backup og meta

လမ်းကြောင်းမှားသုတ်လွှတ်ခြင်း


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းကြောင်းမှားသုတ်လွှတ်ခြင်း

    လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဟာ ကာမဆက်ဆံစဉ်မှာ သုတ်လွှတ်စဉ်သုတ်ရည်များလမ်းကြောင်းမှားကာ ဆီးအိတ်ထဲဝင်သွားခြင်းဖြစ်တယ်။ ကာမသာယာမှုမှာအနှောင့်အယှက်မဖြစ်သော်လည်း သုတ်ရည်မထုတ်နိုင်ဘဲဖြစ်ရပါတယ်။

    အကြောင်းအရင်း

    လမ်းကြောင်းမှားသုတ်လွှတ်ရခြင်းအမျိုးမျိုးရှိတယ်။

    ပထမဆုံးကတော့ ဆီးအိတ်နဲ့ပတ်သတ်တဲ့ခွဲစိတ်ခြင်း ဥပမာ ဆီးကျိတ်ခွဲစိတ်ခြင်း၊ တင်ပါးဆုံးရိုးနဲ့ပတ်သတ်ပြီးခွဲစိတ်ခြင်း တို့ရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တယ်။ ဆီးလမ်းကြောင်းကိုဖြတ်ပြီး ဆီးကျိတ်ခွဲစိတ်ခြင်းဟာ သုတ်ရည်လမ်းကြောင်းမှားစေဖို့ ၁၀ မှ ၁၅ ရာနှုန်းထိရှိပါတယ်။ အူမကြီးကင်ဆာ၊ ဝမ်းအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အမျိုးသားအင်္ဂါကင်ဆာတို့မှာ ပြုလုပ်ရတတ်တဲ့ တင်ပါးဆုံရိုးတဝိုက်ခွဲစိတ်မှုတွေကြောင့်လည်း လမ်းကြောင်းမှားသုတ်ရည်လွှတ်ခြင်းဖြစ်ရတတ်တယ်။

    တချို့သောရောဂါတွေကြောင့်အာရုံကြောထိခိုက်မှုတွေလည်းဖြစ်နိုင်တယ်၊ ဥပမာ မကုသသောနာတာရှည်ဆီးချိုးသွေးချိုသမား များမှာဖြစ်တတ်ပါတယ်။

    နောက်ဆုံးအချက်ကတော့ ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ စသည်ဖြင့် ဆီးကျိတ်ကြီးခြင်းအတွက်ဆေးများ၊ စသည့် စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ၊ စိတ်ရောဂါအတွက် ဆေးများဟာလည်း လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဖြစ်စေတယ်။

    ကုသမှု

    အကြောင်းအရင်းပေါ်မူတည်ပြီးကုသမှုကွဲပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပါက ဆရာဝန်ကထိုဆေးကိုပြောင်းလိမ့်မယ်။

    ခွဲစိတ်မှုနောက်ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်ပါက ကဲ့သို့ဆီးအိတ်အဝင်လမ်းမှကြွက်သားများသန်မာစေမယ့်ဆေးမျိုး မှီဝဲရနိုင်တယ်။ ဒါ့အပြင် ထိုသို့ လမ်းကြောင်းမှားသုတ်ရည်လွှတ်ရောဂါရှိသော အမျိုးသားများ ကလေးလိုချင်ပါက မျိုးပွားခြင်းဆိုင်ရာကျွမ်းကျင်သူက သုတ်ပိုးများစုပြီး သန္ဓြေတည်ခြင်းဖန်တီးပေးလိမ့်မယ်။ သားအိမ်တွင်းသုတ်ပိုးတိုက်ရိုက်ထည့်ခြင်းနည်း နဲ့ ဖန်ပြွန်သန္ဓြေသားနည်းတို့ဟာ အသုံးအများဆုံးနည်းဖြစ်တယ်။

    လမ်းကြောင်းမှားသုတ်လွှတ်ခြင်းကိုဘယ်လိုကာကွယ်နိုင်မလဲ

    ဆီးကျိတ်ကြီးခြင်းခွဲစိတ်မှုတွေမှာ တတ်နိုင်သမျှသေးငယ်သောခွဲစိတ်နည်းသုံးခြင်းဟာ လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဖြစ်နိုင်ချေကိုနည်းစေနိုင်တယ်။ နောက်ဆုံးနည်းလမ်းတွေကတော့ transurethral needle ablation (ရေဒီယိုလှိုင်းသုံးသောအပ်ဖြင့်ဆီးလမ်းကြောင်းကိုဖြတ်ကာ ဆီးကျိတ်ပျော်ချေခြင်း) နှင့် transurethral microwave thermotherapy (ဆီးလမ်းကြောင်းဖြတ်ပြီးအပူလှိုင်းသုံးဆီးကျိတ်ချေခြင်း) တို့ဖြစ်တယ်။ ဒါပေမယ့်ထိုနည်းတွေဟာ လူနာတိုင်းနဲ့အဆင်မပြေတတ်တာကြောင့် ဆရာဝန်ကစစ်ဆေးမှုတွေအရင်လုပ်ကြည့်ပါလိမ့်မယ်။

    ဖော်ပြပါလက္ခဏာများခံစားရပြီး သုတ်ရည်လွှတ်ခြင်းလမ်းကြောင်းမှားနေတယ်ဆိုရင်တော့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူဖို့အတွက် ဆရာဝန်နဲ့ပြကြည့်ပါ။ ကုသမှုတွေဟာအကြောင်းအရင်းပေါ်မူတည်ပြီးကွဲပြားပါလိမ့်မယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement