backup og meta

စိုးရိမ်ပူပန်မှုများသောအမျိုးသားများသည် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေများပါတယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ပူပန်မှုများသောအမျိုးသားများသည် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေများပါတယ်

    အမျိုးသားများ၏ သေဆုံးခြင်းနှင့်ပတ်သက်သောစိုးရိမ်မှုသည် အမျိုးသမီးများနှင့်မတူပေ။ လွန်ကဲစွာစိုးရိမ်တတ်ခြင်းက ကင်ဆာရောဂါဖြစ်၍သေဆုံးနိုင်ခြေကိုနှစ်ဆတိုးစေသည်။ စိုးရိမ်ပူပန်မှုများသော အမျိုးသားများသည် အခြားအမျိုးသားများထက် ကင်ဆာရောဂါဖြစ်၍ သေဆုံးနိုင်ခြေ ၂ဆများခြင်းကိုလေ့လာမှုတစ်ခုကတွေ့ရှိထားသည်။

    သို့သော် စိတ်ကျန်းမာရေးချို့တဲ့သောအမျိုးသားများတွင်တော့ထူး၍ အန္တရာယ်မမြင်ပါဟုသုတေသနကဆိုသည်။ စိုးရိမ်မှုများသော အမျိုးသားများသည် ထိုစိုးရိမ်မှုကိုလျှော့ချရန် ဆေးလိပ်နှင့်အရက်တို့ကိုသောက်သုံးတက်ခြင်းကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားရသည်။ အမျိုးသမီးများက ရောဂါဖြစ်လျှင်ဆရာဝန်နှင့်စောစီးစွာပြတတ်သဖြင့် ရောဂါကိုဆောလျင်စွာသိရှိပြီးကုသမှုလုပ်ရလွယ်ကူစေသည်။

    လေ့လာမှုတစ်ခုက ဗြိတိန်နိုင်ငံသား ၁၅၉၃၈ ယောက်တွင် စိုးရိမ်ပူပန်သောကခံစားနေရသည်ဟုဆိုသည်။ ထိုရောဂါ၏ သဘာဝမှာ ဘဝနှင့်ပတ်သက်သောအတွေးအမြင်များတွင် လိုအပ်သည်ထက်ပိုမို၍ အထိန်းအကွပ်မဲ့ပူပန်တတ်မှုပင် ဖြစ်သည်။

    ရောဂါလက္ခဏာများမှာ ကြွက်သားများနာကျင်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အာရုံစူးစိုက်ရခက်ခြင်း နှင့် ဂနာမငြိမ်ခြင်းတို့ဖြစ်သည်။ လေ့လာမှုတွင် အမျိုးသား ၁၂၆ ယောက် (ပါဝင်သောလူဦးရေ၏ ၁.၈ %) နှင့် အမျိုးသမီး ၂၁၅ ယောက် (ပါဝင်သော လူဦးရေ၏ ၂.၄% )သည် ထိုရောဂါခံစားနေရသည်ကိုတွေ့ရှိရသည်။

    ၁၅ နှစ်ကြာစောင့်ကြည့်ကုသရာတွင် စိုးရိမ်လွန်ရောဂါခံစားရသောအမျိုးသားများသည် အခြားအမျိုးသားထက် ကင်ဆာရောဂါဖြစ်၍ သေဆုံးမှု ၂ ဆခန့်မြင့်တက်သည်ကိုတွေ့ရသည်။ အင်္ဂလန်နိုင်ငံဆေးသုတေသနနှင့် ကင်ဆာလေ့လာမှု၏ အဆိုအရအမျိုးသမီးများတွင်မူထိုကဲ့သို့ကင်ဆာဖြစ်နိုင်ခြေမြင့်မားမှုမရှိဟုဆိုသည်။

    ကင်းဘရိတ်ခ်ျတက္ကသိုလ်မှ စိတ်ကျန်းမာရေးသုတေသီ Olivia Remesက သူမ၏လေ့လာတွေ့ရှိချက်များကိုဗီယင်နာတွင် ပြုလုပ်သောဥရောပဦးနှောက်နှင့်စိတ်ပညာညီလာခံတွင် ရှင်းလင်းပြခဲ့သည်။ သူမ၏အဆိုအရ ယခင်ကစိုးရိမ်မှုနှင့်ကင်ဆာရာဂါ၏ ဆက်စပ်မှုကိုခိုင်မာသောလေ့လာမှုများမရှိခဲ့သေးကြောင်း ၊ ယခုသူမတို့ပြုလုပ်သောလေ့လာမှုသည် စိုးရိမ်မှုနှင့်ကင်ဆာရောဂါ၏ဆက်စပ်မှုကိုလေ့လာသည့် အကြီးမားဆုံးသုတေသနဖြစ်ပြီးစိုးရိမ်မှုလွန်ကဲသောအမျိုးသားများသည် အခြားပုံမှန်အမျိုးသားများထက် ကင်ဆာရောဂါဖြစ်၍သေဆုံးနိုင်ခြေ၂ဆမြင့်တက်မှုကိုတွေ့ရှိခဲ့သည်ဟုဆိုပါသည်။

    ထိုသို့ဖြစ်ရခြင်းအခြားအကြောင်းအချက်များမှာအသက်အရွယ် ၊ နာတာရှည်ရောဂါ ၊ အခြားပြင်းထန်သော စိတ်ဝေဒနာ ၊ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် မိမိဘာသာဆေးဝါးများသုံးစွဲမှုတို့ကြောင့်လည်း ဖြစ်သည်ဟုထည့်သွင်းဖော်ပြထားသည်။

    အမျိုးသမီးများတွင် စိုးရိမ်ပူပန်မှုနှင့် ကင်ဆာရောဂါ၏ဆက်စပ်မှုကိုမတွေ့ရပါ။ သူမတို့ကိုလေ့လာမှုများမှတစ်ဆင့် စိုးရိမ်ပူပန်မှုသည် အမျိုးသားများတွင်ကင်ဆာရောဂါဖြစ်၍ သေဆုံးမှုနှင့်ဆက်စပ်လျက်ရှိကြောင်းသိရသည်ဟုပြောထားသည်။

    သို့သော် သုတေသီများအနေဖြင့်အခြားသူများတွင်လည်းထိုကဲ့သို့ဖြစ်မည်ဟုကျိန်းသေမပြောနိုင်ပါ။ စိုးရိမ်တတ်သောအမျိုးသားနှင့်ကင်ဆာရောဂါဖြစ်နိုင်ခြေကိုသာဆက်စပ်ပြလိုခြင်းဖြစ်ပြီးအခြားလူနေမှုပုံစံများကိုလည်းထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်။ စာဖတ်သူတို့အနေဖြင့် စိုးရိမ်မှုသည်ကျန်းမာရေးအတွက် ထိခိုက်နိုင်ကြောင်းကိုတော့ သတိပြုဖွယ်မှတ်ယူနိုင်သည်။

    သူမကဆက်လက်ပြောပြသည်မှာ – သုတေသီများ ၊ နိုင်ငံတော်နှင့် ဆရာဝန်များသည် စိုးရိမ်မှုနှင့်ပတ်သတ်၍ အရေးတယူပြုလုပ်ခြင်းမရှိခြင်းကို ပြောင်းလဲရန်လိုအပ်ပြီဟုလည်းဆိုထားပါသည်။

    လူအများစုသည် စိုးရိမ်တတ်ကြပြီးထိုမှတစ်ဆင့်ကျန်းမာရေးပြဿနာများလည်းဖြစ်လာနိုင်သည်။ လေ့လာမှုတွင် စိုးရိမ်တတ်မှုသည်လူတစ်ဦး၏စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးထက်သာမကကင်ဆာကဲ့သို့သေစေနိုင်သောရောဂါများအထိဆက်စပ်မှုရှိနေခြင်းကိုဖော်ပြထားသည်။

    သူမ၏တွေ့ရှိချက်များကို ဆေးဝါးဗေဒဆိုင်ရာနိုင်ငံတော် အတိုင်ပင်ခံပညာရှင်ဟောင်းတစ်ဦးဖြစ်သူ Imperial ကောလိပ်မှပါမောက္ခ David Nutt ကလက်ခံသဘောတူထားသည်။ ပါမောက္ခ David Nutt ကအင်္ဂလန်နိုင်ငံတွင် ပြင်းထန်သောစိတ်ဝေဒနာရှင်များကို ကုသပေးနေရသော စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးအနေဖြင့်ထိုဆက်စပ်မှုသည် သူ့ကိုအံ့အားသင့်မှုမဖြစ်စေပါဟုလည်းဆိုသည်။

    နေ့စဉ်ဘဝတွင် ကြုံတွေ့ရသောစိတ်ဖိစီးမှုများသည် ခန္ဓာကိုယ်ကိုဖိစီးပင်ပန်းစေသည်။ ထိုမှတစ်ဆင့် ကိုယ်ခန္ဓာတွင်းဇီဝကမ္မ ဖြစ်စဉ်များပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှု ဖြစ်စေပြီးကင်ဆာဆဲလ်များပွားများမှုကိုထိန်းချုပ်သည့် ခုခံအားစနစ်ယိုယွင်းပျက်စီးလာခြင်းကိုလည်း ဖြစ်စေသည်။

    လေ့လာသူများကဆေးလိပ်နှင့် အရက်သောက်ခြင်းသည်လည်း များစွာပါဝင်ပတ်သက်နေသည်ကို ဖော်ပြထားပြီးဖြစ်ရာစိုးရိမ်ပူပန်မှုရောဂါအရင်းအမြစ်ကိုရှာဖွေကုသရာတွင် သတင်းအချက်အလက်ဖြန့်ဝေမှုနှင့် ပိုမိုအားစိုက်ရင်းနှီးမြှုပ်နံမှုများလည်းပြုလုပ်သင့်ကြောင်းထပ်ဆင့်ထောက်ခံဖော်ပြထားပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement