သုက်ရည် ပျစ်ခြင်း၊ ကျဲခြင်းဟာ အထဲမှာ ပါဝင်နေတဲ့ သုက်ပိုးတွေရဲ့ ကျန်းမာရေး၊ မျိုးအောင်နိုင်ခြေ၊ ကူးခတ်နိုင်စွမ်းနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် အမျိုးသားများ လူပျိုဖြစ်ကာစမှာ တော်တော် ပျစ်နေတတ်ပြီး အာသာဖြေတဲ့ အကြိမ်ရေများလာလေ၊ အသက်ကြီးလာလေ ကျဲသွားတတ်ပါတယ်။
ဒီအတွက် ပျစ်တဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ပိုပြီးကျန်းမာတယ်။ ကျဲတဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ကူးခတ်တာ မြန်တယ်ဆိုတာကတော့ ချင်း (ဂျင်း) သက်သက်ပါပဲ။
၃။ သုက်ရည်ထုတ်ပြီးနောက်မှာ သုက်ပိုးတွေဟာ ခဏပဲ ရှင်သန်နိုင်တဲ့ အလွဲ
ဒါကတော့ သုက်ရည်ဟာ ဘယ်နေရာပေါ် ကျသွားလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အေးတဲ့ နေရာတွေမှာ သုက်ရည်ကျသွားတဲ့အခါ လေနဲ့ အအေးဒဏ်ကြောင့် သုက်ရည်က ခြောက်သွားပါတယ်။
သုက်ရည်ခြောက်ပြီ ဆိုတာနဲ့ မိနစ်အနည်းငယ်အတွင်းမှာ သုက်ပိုးတွေဟာ သေသွားနိုင်ပါတယ်။ ပူတဲ့နေရာ (ဥပမာ ရေနွေးကန်ထဲမှာ) ဆိုရင်တော့ ဒီထက်ပိုပြီး မြန်မြန်သေနိုင်ပါတယ်။
မိန်းမကိုယ်ထဲမှာ သုက်လွှတ်လိုက်ရင်တော့ အကြာဆုံး ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေချိန် အတူနေပြီး ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။
၄။ သုက်ပိုးတွေဟာ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာပြီး မျိုးအောင်နိုင်တဲ့ အလွဲ
အမျိုးသားတွေဟာ လူပျိုစဖြစ်တဲ့ အချိန်မှစပြီး အသက်ကြီးတဲ့အထိ ဝှေးစေ့က သုက်ပိုးထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုက်ပိုး ထုတ်လုပ်နှုန်းဟာ နည်းသွားသလို မျိုးအောင်နိုင်စွမ်းလည်း ကျလာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။