backup og meta

ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး

    ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး တွေက ဘာတွေလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ (အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ခွန်အားဖြစ်စေတယ်။ လက်ကောက်ဝတ်နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ်လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့ အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။

    ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး

    ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့

    • သက်လုံကောင်းစေတယ်

    • ရင်အုပ်ကြွက်သားတွေကို သန်မာစေတယ်

    • ပုခုံးကြွက်သားကို ကျယ်ပြန့်သွားစေတယ်

    • အလေးအပင်တွေ မတဲ့အခါ သူများထက် ပိုပြီး အလေးထမ်းနိုင်တယ်

    • တော်ရုံ အလုပ်လုပ်ရုံနဲ့ မမောတော့ဘူး

    • အသက်ပုံမှန် ရှူရှိုက်နိုင်စေပြီး အဆုတ် အားကောင်းစေတယ်

    • ခန္ဓာကိုယ်တွင်း သွေးလည်ပတ် စီးဆင်းနှုန်း မြန်စေတယ်

    ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်

    • အဆီပိုတွေကို လောင်ကျွမ်းပေးတယ်

    ကြွက်သားထုကို ကျစ်လျစ်စေတယ်

    • လိင်မှုကိစ္စမှာလည်း အမောခံနိုင်သလို ကာမသုခ အပြည့်အဝ ပေးစွမ်းနိုင်တယ်

    • အဝတ်အစား ဝတ်တဲ့အခါမှာလည်း လူကို ကြည့်ကောင်းစေတယ်

    • သွက်လက် ပေါ့ပါးစေပါတယ်

    တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးသင့်လဲ။

    ပထမဆုံး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်သူမှ အကြိမ်ရေများများ ဒိုက်ထိုးနိုင်မှာ မဟုတ်ပါဘူး။ တစ်မိနစ်၊ တစ်ရက်အတွင်းမှာ ဘယ်နှစ်ကြိမ် ထိုးနိုင်လဲ၊ အချိန်ကြာလာတာနဲ့အမျှ အကြိမ်ရေ ဘယ်လောက်များများ ပိုထိုးလာနိုင်လဲဆိုတာကို လေ့လာလို့ ရပါတယ်။

    စတင် ဒိုက်ထိုး ကာစမှာတော့ နာကျင်မှုဝေဒနာ၊ ကိုယ်လက် ညောင်းကိုက်နေတာ ခံစားမိမှာပါ။ အစောပိုင်းမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်ကစားရာကနေ ၂လအတွင်း တစ်နေ့ကို အကြိမ် ၁၀၀ ထိ ပုံမှန်ကစားပေးနိုင်တဲ့အထိ ကိုယ်ခန္ဓာအပေါ်ပိုင်း သန်စွမ်းလာနိုင်ပါတယ်။

    ဒိုက်ထိုး လေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ။

    လေ့ကျင့်ခန်း မပြုလုပ်ခင်၊ ပြုလုပ်ပြီး နာရီဝက် ခြားပြီးမှ အစာစားသင့်ပါတယ်။ အကြောလျှော့ လေ့ကျင့်ခန်းလည်း လုပ်ပေးသင့်ပါတယ်၊၊ မလုပ်ခင်မှာ ကြိုတင်ပြီး ရေများများသောက်ပါ။ ကိုယ်တတ်နိုင် သလောက် အကြိမ်ရေ အတိုင်း လုပ်ကြည့်ပါ။ ပုံစံတစ်မျိုးတည်း မဟုတ်တဲ့ ဒိုက်ထိုးနည်းလမ်းတွေကို စမ်းသပ်လုပ်ကြည့်ပါ။

    ပရိုတင်း၊ ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ပုံမှန်အတိုင်း ဒိုက်ထိုးရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရရင် ဒူးထောက်ပြီးဖြစ်စေ၊ ခြေထောက်ကို နံရံဖြင့် ကပ်ထားပြီးဖြစ်စေ ထိုးပေးပါ။ နောက်တစ်ခေါက် လေ့ကျင့်ခန်းမလုပ်ခင်မှာ စက္ကန့် ၃၀ ကနေ တစ်မိနစ်ခန့် နားပြီး အမောဖြေပါ။

    ဒိုက်ထိုး နေစဉ်မှာ မလိုအပ်တဲ့ ထိခိုက်မှုမျိုးတွေ ကင်းဝေးစေဖို့

    ၁။ ဘယ်လေ့ကျင့်ခန်းကိုမဆို နည်းစနစ်နဲ့ ကိုယ်ခန္ဓာ အနေအထား မှန်ကန်ဖို့ လိုအပ်ပါတယ်။

    ၂။ လေ့ကျင့်ကာစမှာ အားကစားအကြောင်း နားလည်တဲ့ အားကစားနည်းပြရဲ့ အကူအညီဖြင့် ကစားပေးပါ။

    ၃။ ကိုယ် ဆော့နိုင်တဲ့ အတိုင်းအတာထက် ပိုဆော့တာမျိုး မလုပ်ပါနဲ့။

    ၄။ လက်ကောက်ဝတ်၊ လက်အရိုးအဆစ်တွေ ထိခိုက်မိထားရင် ဒိုက်မထိုးပါနဲ့။

    အစပိုင်းမှာ ကောင်းကောင်းဒိုက်မထိုးနိုင်လို့ စိတ်ပျက်တာမျိုး၊ လုံးဝရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒိုက်ထိုးတာ ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ ရှိတဲ့ ကြွက်သားတွေ တောင့်တင်းသန်မာလာပြီး အကြိမ်ရေများများဖြင့် ပြင်းပြင်းထန်ထန် လုပ်လာနိုင်မှာပါ။ အားကစားခန်းမကို သွားဖို့ အချိန်မရှိတဲ့ အမျိုးသားတွေအတွက် အချိန်နည်းနည်းပေးပြီး ဒိုက်ထိုးပေးရုံနဲ့ ကျန်းမာပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement