backup og meta

အမျိုးသားတွေက သူတို့ကိုယ်သူတို့ ဘာလို့ ဂရုမစိုက်တာလဲ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေက သူတို့ကိုယ်သူတို့ ဘာလို့ ဂရုမစိုက်တာလဲ။

    အမျိုးသားတွေက သူတို့အသက်ငယ်စဉ်မှာ ဘာမဆိုလုပ်ဆောင်နိုင်ဖို့ ကျန်းမာ၊ကြံ့ခိုင်တယ်လို့ ထင်တတ်ကြတယ်။ ဒါကြောင့် အမျိုးသားတွေဟာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ အန္တရာယ်များတဲ့ ရူးမိုက်မိုက်အလုပ်တွေကို လုပ်တတ်ကြတယ်။ သူတို့က HIVပိုး၊ အသည်းရောင်အသားဝါ စီ ပိုး ၊အဝလွန်ရောဂါနှင့် သေစေတတ်တဲ့ရောဂါတွေအကြောင်း ကြားဖူးတာနည်းတဲ့အပြင် ဒီရောဂါတွေက တခြားလူတွေမှာဖြစ်တတ်ပေမယ့် သူတို့မှာတော့ မဖြစ်တတ်ဘူးလို့ထင်တတ်ကြတယ်။ ဒီလိုကြားရတာ တစ်မျိုးဖြစ်နေပေမယ့် ဒါကအမှန်တရားပါပဲ။

    အမျိုးသားတွေရဲ့ ပြဿနာတွေက ဘာလဲ။

    ဖြစ်နိုင်တာကတော့ သူတို့ကိုဒုက္ခပေးနိုင်တဲ့ အရာတွေကို သတိမပြုမိတာပဲ ဖြစ်မယ်။ အချို့အမျိုးသားတွေဟာ ယောကျာ်းဆန်လွန်းတယ်။ သူတို့ဟာမိသားစုကို ကာကွယ်နိုင်တယ်၊ အရာအားလုံးလုပ်ဆောင်နိုင်တယ်လို့ ထင်ကြတယ်။ တချို့ဆို ကျိုးကြောင်းမစဉ်းစားဘဲ လုပ်လေ့ရှိတယ်။ အမျိုးသားတွေဟာ ဆရာဝန်နှင့် ပြသဖို့လမ်းညွှန်သောအခါတွင်လည်း မပြဘဲနေတတ်တယ်။ နိုင်ငံတကာအမျိုးသားကျန်းမာရေးအဖွဲ့၏ ဥက္ကဌ၊ နယူးယောက်မြို့ရှိ ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန် Dr.RRidwan Shabsigh က နယူးယောက် NBC သတင်းစာတွင် ဖော်ပြထားတာက အသက်၄၀အရွယ်အမျိုးသားတွေရဲ့ ၄၀ရာခိုင်နှုန်းက သွေးတွင်းကိုလက်စရောကို စစ်ဖို့မစဉ်းစားကြဘူး။ သူတို့တွေရဲ့ ၃ပုံ ၁ပုံကတော့ တစ်နှစ် တစ်ခါ စစ်ဆေးဖို့ကို ငြင်းဆန်ကြတယ်။

    ဒါ့ပြင် အမျိုးသားတွေဟာ ကိစ္စတစ်ခုကို အမျိုးသမီးတွေနည်းတူ စဉ်းစားမိရင်တောင် သူတို့ကိုယ်ကို ဂရုတစိုက်နေလေ့မရှိကြဘူး။ ဒါဟာ အမျိုးသားတွေမှာ သက်တမ်းတိုရခြင်း အကြောင်းရင်းဖြစ်တယ်။ ၁၉၉၀အစောပိုင်းတွေမှာ အမျိုးသားနှင့် အမျိုးသမီးသက်တမ်းကတူသော်လည်း ယခုအခါ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် သက်တမ်း၆နှစ်လောက် လျော့နည်းနေတတ်တယ်။ အမျိုးသားတွေဟာ ဆရာဝန်တွေနှင့်ပြသပြီး ရောဂါကိုမကာကွယ်တဲ့အပြင် ပိုဆိုးလာတဲ့အထိ ထားတတ်ကြတယ်။ အန္တရာယ်များတဲ့ နေထိုင်မှုပုံစံတွေဖြစ်တဲ့ အရက်သောက်တာများခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အဝလွန်ခြင်းတွေဟာ အမျိုးသားတွေကို ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါနှင့် ကင်ဆာဖြစ်တဲ့အခြေအနေထိ ဖြစ်စေတယ်။ ဒါတွေက နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုမပြုလုပ်၊ မကာကွယ်တဲ့လူတွေအတွက် အသံတိတ်လူသတ်သမားတွေ ဖြစ်တယ်။ အမျိုးသားတွေက လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုမလုပ်ဘဲ အစားအသောက်တွေပိုစားမယ်၊ အရက်တွေပိုသောက်မယ်ဆိုလျှင် ကျန်းမာရေးအခြေအနေဆိုးသွားနိုင်တယ်။ The Henry J.Kaiser Foundation ရဲ့အဆိုအရ အမျိုးသမီးတွေရဲ့ ၅၇ ရာခိုင်နှုန်းက စောစီးစွာ အဝလွန်ခြင်းကို ခံစားနေရချိန်တွင် အမျိုးသား ၇၀ရာခိုင်နှုန်းဟာ ကိုယ်အလေးချိန်တက်ခြင်းနှင့် စောစီးစွာ အဝလွန်ခြင်းကို ခံစားနေရပါတယ်။

    ဒီဆိုးကျိုးတွေအပြင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ခြင်းဗဟိုဌာနရဲ့ စစ်တမ်းအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ရောဂါဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဒါ့ပြင် အမျိုးသားတွေသေဆုံးရခြင်း၏ နံပါတ် တစ် နေရာတွင် ကင်ဆာ၊ နှလုံးရောဂါတို့ပြီးလျှင် သူတို့ကိုဒဏ်ရာအနာတရ( လိမ့်ကျခြင်း၊ ကားကြိတ်မိခြင်း၊ မီးလောင်ခြင်း)ဖြစ်စေတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ အမျိုးသမီးမှာ မတော်တဆမှုကြောင့် သေဆုံးခြင်းဟာ နံပတ်၆နေရာတွင် ရှိပါတယ်။

    အကျဉ်းချုပ်ရသော် အမျိုးသားတွေဟာ သူတို့ကိုယ်ကို ဂရုမစိုက်ရခြင်း အကြောင်းများစွာရှိတယ်။ သူတို့ဟာ ကိုယ်တွင်းကို ဂရုစိုက်ဖို့ထက် သူတို့ရဲ့အပြင်ပန်းပုံစံတွေကို ပိုအာရုံစိုက်ကြတာ ဖြစ်နိုင်ပါတယ်။ အပြင်ပန်းပုံစံကကြည့်ကောင်းပေမယ့် အတွင်းမှာဘာဖြစ်နေလဲဆိုတာ မသိနိုင်ပါဘူး။ ဥပမာ – မုန့်ထုပ်၁ထုတ်လိုပေါ့။ အပြင်ဘက်က ထုပ်ပိုးမှုပုံစံ တံဆိပ်ကကောင်းနေပေမယ့် တကယ်အရေးကြီးတာက မမြင်နိုင်တဲ့ အတွင်းမှာပါတဲ့ အရာဖြစ်ပါတယ်။

    အမျိုးသားတွေ သူတို့ကိုယ်ကို စောင့်ရှောက်ဖို့ သူတို့ကိုယ်သူတို့ သတိပေးဖို့အချိန်တန်ပါပြီ။ လူတိုင်း မိမိကိုယ်မိမိစောင့်ရှောက်ဖို့ အခုကစပြီး ကတိပြုလိုက်ပါ။ ကျန်းမာဖို့အတွက် ရက်၆၀ အစီအစဉ်တွေပြုလုပ်လိုက်ပါ။ အထူးသဖြင့် အမျိုးသားတွေပေါ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement