backup og meta

ဘယ်ဆေးတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းပေါ် အကျိုးသက်ရောက်နေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်ဆေးတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းပေါ် အကျိုးသက်ရောက်နေတာလဲ

    တကယ်လို့ သင်က ကလေးရနိုင်ဖို့ ကြိုးစားနေတဲ့သူဆိုရင် မျိုးအောင်နှုန်းကို သက်ရောက်နေတဲ့ အကြောင်းရင်းတွေအများကြီးရှိနေတယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ အားလုံးထဲက အကြီးမားဆုံး အကြောင်းရင်းကတော့ ဆေးဝါးကုသမှုခံယူနေရတာပါပဲ။

    ကိုယ်ဝန်ရနိုင်ချေ မြင့်မားလာဖို့အတွက် ဘယ်လိုဆေးဝါးတွေကို ရှောင်ရှားသင့်တာလဲ။

    အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေသော ဆေးများ

    အောက်ပါ အမျိုးအစားတွေမှာတော့ အမျိုးသားတွေရဲ့ မျိုးပွားမှုနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးတွေ၊ မျိုးအောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ( ဥပမာ gonadotropin ထုတ်လွှတ်ပေးတဲ့ ဟော်မုန်း၊ follicleကို လှုံ့ဆော်ပေးနိုင်တဲ့ဟော်မုန်းတွေ သို့မဟုတ် luteinizing ဟော်မုန်းတွေ) ပေါ်ကို ဆိုးကျိုးတွေဖြစ်စေတဲ့ဆေးဝါးတွေပါဝင်နေပါတယ်။

    Testosterone

    ဒီကုထုံးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကိုတိုးတက်လာစေတာမှန်ပေမယ့်လည်း ဒီ testosterone ဖြည့်စွက်ဆေးတွေကို မှီခိုနေရသူတွေမှာတော့ သုက်ရည်ထုတ်လွှတ်မှုထဲမှာ သုက်ပိုးပါဝင်မှုနည်းနေတာ ဒါမှမဟုတ် သုက်ပိုးလုံးဝမပါလာတာတွေဖြစ်နိုင်ပါတယ်။

    ဆရာဝန်တွေကတော့ ဒါဟာ သူတို့ရဲ့ခန္ဓါကိုယ်က testosterone ဟာ လူလုပ်ပစ္စည်း (သဘာဝမဟုတ်တာ)ကို မသိလို့ဖြစ်နိုင်ပြီး ဒါကြောင့်လည်း သုက်ပိုးတွေကို မထုတ်လွှတ်ပေးတာလို့ ဆိုပါတယ်။

    ယေဘုယျအားဖြင့်တော့ အမျိုးသားတစ်ယောက်အတွက် သူ့ရဲ့သုက်ပိုးအရေအတွက်ပုံမှန်ဖြစ်အောင် ယူရတဲ့အချိန်ဟာ ၆လကြာပါတယ်။ ဒါပေမယ့် အချို့တွေကတော့ ဒီဘေးထွက်ဆိုးကျိုးကို တစ်ဘဝစာ ခံစားရတော့တာပါပဲ။

    စတီးရွိုက်

    အားကစားသမားတွေနဲ့ အမျိုးသားတွေကြားမှာ လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နေပေမယ့် ယေဘုယျအားဖြင့်တော့ စတီးရွိုက်ဘယ်အမျိုးအစားဖြစ်ဖြစ် အထူးသဖြင့် anabolic steroid တွေဟာ အမျိုးသားမျိုးအောင်မှုပေါ်မှာ testosterone လိုပဲ ထိခိုက်စေနိုင်ပါတယ်။

    ဒါကတော့ ပုံမှန် ခန္ဓါကိုယ်ရဲ့ ဟော်မုန်းအချက်ပြမှုတွေကို ပိတ်ဆို့စေတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားအများစုကတော့ သူတို့ရဲ့ သုက်ပိုးထုတ်လွှတ်မှုပုံမှန်အဆင့်ရောက်အောင် ၃လ ကနေ ၁၂လအတွင်း ဆေးမသောက်ယုံနဲ့ ပြန်ရနိုင်တယ်လို့ ဆိုကြပါတယ်။

    Opiates (မူးယစ်ဆေး)

    Opiateသုံးစွဲခြင်း အချိန်ကာလတိုလေးမှာတော့ (ခွဲစိတ်မှုတစ်ခုပြီးလို့ဖြစ်စေ၊ အရိုးကျိုးလို့ဖြစ်စေ နာကျင်မှုသက်သာစေရန်) ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ဆိုကြပါတယ်။

    ဒါပေမယ့် ကာလကြာရှည် အသုံးပြုမယ်ဆိုရင် (ဆေးဝါးကုသမှုအရသော်လည်းကောင်း ၊ တရားမဝင်သုံးစွဲခြင်းသော်လည်းကောင်း) လိင်တံထောင်မတ်မှုပုံမှန်မဟုတ်ခြင်း၊ သုက်ပိုးအရေအတွက်နည်းခြင်းနဲ့ လိင်စိတ်ဆုံးရှုံးခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။

    Opiates တွေနဲ့အတူ အခြားသော မူးယစ်ဆေးတွေဖြစ်တဲ့ အရက်၊ ဆေးခြောက်၊ ဆေးရွက်ကြီးနဲ့ ကိုကိန်းတွေကလည်း ဒီလို ရလဒ်မျိုးဖြစ်စေနိုင်တယ်လို့ အထောက်အထားတွေ ရှိခဲ့ပါတယ။်

    Ketoconazole

    ဒီ မှိုသတ်ဆေး (antifungal drug)ကို သောက်ဆေးအဖြစ်သုံးစွဲခြင်းဟာ(ဆေးတောင့်ဖြစ်စေ၊ အရည်ဖြစ်စေ) သုက်ပိုးထုတ်လွှတ်မှုကို အားနည်းစေပါတယ်။ ကောင်းတာတစ်ခုကတော့ ဒါကို ပြင်ပမှာပဲအသုံးပြုမယ်ဆိုရင်တော့ (လိမ်းဆေးအဖြစ်သော်လည်းကောင်း Ointment သို့မဟုတ် ပေါင်ဒါအဖြစ်သော်လည်းကောင်း) ယေဘုယျအားဖြင့် စိတ်ချရတယ်ဆိုပါတယ်။

    သွေးတိုးကျဆေးများ

    Stanford လေ့လာမှုတစ်ခုကတော့ သွေးဖိအားမြင့်ခြင်းအတွက် ဆေးဝါးကုသခြင်းတွေ ဥပမာ- beta blockers, ACE inhibitor သို့မဟုတ် diuretics တွေဟာ အမျိုးသားတွေအတွက် ၉%မှ ၁၁%ထိ မျိုးမအောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်လို့ အမျိုးသား၈သိန်းကျော်ကို တစ်ဦးချင်းစီလေ့လာထားမှုအရ ဆိုပါတယ။်

    တူညီတဲ့လေ့လာသူအုပ်စုတွေရဲ့ ထပ်ပြီးလေ့လာမှုတွေအရလည်း ဒီဖြစ်ရပ်ဟာ သုက်ရည်ပျစ်ချွဲမှု၊ သုက်ပိုးရွေ့လျားနိုင်စွမ်းနဲ့ ပမာဏတွေကိုလျော့ကျစေခြင်းကနေ စတင်ပါတယ်တဲ့။

    အခြားသောဆေးဝါးများ

    စိတ်ကျရောဂါအတွက် ဆေးဝါးများ၊ ကင်ဆာကုခြင်း၊ Sulfasalazine (ရောင်ယမ်းခြင်းအတွက် ကုသမှု) သို့မဟုတ် Alpha blockers(prostate ကြီးထွားမှုကြောင့်ဖြစ်သော ဆီးလမ်းကြောင်းရောဂါတွေကို ကုသခြင်းအတွက်) တွေကလည်း အမျိုးသား မျိုးအောင်ခြင်းကို နည်းလမ်းအမျိုးမျိုးနဲ့ လွှမ်းမိုးမှု ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

    ဖြစ်နိုင်တာတွေကတော့ လိင်စိတ်ဆန္ဒလျော့နည်းစေခြင်း၊ သုက်ပိုးတွေကို အားလျော့သေစသခြင်း သို့မဟုတ် စိတ်ဆန္ဒအထွတ်အထိပ်ရောက်ရန်ခက်ခဲခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    ရေးသားသူ- Wuthun Myat Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement