ပြန်ကောင်းလာနိုင်တာကြောင့် စိတ်ပူဖို့ မလိုပါဘူး။ များသောအားဖြင့် အပြုအမူပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ဆေးတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement