backup og meta

ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 14/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း

    သင့်မှာ ပန်းသေပန်းညှိုး ပြဿနာတွေကို ကုသဖို့ အခက်အခဲ ရှိနေပါသလား။ ဒီဆောင်းပါးမှာ ဒီပြဿနာတွေကို ကူညီပေးဖို့အတွက် ပန်းသေပန်းညှိုး ပြဿနာတွေကိုတိုးတက်စေတဲ့ နည်းလမ်းသုံးမျိုးကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ ….. ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း က ဘာတွေလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။

    ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း

    ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ကတော့

    ၁။ တစ်ကိုယ်လုံး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပါ။

    လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာရှိတဲ့ အမျိုးသား သန်းပေါင်းများစွာဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်ကို ပြောပြဖို့ ရှက်တတ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေကြားမှာ အလွန်အတွေ့များတာကြောင့် ဆရာဝန် အကြံဉာဏ်တောင်းပြီး ကုသမှုယူဖို့ ဘာမှ ရှက်စရာ မလိုပါဘူး။ ဒီရောဂါဟာ အသက်ကြီးလို့ ဖြစ်တာမဟုတ်ပဲ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အရာတစ်ခုခုက မှားယွင်းလို့ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ နောက်တစ်မျိုးပြောရရင် သူဟာ ကုသဖို့လိုအပ်တဲ့ အခြေခံ ရှိနေတဲ့ ရောဂါတွေကို မီးမောင်းထိုး ပြနေတာဖြစ်ပါတယ်။ ကိုယ်တိုင် ကုသမှုမပြုခင်မှာ ဆရာဝန်ကို သွားရောက်တိုင်ပင်သင့်ပြီး လိင်တံထောင်မတ်မှုကို သက်ရောက်မှုရှိတဲ့ ပြဿနာတွေ ရှိသလားဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ သင့်မှာ သွေးတွင်းသကြားဓါတ်များနေရင်၊ ကိုလက်စထရော များနေရင်၊ သွေးပေါင်တက်နေရင် ဒီရောဂါတွေဟာ လိင်တံထောင်မတ်မှုကို အခက်အခဲ ဖြစ်စေပါတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဟာလည်း လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းနှစ်ခု ဖြစ်ပါတယ်။

    ၂။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းပါ။

    လေ့ကျင့်ခန်းလုပ်ခြင်းကို မမေ့သင့်ပါဘူး။ သူဟာ သင့်ကျန်းမာရေးကို တိုးတက်စေပြီး ကိုယ်အလေးချိန်ထိန်းဖို့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ လှုပ်ရှားမှုတွေ ဖြစ်တဲ့ အားကစားရုံကို သွားခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း၊ ရေကူးခြင်း၊ တိုက်ကွမ်ဒို ကစားခြင်း၊ စက်ဘီးစီးခြင်း အစရှိတဲ့ ကိုယ်ခန္ဓါကို ကျန်းမာစေပြီး စိတ်ကြည်လင်စေတဲ့ အရာတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို အနည်းဆုံး တစ်ပတ်ကို လေးကြိမ်၊ တစ်ခါလုပ်ရင် နာရီဝက်ခန့် ပြုလုပ်သင့်ပါတယ်။ ဟားဗတ် က ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့ အမျိုးသားတွေဟာ လိင်တံထောင်မတ်မှု ဆိုင်ရာ ပန်းသေပန်းညှိုး ပြဿနာတွေကို ၄၁ ရာခိုင်နှုန်း ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ထိန်းပေးဖို့လဲ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သင့်ပါတယ်။ တကယ်တော့ အဝလွန်ခြင်းဟာ လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းကိုမြင့် စေပါတယ်။ ကိုယ်ခန္ဓါ ကျန်းမာအောင် ပြုလုပ်တဲ့ ဖြစ်စဉ်ကို မြန်မြန်ဆန်ဆန် ဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီမျှတဲ့ အစားအသောက်ကို စားသောက်သင့်ပါတယ်။ အစားအသောက်မှာ အသီးအရွက် အမြောက်အမြား၊ လုံလောက်တဲ့ ပရိုတင်းပမာဏနဲ့ ကျန်းမာတဲ့ အဆီတွေ ပါဝင်သင့်ပါတယ်။

    ၃။ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပါ။

    လိင်တံထောင်မတ်မှု ဆိုင်ရာ ပန်းသေပန်းညှိုး ပြဿနာအကြောင်းပြောရရင် စိတ်ပူပန်မှုဆိုတာဟာ အကြီးမားဆုံး တရားခံပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေကို ကူညီပေးဖို့ စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးစေတဲ့ အရာတွေကို သက်သာစေမယ့် နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ အလုပ်မှာ သင့်ကို စိတ်ဖိစီးစေတဲ့ အရာတွေကို ဘေးဖယ်ပြီး အိမ်ကို အေးအေးချမ်းချမ်း ပြန်လာသင့်ပါတယ်။ စိတ်ထဲမှာ အလုပ်တွေ အများကြီး ရှိနေခဲ့ရင်လည်း အလုပ်တွေကို လျှော့ဖို့ အချိန် တန်ပါပြီ။ တကယ်လို့ နားချိန်တောင်မရှိပဲ အလုပ်ကို ဆက်တိုက်လုပ်ရမယ့် ကျပ်တည်းတဲ့ အလုပ်ချိန်တွေ ရှိနေပြီဆိုရင်တော့ မကြာခဏ ခွင့် တစ်ရက်နှစ်ရက် ယူသင့်ပါတယ်။ အလုပ် အလွန်အကျွံလုပ်ခြင်းဟာ သင့်ရဲ့ လိင်တံထောင်မတ်မှု ဆိုင်ရာ လုပ်ငန်းဆောင်တာကို ထိခိုက်စေရုံတင်မကဘူး ဘဝရဲ့ အခြားရှုထောင့်တွေမှာလဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဆေးကုသမှုမခံယူခင် ဒီလိုရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။ ဘယ်လောက် အစွမ်းထက်လဲဆိုတာကို အံ့သြသွားပါလိမ့်မယ်။ အထက်ဖေါ်ပြပါ အချက်တွေ အကုန်လုံးက အလုပ်မလုပ်ဘူးဆိုရင်တော့ ဆရာဝန်ကို ပြသပြီး အကြံဉာဏ်တောင်းကာ ဆေးကုသမှု ယူသင့်ပါတယ်။

    ရေးသားသူ – Dr. Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 14/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement