backup og meta

ယောက်ျားများမြုံရခြင်း၏ အဓိကအကြောင်းရင်းများ


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားများမြုံရခြင်း၏ အဓိကအကြောင်းရင်းများ

    ယောင်္ကျားမျိုးမအောင်ခြင်းဆိုတာ အိမ်ထောင်သည်မိဘဖြစ်ရေးအတွက် အလွန်ဆိုးရွားတဲ့ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရောဂါအခြေအနေကို ကျန်းမာရေးအကြောင်းခံ၊ ပတ်ဝန်းကျင် အကြောင်းခံ နှင့် လူနေမှုပြသနာအနေနဲ့ သတ်မှတ်လို့ရပါတယ်။

    ကျန်းမာရေး အကြောင်းခံများ

    ပထမဆုံးအနေနဲ့ ဝှေးစေ့ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ varicocele ( သွေးပြန်ကြောဖူးရောင်ခြင်း) သို့ ဝှေးစေ့အောက်သို့အကျခြင်းတွေက ယောင်္ကျားမျိုးမအောင်ခြင်းကို ဦးတည်ဖြစ်ပေါ်စေပါတယ်။ varicocele ဟာ သုက်ပိုးအရေအတွက် ကျဆင်းခြင်းကို ဖြစ်စေပြီး ဝှေးစေ့အောက်သို့မကျခြင်းကအမျိုးသားတွေမှာ မျိုးမအောင်ဖို့ အခွင့်အလမ်းတွေကို ပိုဖြစ်စေပါတယ်။ ဒုတိယအနေနဲ့ ကူးစက်ရောဂါများ ဥပမာ လိင်ဆက်ဆံခြင်းမှ ကူးနိုင်သော ဂနိုရောဂါ ( gonorrhea ) သို့ HIV နှင့် ဝှေးစေ့ပြွန်ရောင်ရောဂါ ( epididymitis) သို့ ဝှေးစေ့ရောင်ခြင်း (orchitis) တို့ကလည်း ယောင်္ကျားမျိုးမအောင်ခြင်းကို ဖြစ်စေပါတယ်။ ထို့ပြင် နောက်ထပ်ဖြစ်နိုင်တာတွေကတော့ သုက်ပိုးတွေကို antibodies တွေက မှားယွင်းစွာ တိုက်ခိုက်မိခြင်း သို့ အမျိုးသား မျိုးပွား စနစ်မှာ ကင်ဆာအကြိတ်တည်ခြင်းတို့ဖြစ်ပါတယ်။ ထို့ပြင် ခွဲစိပ်မှု မှသော်လည်းကောင်း၊ရောဂါပိုးဝင်ရာမှ သော်လည်းကောင်း မတော်တဆထိခိုက်ရာမှ သို့ ဖွံ့ဖြိုးမှုမမှန်ရာကနေ သုက်လမ်းကြောင်း ပုံပျက်ခြင်းကြောင့်လည်း ပုံမှန် သုက်စီးဆင်းမှုကို ဟန့်တားနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကတော့ တခြားဖြစ်လာနိုင်တဲံ ပြသနာတွေ ဥပမာ သုက်လွှတ်မှု ပြသနာ ( သုက်ပိုး ဆီးအိမ်အတွင်း ရောက်ခြင်း )၊ ဟော်မုန်းမမျှတမှု (testosterone နည်းပါးခြင်း)၊လိင်ဆက်ဆံမှု အခက်အခဲများ နှင့် celiac ရောဂါ ( ကစီဓါတ်ကို ခံနိုင်စွမ်းမရှိခြင်း) တို့ကြောင့်လည်း ဖြစ်နိင်ပါတယ်။

    ပတ်ဝန်းကျင် အကြောင်းခံများ

    ပတ်ဝန်းကျင်ဟာလည်း ယောင်္ကျားမျိုးမအောင်ခြင်းအတွက် ကုံလုံတဲ့ လွှမ်းမိုးမှုတွေ ရှိနိုင်ပါတယ်။ တချို့သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်အနေအထားတွေကို များစွာ ထိတွေ့မှုဟာ အမျိုးသား မျိုးပွားစနစ်အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိကြောင်းပြောထားတာတွေ ရှိပါတယ်။ ဥပမာ စက်မှု ဓါတုပစ္စည်းတွေ ဖြစ်တဲ့ benzenes, toluene, xylene, pesticides, herbicides, prganic solvents, ဆေးသုက်ပစ္စည်းများဟာ သုက်အရည်အသွေးကို ကျစေပြီး ဓါတ်မှတ် သို့ ဓါတ်ရောင်ခြည်များနှင့် ထိတွေ့ခြင်းဟာ သုက်ပုံမှန်ထုတ်လုပ်ခြင်းမှ တားဆီးနိုင်ပါတယ်။ သတ္တုတွေနဲ့ ထိတွေ့ခြင်း၊ ဝှေးစေ့ အပူလွန်ခြင်းတို့ဟာလည်း မျိုးမအောင်ခြင်းရဲ့ အခြားသော ပြသနာတွေအနေနဲ့ သတ်မှတ်လို့ရပါတယ်။

    လူနေမှုပုံစံ အကြောင်းခံများ

    ကျန်းမာတဲ့ နေထိုင်မှု ပုံစံကို ထိန်းသိမ်းခြင်းဟာ မျိုးမအောင်နိုင်မှု အပေါ်များစွာ သက်ရောက်မှု ရှိပါတယ်။ လျှော့တွက်ထားတဲ့ အကြောင်းခံတွေ ဖြစ်တဲ့ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ကိုယ်အလေးချိန်များခြင်း သို့ နည်းခြင်းတွေက မျိုးမအောင်နိုင်ခြင်းကို အဖြစ်များစေပါတယ်။ ကြွက်သားကြီးထွားစေရန် ဆေးအလွဲသုံးစားလုပ်ခြင်းကြောင့် ဝှေးစေ့သေးစေပြီး သုက်ကောင်ရေ ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ အရက်သောက်ခြင်းကြောင့် testosterone ကျဆင်းပြီး လိင်တံထောင်မတ်နိုင်မှု ချွတ်ယွင်းစေခြင်း နှင့် စိတ်ဖိစီးမှုက ဟော်မုန်းမမျှတမှုကို ဖြစ်စေပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ဟာ ယောင်္ကျားမျိုးမအောက်ခြင်းရဲ့ အဓိက အကြောင်းခံတွေကို သိထားသင့် ပြီး မကျန်းမာစေတဲ့ လူနေထိုင်မှု ပုံစံတွေရှောင်ကြဉ်ခြင်း သို့ ရောဂါအခြေအနေ အချို့ကို သင့်တော်တဲ့ ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement