အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ သုက်ကောင်နဲ့ အရည်တွေ ပါဝင်ပြီး မျိုးပွားခြင်းအတွက် အရေးပါပါတယ်။ ဒါကြောင့် အမျိုးသားတွေက သုက်ရည်နဲ့ ပတ်သက်လာရင် သတိကြီးကြီး ထားတတ်ကြပါတယ်။ သုက်လွှတ်တဲ့အခါ မတော်တဆ သုက်ရည်မှာ ဂျယ်လီလိုတွေ ပါလာတဲ့အခါ စိုးရိမ်ကြမှာ သဘာဝပါပဲ။ သုက်ရည်က ပုံမှန်ဟုတ်မဟုတ် ဆိုတာ သုက်ရည်ရဲ့ အရောင်၊ အရသာနဲ့ ပုံစံတွေက အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူတစ်ဦး ဖြစ်နေရင်တောင်မှပေါ့။ အရောင်အနေနဲ့ ပြောရမယ်ဆိုရင် အဖြူရောင်၊ ဝါဖန့်ဖန့်အရောင် တွေ့ရတတ်ပါတယ်။ တချို့တွေမှာလည်း မီးခိုးဖျော့ရောင် ရှိတတ်ပါတယ်။ အရသာအနေနဲ့ကတော့ ငန်တာ၊ ချိုတာ၊ ခါးတာတွေ ရှိတတ်လို့ ဆိုပါတယ်။ အနံ့အနေနဲ့ဆိုရင်လည်း တချို့တွေမှာ ကလိုရင်းအနံ့လိုမျိုး ဖြစ်နိုင်သလို တချို့တွေမှာ ချိုအီအီအနံ့ထွက်နိုင်ပါတယ်။ ပုံစံအနေနဲ့ကတော့ ရေလို အရည်ကျဲကနေ ခပ်ပျစ်ပျစ်၊ နောက်ဆုံး ဒီဆောင်းပါးမှာ ပြောချင်တဲ့ […]


လိင်တံပြဿနာများ

သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲ

အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ် နောက်ဆုံး wet dreamsလို့ခေါ်တဲ့ အိပ်နေချိန် မသိလိုက်ဘဲ သုက်လွှတ်တာကလည်း သုက်လွှတ်ခြင်းတစ်မျိုးပါပဲ။ အမျိုးသားအများစုကတော့ နည်းအမျိုးမျိုးနဲ့ ပုံမှန်သုက်လွှတ်တတ်ကြပေမဲ့ သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲဆိုတာကိုလည်း စိတ်ဝင်စားကြပါတယ်။ ဘာဖြစ်လို့ သုက်မလွှတ်ကြတာလဲ သုက်လွှတ်ခြင်းက သာမန်ကိစ္စတစ်ခုပဲ ဖြစ်တာကြောင့် သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ။ တချို့ကလည်း ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုခု ရှိမယ်လို့ ထင်တာကြောင့် ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် သုက်လွှတ်ခြင်းကို ရှောင်ကြပါတယ်။ ဒါ့ပြင် No Nut Novemberလို လမျိုးတွေဆို တစ်လလုံးလုံး လိင်လည်း မဆက်ဆံ၊ အာသာဖြေတာလည်း မလုပ်ဘဲ သုက်လွှတ်တာကို လုံးဝအနားပေးလိုက်တာလည်းရှိပါတယ်။ သုက်မလွှတ်တာကြာရင်  ဒီလိုအကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်တာကြောင့်ပါ တချို့ကလည်း သုက်မလွှတ်တာကြာရင် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကျိုးကျေးဇူးတွေ ရမယ်လို့ […]


လိင်တံပြဿနာများ

ဝှေးစေ့တစ်လုံးတည်း ရှိတဲ့ အမျိုးသားများရဲ့ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေ

အကြောင်းအမျိုးမျိုးကြောင့် ဝှေးစေ့တစ်လုံးတည်း ရှိတော့တဲ့အခါ အမျိုးသားတွေက သူတို့ရဲ့ လိင်မှုဘဝ၊ ကလေးရနိုင်ခြေ၊ လိင်စိတ်ခံယူမှုတို့နဲ့ ပတ်သက်ပြီး အပြောင်းအလဲ ဖြစ်လာမှာကို စိုးရိမ်လာကြပါတယ်။ ဝှေးစေ့တစ်လုံးတည်းရှိတော့တဲ့အခါ အမျိုးသားတွေရဲ့ ဘဝက ဘယ်လိုပြောင်းလဲလာမှာလဲ။ ဝှေးစေ့တစ်လုံးတည်း ရှိရတော့တဲ့ အကြောင်းအရင်းများ ဝှေးစေ့တစ်လုံးတည်းရှိရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ မွေးရာပါ ပြဿနာတွေ၊ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဗိုက်ထဲမှာ ဝှေးစေ့ကျန်နေခြင်း ကိုယ်ဝန်ဆောင်ချိန် အမေ့ဗိုက်ထဲမှာဆိုရင် ဝှေးစေ့က ကလေးရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေပြီး မွေးပြီးတဲ့အခါကျမှ ကပ္ပာယ်အိတ်ထဲကို ဆင်းလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေမှာ ဝှေးစေ့က မဆင်းဘဲ ဗိုက်ထဲမှာ ဒါမှမဟုတ် လမ်းကြောင်းတစ်နေရာမှာ တစ်နေတတ်ပါတယ်။ များသောအားဖြင့် နှစ်လုံးမှာ တစ်လုံးက ဗိုက်ထဲမှာ ကျန်နေတတ်ပါတယ်။ ဒီလိုမျိုး ကပ္ပာယ်အိတ်ထဲကို ဆင်းမလာတဲ့ ဝှေးစေ့က နောက်ပိုင်းမှာ ကျုံ့သွားပါတယ်။ ဒါကြောင့် ဝှေးစေ့တစ်လုံးတည်းကျန်တော့တာပါ။ ရောဂါကြောင့်  […]


လိင်တံပြဿနာများ

မုန်ညင်းဆီက လိင်တံကြီးစေ သလား

အမျိုးသားတွေက သူတို့ရဲ့ လိင်တံနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု နည်းကြပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လိင်တံကို သေးတယ်၊ ကောင်းကောင်း မထောင်မတ်ဘူးလို့ ထင်ကြပါတယ်။ ဒါကြောင့် နည်းမျိုးစုံသုံးပြီး ကြီးအောင်၊ ထောင်အောင် ကြိုးစားကြပါတယ်။ ဒီထဲမှာ မုန်ညင်းဆီလည်း ပါပါတယ်။ မုန်ညင်းဆီနဲ့ နှိပ်နယ်ပြီး လိင်တံကြီးအောင် ကြိုးစားကြပါတယ်။ တကယ်ရော မုန်ညင်းဆီက လိင်တံကြီးစေ လို့လား။ မုန်ညင်းဆီဆိုတာ မုန်ညင်းဆီဆိုတာ မုန်ညင်းစေ့ကို ကြိတ်ပြီး အဆီထုတ်ထားတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ မုန်ညင်းဆီက ပိုးသေစေတယ်။ ဆံသားနဲ့ အရေပြားကို ကျန်းမာစေတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတယ်။ ကောင်းမွန်တဲ့ မပြည့်ဝဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီလို ကောင်းကျိုးတွေရှိပေမယ့် မုန်ညင်းဆီကို ဟင်းချက်ဆီအဖြစ် သိပ်မသုံးကြပါဘူး။ သူ့မှာ နှလုံးကို ထိခိုက်စေနိုင်တဲ့ erucic acid […]


ပန်းသေပန်းညှိုးခြင်း

ဝီစကီလိင်တံ ဆိုတာ ဘာကိုပြောတာလဲ

ဝီစကီလိင်တံ ဆိုလို့ သိပ်လည်း မအံ့သြသွားပါနဲ့။ ဒါက အရက်‌သောက်ပြီး လိင်တံမထောင်မတ်နိုင်တာကို ပြောတာပါ။ အမျိုးသားတွေက လိင်မှုကိစ္စပြုလုပ်ဖို့ ရဲဆေးတင်တဲ့အနေနဲ့ တစ်ခွက်တစ်ဖလား သောက်တတ်ကြတယ်ဟုတ်။ ဒီလို ရဲဆေးတင်ပြီးကာမှ လိင်တံမထောင်မတ်တဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။ ဝီစကီလိင်တံ ဆိုတာ ဝီစကီလိင်တံ ဆိုတာ အနောက်နိုင်ငံတွေမှာ ဝီစကီသောက်ပြီး ယာယီ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဝီစကီလိင်တံလို့ ပြောပေမဲ့ ဝီစကီအပါအဝင် အရက်ပါတဲ့ ဘယ်ယမကာမဆို ဒီပြဿနာ ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဝီစကီလိင်တံဖြစ်ရင် ဘာတွေ ခံစားရမှာလဲ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်‌ယောက် အနည်းငယ်ကွာခြားပါတယ်။ တချို့က လိင်တံလုံးဝမထောင်မတ်တာ၊ တချို့က ထောင်နိုင်ပေမဲ့ ကြာကြာမခံတာ၊ တချို့က မပြီးမြောက်နိုင်တာ စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။ https://wp.hellosayarwon.com/mens-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%bd%e1%80%99/ ဝီစကီလိင်တံ ဘာကြောင့် ဖြစ်ရတာလဲ အရက်က ဦးနှောက်နဲ့ အာရုံကြောကို ဖိနှိပ်နိုင်တဲ့ […]


လိင်တံပြဿနာများ

ဂေါ်လီထည့်ခြင်း ရဲ့ နောက်ဆက်တွဲပြဿနာများ

အမျိုးသားတွေကြားမှာ‌ ဂေါ်လီထည့်ခြင်း ခေတ်စားလာတာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ခေတ် ၁၄-၁၅ ရာစုတွေတည်းက တရုတ်ပြည်ဘက်မှာ ထည့်ခဲ့ကြတာပါ။ နောက်ပိုင်း အရှေ့တောင်အာရှဘက်ကို ရောက်လာပြီး ခေါ်တာတောင်မှ ‘Burmese bells’ပါတဲ့။ နောက်ပိုင်းမှာတော့ ဂျပန်က ယာကူဇာတွေ၊ ထောင်သားတွေပါ အသုံးပြုလာကြပြီး ခုဆိုရင်တော့ သာမန်အမျိုးသားတွေကြားမှာပါ ရေပန်းစားလာပါပြီ။ ဒီဘက်ခေတ်မှာ ဂေါ်လီထည့်ခြင်း ရဲ့ အဓိက ရည်ရွယ်ချက်က လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးကို ခံစားမှု ပိုကောင်းစေချင်တာ၊ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတယ်လို့ ထင်စေချင်တာ၊ လိင်တံလုံးပတ် ကြီးချင်တာကြောင့်ပါ။ ဒါပေမဲ့ ‌ဂေါ်လီထည့်တာက အန္တရာယ်ကင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ဆက်တွဲပြဿနာတွေလည်း များပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ ဂေါ်လီထည့်တာရဲ့  ဆိုးကျိုးတွေကို သိအောင်လို့ ပညာပေးလာကြပါပြီ။ မြန်မာနိုင်ငံမှာ ဂေါ်လီတရားဝင် ထည့်ပေးလို့ ရလား များသောအားဖြင့်တော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက မထည့်ပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း

အမျိုးသားတွေဆိုပေမဲ့လည်း ထိပ်ပြောင်တဲ့အခါကျတော့ “ငါ အိုလာပြီလား။ အရင်လို မလန်းတော့ဘူးလား” ဆိုပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒီခေတ်မှာ ထိပ်ပြောင်တာက ကုမရတာတော့ မဟုတ်ပါဘူး။ ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း ရှိနေပြီလေ။ ထိပ်ပြောင်တာက သဘာဝပါ။ အမျိုးသားတွေအနေနဲ့ အသက်ရလာရင် ဆံပင်တွေက တဖြည်းဖြည်းပါးလာပြီး ပြောင်လာတာက သဘာဝပါ။ အသက်ရလာတာကြောင့်လည်း ဖြစ်နိုင်သလို ဟော်မုန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အရွယ်ရလာရင် ထိပ်ပြောင်တတ်ပါတယ်။ အမျိုးသားတွေ ထိပ်ပြောင်တဲ့ ပုံစံက နားထင်နားကနေ အနောက်ဘက်ကို ဆံပင်တွေ ပါးပါးပြီး ပြောင်လာတာ ဖြစ်နိုင်သလို ထိပ်ကနေ ကွက်ပြီး ပြောင်လာတာလည်း ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/skin-health/testosterone-and-male-balding/ အသက် ၃၀လောက်ဆိုရင် အမျိုးသားတွေမှာ ဆံပင်စပြီး ပါးလာပါပြီ။ တချို့ဆို ၂၀ကျော်လောက်တည်းက ပါးလာတာတွေတောင် ရှိပါတယ်။ ဒီအရွယ်က အရွယ်ကောင်းတွေ ဖြစ်တာကြောင့် […]


လိင်တံပြဿနာများ

လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။

မျိုးပွားအင်္ဂါသန့်ရှင်းရေးက အမျိုးသမီးတွေမှာပဲ အရေးကြီးတာ မဟုတ်ပါဘူး။ အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေက မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ကြသလို အမျိုးသားတွေကလည်း လိင်တံနဲ့ ကပ္ပာယ်အိတ်ကို သန့်စင်ဖို့ လိုပါတယ်။ လိင်တံ သန့်ရှင်းရေး ကို အကျယ်တဝင့် မရေးကြတော့ ဘယ်လိုမျိုး သေချာ သန့်စင်ရမလဲဆိုတာ မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ထင်ရာလုပ်ရင်း မရည်ရွယ်ဘဲ လိင်တံအရေပြားကို ထိခိုက်မိနိုင်ပါတယ်။ ဒါဆို လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။ အမျိုးသားတွေရဲ့ လိင်တံတို့ ကပ္ပာယ်အိတ်တို့ဆိုတာက သာမန်အရေပြားပါပဲ။ ဒါကြောင့် အမျိုးသမီးတွေလို သန့်စင်ဆေးရည်တွေ ဘာတွေ သုံးစရာမလိုပါဘူး။ ပုံမှန်အရေပြားကို သန့်ရှင်းရေး လုပ်သလိုလုပ်လို့ ရပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ထားသည်ဖြစ်စေ ခုပြောမဲ့ နည်းအတိုင်း သန့်ရှင်း‌ရေး လုပ်လို့ ရပါတယ်။ လိင်တံကို တစ်ရက်တစ်ကြိမ်တော့ ဆေးပေးဖို့ လိုပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ

အမျိုးသားတိုင်း မဟုတ်ရင်တောင် အမျိုးသား အများစုမှာ ဖေဖေ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိစမြဲပါ။ ဒီလို စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်က ပုံမှန် ကိုယ်လက်နှီးနှောမှု (တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်) ရှိဖို့ လိုအပ်သလို အိမ်ထောင်ဖက် အမျိုးသမီးရဲ့ သားဥကြွေမယ့်ရက် နီးချိန်မှာ သတိထားပြီး ကိုယ်လက်နှီးနှောဖို့လည်း လိုပါမယ်။  ဒါမှလည်း ဖေဖေ ဖြစ်နိုင်မယ့် အခွင့်အရေး ပိုရှိမှာပေါ့။ ဒီတစ်ခေါက်တော့ ဒီအချက်တွေအပြင် ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ ..... ဘယ်လိုလဲ ဆိုတော့ အရက်လျှော့ပါ ဒါမှမဟုတ် အရက်ဖြတ်ပါ အရက်က မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အရက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ!

ချစ်တင်းနှောမှုက အရွယ်ရောက်ပြီးသား ချစ်မြတ်နိုးသူ ၂ ဦးကြားမှာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ အပြုအမူတစ်ခုလို့ လက်ခံနိုင်ဖွယ်ရာ ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ ဒီလိုပြောရတာက တစ်ခါတလေမှာ ချစ်တင်းနှောမှုက ထင်မှတ်မထားတဲ့ စိတ်ညစ်ညူးစရာတွေကို ပေးစွမ်းနိုင်လို့ပါပဲ။ အတူနေနေချိန်တွေမှာ ခံစားရတာမျိုး ရှိသလို အတူနေပြီးချိန်မှာ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားကျန်းမာရေးရာ တစ်ခုအနေနဲ့ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါတဲ့နော်။ ကြွက်သားတွေ တောင့်တင်းနေတာ အတူနေချိန်မှာ အနေအထား တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဝန်ပိပြီး ချစ်တင်းနှောပြီးချိန်မှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)