backup og meta

လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး

    လိင်တံထောင်မတ်ခြင်းဆိုတာလိင်တံသည်သွေးဖြင့် ပြည့်တဲ့အခါ မာကြောပြီးထောင်မတ်လာခြင်းကိုဆိုလိုပါတယ်။ အခြေခံအားဖြင့် မာကျောခြင်းနဲ့ လိင်တံထောင်မတ်တဲ့ ကြာချိန်ဟာယောက်ျားတစ်ယောက်ရဲ့ ယောက်ျားပီသတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရမှုနဲ့ သူ့ရဲ့ လိင်မှုဘဝမှာကိုယ့်ကိုကိုယ်ယုံကြည်မှုတို့နဲ့ ဆက်သွယ်နေပါတယ်။

    လိင်ဆက်ဆံစဉ် လိင်တံထောင်မတ်မှုရဲ့ အရည်အသွေးကိုတိုးတက်ဖို့ အောက်ဖေါ်ပြပါ ရိုးစင်းတဲ့ နည်းလမ်းတွေကိုဖတ်ရှုနိုင်ပါတယ်။

    ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း

    လိင်တံထောင်မတ်ခြင်းဟာသင့်ရဲ့ ကျန်းမာတဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းအားဖြင့် နှလုံးအစရှိတဲ့ သင့်ရဲ့ ယေဘုယျကျန်းမာရေးကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်နှလုံးကိုပိုခုန်စေပြီးတော့ လိင်တံအပါအဝင် ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းကိုသွေးရောက်မှုမြင့်တက်စေပါတယ်။

    လိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်း

    ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေသာမကလိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလိင်တံထောင်မတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာ –

    • တင်ပဆုံလေ့ကျင့်ခန်း – တင်ပဆုံလေ့ကျင့်ခန်းတွေဟာသင့်ဆီးကျိတ်ကျန်းမာရေးနဲ့အတူတင်ပဆုံကြွက်သားတွေကိုပိုမိုသန်စွမ်းစေပါတယ်။ အားအင်ပြည့်ဝတဲ့ အရိုးကြွက်သားတွေကြောင့် သင်ဟာအကောင်းမွန်ဆုံးနဲ့ အမာကြောဆုံးလိင်တံထောင်မတ်မှုကိုရရှိစေနိုင်ပါတယ်။
    • တဘက်အသုံးပြု၍လေ့ကျင့်ခြင်း – အလယ်အလတ်အရွယ်အစားရှိတဘက်ကိုကိရိယာအဖြစ်အသုံးပြုပြီးသင့်ရဲ့ လိင်တံကိုမာကျောအောင် လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာသင့်ရဲ့ အရွတ်တွေကိုကျန်းမာသန်စွမ်းစေရန် ရည်ရွယ်ပါတယ်။
    • လိင်တံလေ့ကျင့်ခန်း – တဘက်နဲ့ လုပ်တဲ့ လေ့ကျင့်ခန်းနဲ့ ယှဉ်ရင် လိင်တံကိုညှစ်ပေးရသောဒီလေ့ကျင့်ခန်း (milking motion)ဟာအခြားကိရိယာတွေ မလိုတဲ့အတွက် ပိုမိုရိုးရှင်းပါတယ်။ သို့သော်လည်းဒီလေ့ကျင့်ခန်းဟာသင့်လိင်တံကိုသွားတဲ့ အာဟာရကြွယ်ဝတဲ့သွေးစီးဆင်းမှုကိုပိုမိုကောင်းမွန်စေပါတယ်။

    မှန်ကန်တဲ့အစားအသောက်များစားသုံးခြင်း

    သင့်လိင်တံမာကျောဖို့အတွက် အောက်ဖေါ်ပြပါ အစားအသောက်နဲ့ အရည်တွေကိုသောက်သုံးသင့်ပါတယ်။

  • ငှက်ပျောသီး – ငှက်ပျောသီးမှာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ ပိုတက်စီရမ် အများအပြားပါဝင်ပါတယ်။ ကျန်းမာတဲ့နှလုံးဟာကျန်းမာတဲ့ သွေးလည်ပတ်မှုကိုဖြစ်ပေါ်စေပြီးလိင်တံထောင်မတ်မှုကိုအထောက်အကူပြုပါတယ်။
  • စပ်သောငရုတ်ကောင်း – ငရုတ်ကောင်းမှာပါတဲ့ capsaicin ဟာအပူကိုသယ်ဆောင်နိုင်ပြီးသွေးကြောတွေအတွက် ကောင်းကျိုးရှိကာလိင်တံကိုသွားတဲ့ သွေးလည်ပတ်မှုကိုအားပေးပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံစဉ်မှာလိင်တံထောင်မတ်ဖို့ အကျိုးရှိပါလိမ့်မယ်။
  • ကွေကာအုပ်အမှုန့်-ကွေကာအုပ်အမှုန့်တင်မကပဲအခြားအမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ခန္ဓါကိုယ်မှာရှိတဲ့ သွေးတွင်းအဆီပမာဏကိုကျဆင်းစေပြီးလိင်တံကိုသွေးရောက်ခြင်းကိုတိုးမြှင့်ပေးပါတယ်။
  • ကမာကောင် – ကမာကောင်တွေမှာဇင့်ဓါတ်နဲ့ ဗီတာမင် ဘီ၆ ပါဝင်ပြီးယောက်ျားဟော်မုန်းကိုအမြင့်ဆုံးပမာဏထိထွက်စေဖို့ အားပေးပါတယ်။ ဒါကြောင့် ကမာကောင်တွေဟာစိတ်ကျေနပ်ဖွယ်ကောင်းတဲ့ လိင်မှုဘဝနဲ့ လိင်တံထောင်မတ်မှုဖြစ်စေဖို့အတွက် အသုံးဝင်ပါတယ်။
  • ဆာမွန်ငါး – အိုမီဂါ ၃ ပါဝင်တာကြောင့် ဆာမွန်ငါးတွေဟာသင်သွေးခဲစနစ်ကိုထိန်းသိမ်းချင်တယ်ဆိုရင်နဲ့ သင့်လိင်တံအားဖြည့်ချင်တယ်ဆိုရင် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။
  • ဝိုင်အနီ – ဝိုင်အနီကိုသင့်တင့်ရုံသောက်သုံးခြင်းဟာသင့်သွေးကြောတွေကိုအနားပေးပြီး၊ သွေးလည်ပတ်မှုကိုချောမွေ့စေပါတယ်။
  • ကော်ဖီ – လိင်တံထောင်မတ်မှုအကြောင်းပြောမယ်ဆိုရင်တော့ ကော်ဖီကိုမမေ့သင့်ပါဘူး။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓါတ်ဟာသင့်သွေးလှည့်ပတ်မှု စနစ်အတွက် အလွန်အကျိုးရှိပါတယ်။
  • ဆေးလိပ်နှင့် အရက်ဖြတ်ခြင်း – မာကျောတဲ့ လိင်တံကိုလိုချင်တယ်ဆိုရင် ဆေးလိပ်နဲ့ အရက်ကိုအခုပဲရပ်လိုက်ပါ။ ဒီအကျင့်တွေဟာသင့်ကိုပျော့တဲ့ လိင်ကိုသာပေးပါလိမ့်မယ်။
  • အခြားတစ်ဖက်က ကြည့်ရင်လည်းစိတ်ဖိစီးမှုနဲ့ ဖိအားတွေဟာဘယ်တော့မှ မိတ်ဆွေကောင်းတွေ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်သင်ဟာအနားယူပြီးစိတ်ဖိစီးမှုကိုတတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ ၎င်းက သင့်ရဲ့ လိင်စိတ်ကိုလျော့ကျစေပါလိမ့်မယ်။ သင်ပိုမိုအနားရလေလေသင့်ရဲ့ လိင်တံကပိုမိုထောင်မတ်ပြီးအားပြည့်လေဆိုတာမမေ့သင့်ပါဘူး။

    လိင်မှုဘဝဆိုတာပုံမှန်ဖြစ်ပြီးသဘာဝကျတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီအချက်တွေကသင့်ကိုမကူညီနိုင်ဘူးဆိုရင် သင့်ရဲ့ လိင်တံထောင်မတ်မှု အားနည်းခြင်းအတွက် သင့်ဆရာဝင်နဲ့ ပြသသင့်ပါတယ်။ သင့်ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီးသင့်အတွက် အကျိုးရှိတဲ့ ဆေးဝါးတွေကိုပေးပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement